ကြေက်မက်ဖွယ်ဇာတ်ကားတစ်ကားအတိုင်းပဲလို့ အီတလီက အခြေအနေကိုပြောလာတဲ့ အတ္တလန္တာအသင်းခေါင်းဆောင်

photo-gettyimages

photo-credit

အခုသီတင်းပတ်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ တစ်နိုင်ငံလုံးပိတ်ဆို့ထားပြီး အဲဒီကအခြေအနေဟာ ကြောက်မက်ဖွယ်ဇာတ်ကားတစ်ကားထဲ ရောက်နေတဲ့အတိုင်းပဲလို့ အတ္တလန္တာအသင်းခေါင်းဆောင်ပါပူဂိုမက်ဇ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိမှာလည်း ဥရောပဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ဗဟိုချက်ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က ကြေညာလိုက်ပါတယ်။ အဲဒီထဲမှာ အီတလီက ကူးစက်မှုရော သေဆုံးမှုမှာပါ အဆိုးဆုံးဥရောပနိုင်ငံဖြစ်နေပါတယ်။

photo-credit

နောက်ဆုံး ၂၄ နာရီအတွင်းမှာတင် အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၅၀ ရှိခဲ့ပြီး ဒါဟာ တစ်နေ့တာအတွင်း စံချိန်တင်ဖြစ်သွားခဲ့ကာ စုစုပေါင်းဆိုရင် အီတလီမှာ ကိုရိုနာကြောင့်် သေဆုံးသူ ၁၂၆၆ ယောက်ရှိသွားခဲ့ပြီ။ အီတလီမှာ ကိုရိုနာကူးစက်ခံရသူအရေအတွက်ကလည်း ၁၇၆၆၀ ရှိပါတယ်။ အစောပိုင်းတုန်းကတော့ အဓိကဖြစ်ပွားတဲ့ နိုင်ငံမြောက်ပိုင်းကိုသာ ပိတ်ဆို့မှုလုပ်ခဲ့ပေမယ့် အခုတော့ အစိုးရအမိန့်နဲ့ တစ်နိုင်ငံလုံးကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အပြင်ဘက်မှာ စူပါမားကတ်တွေသာ ဖွင့်ပါတော့တယ်။

photo-gettyimages

”လမ်းတွေထဲမှာ တစ်ယောက်မှ မရှိကြဘူး။ ပရိသတ်တွေအနေနဲ့ ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို လိုက်ကိုလိုက်နာရမှာပါ။ အခုချိန်ထိ ဖွင့်ထားတဲ့တစ်ခုတည်းသောအရာတွေဆိုလို့ စူပါးမားကတ်တွေပဲ ရှိတော့တယ်။ ဒါပေမဲ့ အင်တာနက်ကနေ မှာလို့ရပြီး သူတို့ကလည်း ကိုယ့်အိမ်ကို အရာအားလုံးပို့ပေးပါတယ်။ လမ်းတွေထဲမှာ လူတစ်ယောက်မှ မရှိဘူးဗျာ။ ထိတ်လန့်ကြောက်မက်ဖွယ်ဇာတ်ကားတစ်ကားထဲ ရောက်နေတဲ့အတိုင်းပဲ။ ကျွန်တော် ချဲ့ကားပြောတာ မဟုတ်ပါဘူး။ အခုချိန်မှာ အရမ်းကိုရှုပ်ထွေးတဲ့အခြေအနေတစ်ခုနဲ့ သူတို့ရင်ဆိုင်နေရတာပါ။ ဘာဂါမို(အတ္တလန္တာအသင်းအခြေစိုက်ရာ)မှာဆိုရင် ကူးစက်ခံရမှု ၄၀၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ပရိသတ်တွေ ဘယ်လောက်ချစ်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့လိုပြီး ကျွန်တော်တို့ရဲ့အိမ်တွေထဲမှာပဲ အပြင်မထွက်ဘဲ နေရမှာပါ”လို့ အတ္တလန္တာအသင်းခေါင်းဆောင်ဂိုမက်ဇ်က ဒေသတွင်းရေဒီယိုတစ်ခုကို ပြောခဲ့တာပါ။

[Zawgyi]

ေၾကက္မက္ဖြယ္ဇာတ္ကားတစ္ကားအတုိင္းပဲလုိ႔ အီတလီက အေျခအေနကိုေျပာလာတဲ့ အတၱလႏၱာအသင္းေခါင္းေဆာင္

