ကြီး(၆)ကြီးကို ပြိုင်ပွဲကထုတ်ပစ်ဖို့ ပရီးမီးယားလိဂ်(၁၄)သင်းတောင်းဆိုသွားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကန့်ကွက်မှုတွေထွက်ပေါ်နေတဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးအပါအဝင် ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းစလုံး သဘောတူညီခဲ့ကြတဲ့အတွက် ကျန်တဲ့ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ဒေါသပေါက်ကွဲနေကြပြီး အဲဒီ(၆)သင်းကို ပြိုင်ပွဲကနေထုတ်ပစ်ဖို့အတွက် တညီတညွတ်တည်း တောင်းဆိုသွားဖို့တယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

ဒီနေ့(အင်္ဂါ)မှာ ပရီးမီးယားလိဂ်ကြီး(၆)ကြီးမပါဘဲ ကျန်တဲ့အသင်း(၁၄)သင်းက တာဝန်ရှိသူတွေဟာ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်(၆)သင်းကို လိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်ဖို့ အားပေးထောက်ခံခဲ့ပုံရကြောင်း The Sun က သုံးသပ်ခဲ့ပါတယ်။ ဥရောပထိပ်သီးအသင်းများစု ပါဝင်ယှဉ်ပြိုင်ကြမယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲအပေါ် ဝေဖန်မှုတွေမြင့်တက်နေပြီး အဲဒီပြိုင်ပွဲမှာ ပါဝင်ဖို့သဘောတူညီထားတဲ့ ပရီးမီးယားလိဂ်ကလပ်(၆)သင်းရဲ့ ပရိသတ်တွေကိုယ်တိုင်ကလည်း ကန့်ကွက်မှုတွေပြုလုပ်နေကြပါတယ်။

အခု ပရီးမီးယားလိဂ်ကလပ်(၁၄)သင်းက ပြိုင်ပွဲတာဝန်ရှိသူတွေအနေနဲ့ ထိပ်သီး(၆)သင်းကို အရေးယူဖို့ တောင်းဆိုနေပြီး ပြိုင်ပွဲကနေထုတ်ပစ်ဖို့အထိ ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားဖို့ ဆန္ဒရှိနေကြတာလည်းဖြစ်ပါတယ်။ ကလပ်အသင်းတာဝန်ရှိသူတစ်ဦးက “ထိပ်သီး(၆)သင်းကို ဘယ်လိုအရေးယူရမလဲဆိုတာနဲ့ပတ်သက်ပြီး ရွေးချယ်စရာအများကြီးရှိပါတယ်။ သူတို့တွေဟာ တခြားကလပ်တွေကို အထင်သေးထားပုံပါပဲ”လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာပြဋ္ဌာန်းထားတဲ့စည်းမျဉ်းတွေအရ ကလပ်အသင်း(၂၀)ရဲ့ (၄)ပုံ၊(၃)ပုံထောက်ခံမဲရရင် ကြီး(၆)ကြီးထဲက ဘယ်အသင်းကိုမဆိုထုတ်ပယ်နိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ်ကလပ်(၁၄)သင်းစလုံးက တညီတညွတ်တည်းထောက်ခံမဲပေးခဲ့ရင်တောင် သတ်မှတ်ထားတဲ့ (၄)ပုံ(၃)ပုံထောက်ခံမှုရဖို့ တစ်မဲလိုနေပါသေးတယ်။ ခြွင်းချက်တစ်ခုကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ထိပ်တန်းတာဝန်ရှိသူတွေအနေနဲ့ ကလပ်အသင်းတစ်သင်းကို အရေးယူတာပဲဖြစ်ဖြစ်၊ စည်းမျဉ်းတွေချမှတ်တာပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုကို ဆုံးဖြတ်တဲ့နေရာမှာ နောက်ဆုံးအဆင့်အဖြစ် ကိုယ့်လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝအသုံးပြုခွင့်ရှိပြီး အဲဒီလိုအနေအထားအထိရောက်ရှိသွားမယ့်ကိစ္စမျိုး ပရီးမီးယားလိဂ်မှာတစ်ခါမှမဖြစ်ဖူးသေးပါဘူး။

အခုလောလောဆယ်ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီရာသီဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေကြတဲ့ကလပ်အသင်းတွေထဲက ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ဖို့သဘောတူညီထားတဲ့အသင်းတွေကို UEFA က ပြိုင်ပွဲကထုတ်ပယ်ဖို့ရှိနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်အသင်းတို့ဟာ သက်ဆိုင်ရာပြိုင်ပွဲတွေကနေ အထုတ်ခံရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႀကီး(၆)ႀကီးကို ၿပိဳင္ပြဲကထုတ္ပစ္ဖို႔ ပရီးမီးယားလိဂ္(၁၄)သင္းေတာင္းဆိုသြားဖို႔ရွိေန