အခုသီတင္းပတ္ကစၿပီး ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ တစ္ႏိုင္ငံလုံးပိတ္ဆုိ႔ထားၿပီး အဲဒီကအေျခအေနဟာ ေၾကာက္မက္ဖြယ္ဇာတ္ကားတစ္ကားထဲ ေရာက္ေနတဲ့အတိုင္းပဲလုိ႔ အတၱလႏၱာအသင္းေခါင္းေဆာင္ပါပူဂိုမက္ဇ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ လက္ရွိမွာလည္း ဥေရာပဟာ ကိုရိုနာဗုိငး္ရပ္စ္ရဲ႕ဗဟုိခ်က္ျဖစ္လာၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း(WHO)က ေၾကညာလိုက္ပါတယ္။ အဲဒီထဲမွာ အီတလီက ကူးစက္မႈေရာ ေသဆုံးမႈမွာပါ အဆိုးဆုံးဥေရာပႏိုင္ငံျဖစ္ေနပါတယ္။

ေနာက္ဆုံး ၂၄ နာရီအတြင္းမွာတင္ အီတလီမွာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ၂၅၀ ရွိခဲ့ၿပီး ဒါဟာ တစ္ေန႔တာအတြင္း စံခ်ိန္တင္ျဖစ္သြားခဲ့ကာ စုစုေပါင္းဆုိရင္ အီတလီမွာ ကိုရိုနာေၾကာင့္္ ေသဆုံးသူ ၁၂၆၆ ေယာက္ရွိသြားခဲ့ၿပီ။ အီတလီမွာ ကိုရိုနာကူးစက္ခံရသူအေရအတြက္ကလည္း ၁၇၆၆၀ ရွိပါတယ္။ အေစာပိုင္းတုန္းကေတာ့ အဓိကျဖစ္ပြားတဲ့ ႏိုင္ငံေျမာက္ပိုင္းကိုသာ ပိတ္ဆို႔မႈလုပ္ခဲ့ေပမယ့္ အခုေတာ့ အစိုးရအမိန္႔နဲ႔ တစ္ႏိုင္ငံလုံးကို ပိတ္ဆုိ႔လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အျပင္ဘက္မွာ စူပါမားကတ္ေတြသာ ဖြင့္ပါေတာ့တယ္။

”လမ္းေတြထဲမွာ တစ္ေယာက္မွ မရွိၾကဘူး။ ပရိသတ္ေတြအေနနဲ႔ ထုတ္ျပန္ထားတဲ့စည္းကမ္းေတြကို လိုက္ကိုလိုက္နာရမွာပါ။ အခုခ်ိန္ထိ ဖြင့္ထားတဲ့တစ္ခုတည္းေသာအရာေတြဆိုလို႔ စူပါးမားကတ္ေတြပဲ ရွိေတာ့တယ္။ ဒါေပမဲ့ အင္တာနက္ကေန မွာလို႔ရၿပီး သူတုိ႔ကလည္း ကိုယ့္အိမ္ကို အရာအားလုံးပို႔ေပးပါတယ္။ လမ္းေတြထဲမွာ လူတစ္ေယာက္မွ မရွိဘူးဗ်ာ။ ထိတ္လန္႔ေၾကာက္မက္ဖြယ္ဇာတ္ကားတစ္ကားထဲ ေရာက္ေနတဲ့အတိုင္းပဲ။ ကၽြန္ေတာ္ ခ်ဲ႕ကားေျပာတာ မဟုတ္ပါဘူး။ အခုခ်ိန္မွာ အရမ္းကိုရႈပ္ေထြးတဲ့အေျခအေနတစ္ခုနဲ႔ သူတုိ႔ရင္ဆိုင္ေနရတာပါ။ ဘာဂါမို(အတၱလႏၱာအသငး္အေျခစုိက္ရာ)မွာဆိုရင္ ကူးစက္ခံရမႈ ၄၀၀ ေလာက္ရွိပါတယ္။ ကၽြန္ေတာ္တို႔ပရိသတ္ေတြ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ သိပါတယ္။ ဒါေပမဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ေလးစားလိုက္နာဖို႔လုိၿပီး ကၽြန္ေတာ္တုိ႔ရဲ႕အိမ္ေတြထဲမွာပဲ အျပင္မထြက္ဘဲ ေနရမွာပါ”လို႔ အတၱလႏၱာအသငး္ေခါင္းေဆာင္ဂိုမက္ဇ္က ေဒသတြင္းေရဒီယိုတစ္ခုကို ေျပာခဲ့တာပါ။