ကန႔္ကြက္မႈေတြထြက္ေပၚေနတဲ့ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားဖို႔ မန္စီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ယ္လ္ဆီးအပါအဝင္ ပရီးမီးယားလိဂ္ထိပ္သီး(၆)သင္းစလုံး သေဘာတူညီခဲ့ၾကတဲ့အတြက္ က်န္တဲ့ပရီးမီးယားလိဂ္ကလပ္အသင္းေတြက ေဒါသေပါက္ကြဲေနၾကၿပီး အဲဒီ(၆)သင္းကို ၿပိဳင္ပြဲကေနထုတ္ပစ္ဖို႔အတြက္ တညီတၫြတ္တည္း ေတာင္းဆိုသြားဖို႔တယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။ ဒီေန႔(အဂၤါ)မွာ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးမပါဘဲ က်န္တဲ့အသင္း(၁၄)သင္းက တာဝန္ရွိသူေတြဟာ အစည္းအေဝးတစ္ရပ္က်င္းပခဲ့ၿပီး ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ သေဘာတူညီခဲ့တဲ့ ပရီးမီးယားလိဂ္ကလပ္(၆)သင္းကို လိဂ္ၿပိဳင္ပြဲကေန ထုတ္ပယ္ပစ္ဖို႔ အားေပးေထာက္ခံခဲ့ပုံရေၾကာင္း The Sun က သုံးသပ္ခဲ့ပါတယ္။ ဥေရာပထိပ္သီးအသင္းမ်ားစု ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲအေပၚ ေဝဖန္မႈေတြျမင့္တက္ေနၿပီး အဲဒီၿပိဳင္ပြဲမွာ ပါဝင္ဖို႔သေဘာတူညီထားတဲ့ ပရီးမီးယားလိဂ္ကလပ္(၆)သင္းရဲ႕ ပရိသတ္ေတြကိုယ္တိုင္ကလည္း ကန႔္ကြက္မႈေတြျပဳလုပ္ေနၾကပါတယ္။

အခု ပရီးမီးယားလိဂ္ကလပ္(၁၄)သင္းက ၿပိဳင္ပြဲတာဝန္ရွိသူေတြအေနနဲ႔ ထိပ္သီး(၆)သင္းကို အေရးယူဖို႔ ေတာင္းဆိုေနၿပီး ၿပိဳင္ပြဲကေနထုတ္ပစ္ဖို႔အထိ ျပင္းျပင္းထန္ထန္ေဆာင္႐ြက္သြားဖို႔ ဆႏၵရွိေနၾကတာလည္းျဖစ္ပါတယ္။ ကလပ္အသင္းတာဝန္ရွိသူတစ္ဦးက “ထိပ္သီး(၆)သင္းကို ဘယ္လိုအေရးယူရမလဲဆိုတာနဲ႔ပတ္သက္ၿပီး ေ႐ြးခ်ယ္စရာအမ်ားႀကီးရွိပါတယ္။ သူတို႔ေတြဟာ တျခားကလပ္ေတြကို အထင္ေသးထားပုံပါပဲ”လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာျပ႒ာန္းထားတဲ့စည္းမ်ဥ္းေတြအရ ကလပ္အသင္း(၂၀)ရဲ႕ (၄)ပုံ၊(၃)ပုံေထာက္ခံမဲရရင္ ႀကီး(၆)ႀကီးထဲက ဘယ္အသင္းကိုမဆိုထုတ္ပယ္ႏိုင္ခြင့္ရွိပါတယ္။ ဒါေပမဲ့လည္း ပရီးမီးယားလိဂ္ကလပ္(၁၄)သင္းစလုံးက တညီတၫြတ္တည္းေထာက္ခံမဲေပးခဲ့ရင္ေတာင္ သတ္မွတ္ထားတဲ့ (၄)ပုံ(၃)ပုံေထာက္ခံမႈရဖို႔ တစ္မဲလိုေနပါေသးတယ္။ ႁခြင္းခ်က္တစ္ခုကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ထိပ္တန္းတာဝန္ရွိသူေတြအေနနဲ႔ ကလပ္အသင္းတစ္သင္းကို အေရးယူတာပဲျဖစ္ျဖစ္၊ စည္းမ်ဥ္းေတြခ်မွတ္တာပဲျဖစ္ျဖစ္၊ ကိစၥတစ္ခုကို ဆုံးျဖတ္တဲ့ေနရာမွာ ေနာက္ဆုံးအဆင့္အျဖစ္ ကိုယ့္လုပ္ပိုင္ခြင့္အာဏာကို အျပည့္အဝအသုံးျပဳခြင့္ရွိၿပီး အဲဒီလိုအေနအထားအထိေရာက္ရွိသြားမယ့္ကိစၥမ်ိဳး ပရီးမီးယားလိဂ္မွာတစ္ခါမွမျဖစ္ဖူးေသးပါဘူး။

အခုေလာေလာဆယ္ထြက္ေပၚေနတဲ့ သတင္းေတြအရ ဒီရာသီဥေရာပၿပိဳင္ပြဲေတြမွာ ယွဥ္ၿပိဳင္ေနၾကတဲ့ကလပ္အသင္းေတြထဲက ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ဖို႔သေဘာတူညီထားတဲ့အသင္းေတြကို UEFA က ၿပိဳင္ပြဲကထုတ္ပယ္ဖို႔ရွိေနၿပီျဖစ္ပါတယ္။ အဲဒါေၾကာင့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တဲ့ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ယွဥ္ၿပိဳင္ကစားဖို႔ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္၊ အာဆင္နယ္အသင္းတို႔ဟာ သက္ဆိုင္ရာၿပိဳင္ပြဲေတြကေန အထုတ္ခံရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။