ကြီးမားလွန်းတဲ့မွေ့ယာကြောင့် လှောင်ပြောင်ခံနေရတဲ့ လူကာကူ

Photo-Internet
Photo-Internet

အင်တာမီလန်အသင်းက ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူ း လူကာကူဟာ သူအိပ်ဖို့အတွက်အရမ်းကိုကြီးမားတဲ့ မွေ့ယာအသစ်ကြီးတစ်ခု ကိုဝယ်ယူလိုက်တာကြောင့် အင်တာကစားဖော်တွေရဲ့လှောင်ပြောင်မှုကိုခံနေရတယ်လို့ သိရပါတယ်။

သူဟာအရပ် ၆ ပေကျော်မြင့်မားပြီး လူကောင်လည်းကြီးမားတာကြောင့် မွေ့ယာကြီးမှအဆင်ပြေမှာဖြစ်ပေမယ့် လက်ရှိသူဝယ်ခဲ့တဲ့ အိပ်ယာဟာ အဆမတန်ကြီးနေတာပါ။ သူကတော့ ဒီမွေ့ယာကိုသူ့အတွက် Rolls Royce of beds လို့ တင်စားထားပါတယ်။ သူဟာအဲဒီမွေ့ယာပေါ်မှာ အိပ်နေတာကို လူမှုကွန်ယက်ပေါ်တင်ခဲ့လို့ အင်တာကစားဖော်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

Photo-Internet

လူကာကူဟာ မကြာသေးခင်က သူ့မိခင်နဲ့ သူ့သားနေထိုင်ဖို့အတွက်ပါရည်ရွယ်ပြီး တိုက်ခန်း ၂ ခုဝယ်ယူခဲ့ပါတယ်။ သူကတစ်ခန်းနေပြီး ဘေးခန်းမှာ မိခင်နဲ့သားဖြစ်သူတို့ကိုနေထိုင်စေပါတယ်။ အင်စတာဂရမ်ပေါ်မှာ တိုက်ခန်းအသစ်၊ မွေ့ယာအသစ် လို့ရေးပြီးပုံတင်ကာဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo-Internet

ဒါကြောင့်လည်း အင်တာနောက်ခံလူ ရာနော့ခီယာက “လူ ၁၅ ယောက်လောက်အိပ်ဖို့လား”လို့ နောက်ပြောင်ခဲ့ပြီး အဲဗာတန်ကစားဖော်ဟောင်းဖြစ်တဲ့ ဂိုးသမားရိုဘယ်လ်စ်ကဆိုရင်လည်း “ဘယ်နှစ်ယောက်အိပ်မှာလည်း ၇ ယောက်လား” အစရှိသဖြင့်ပြောခဲ့ကြသလို အခြားသူတွေကလည်းနည်းအမျိုးမျိုးနဲ့ နောက်ပြောင်ခဲ့ကြပါတယ်။

Photo-Internet

အသက် ၂၆ နှစ်ရှိတဲ့ လူကာကူဟာ ဒီမွေ့ယာကို နာမည်ကျော်မွေ့ယာထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Maree ကနေဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူဟာဒီရာသီ အင်တာမီလန်အတွက်ခြေစွမ်းပြနေပြီး စီးရီးအေ ၁၉ ပွဲမှာ ၁၄ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးထားပါတယ်။

Photo-Internet

Zawgyi

ႀကီးမားလြန္းတဲ႔ေမြ႔ယာေၾကာင့္ ေလွာင္ေျပာင္ခံေနရတဲ႔ လူကာကူ

အင္တာမီလန္အသင္းက ဘယ္လ္ဂ်ီယံလက္ေရြးစင္ တိုက္စစ္မွဴ း လူကာကူဟာ သူအိပ္ဖို႔အတြက္အရမ္းကိုႀကီးမားတဲ႔ ေမြ႔ယာအသစ္ႀကီးတစ္ခု ကို၀ယ္ယူလိုက္တာေၾကာင့္ အင္တာကစားေဖာ္ေတြရဲ႕ေလွာင္ေျပာင္မႈကိုခံေနရတယ္လို႔ သိရပါတယ္။

သူဟာအရပ္ ၆ ေပေက်ာ္ျမင့္မားၿပီး လူေကာင္လည္းႀကီးမားတာေၾကာင့္ ေမြ႔ယာႀကီးမွအဆင္ေျပမွာျဖစ္ေပမယ္႔ လက္ရွိသူ၀ယ္ခဲ့တဲ႔ အိပ္ယာဟာ အဆမတန္ႀကီးေနတာပါ။ သူကေတာ႔ ဒီေမြ႔ယာကိုသူ႔အတြက္ Rolls Royce of beds လို႔ တင္စားထားပါတယ္။ သူဟာအဲဒီေမြ႔ယာေပၚမွာ အိပ္ေနတာကို လူမႈကြန္ယက္ေပၚတင္ခဲ့လို႔ အင္တာကစားေဖာ္ေတြရဲ႕ေလွာင္ေျပာင္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။

လူကာကူဟာ မၾကာေသးခင္က သူ႔မိခင္နဲ႔ သူ႔သားေနထိုင္ဖို႔အတြက္ပါရည္ရြယ္ၿပီး တိုက္ခန္း ၂ ခု၀ယ္ယူခဲ့ပါတယ္။ သူကတစ္ခန္းေနၿပီး ေဘးခန္းမွာ မိခင္နဲ႔သားျဖစ္သူတို႔ကိုေနထုိင္ေစပါတယ္။ အင္စတာဂရမ္ေပၚမွာ တိုက္ခန္းအသစ္၊ ေမြ႔ယာအသစ္ လို႔ေရးၿပီးပုံတင္ကာေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အင္တာေနာက္ခံလူ ရာေနာ႔ခီယာက “လူ ၁၅ ေယာက္ေလာက္အိပ္ဖို႔လား”လို႔ ေနာက္ေျပာင္ခဲ့ၿပီး အဲဗာတန္ကစားေဖာ္ေဟာင္းျဖစ္တဲ႔ ဂိုးသမားရိုဘယ္လ္စ္ကဆိုရင္လည္း “ဘယ္ႏွစ္ေယာက္အိပ္မွာလည္း ၇ ေယာက္လား” အစရွိသျဖင့္ေျပာခဲ့ၾကသလို အျခားသူေတြကလည္းနည္းအမ်ဳိးမ်ိဳးနဲ႔ ေနာက္ေျပာင္ခဲ့ၾကပါတယ္။

အသက္ ၂၆ ႏွစ္ရွိတဲ႔ လူကာကူဟာ ဒီေမြ႔ယာကို နာမည္ေက်ာ္ေမြ႔ယာထုတ္လုပ္ေရးလုပ္ငန္းတစ္ခုျဖစ္တဲ႔ Maree ကေန၀ယ္ယူခဲ့တာျဖစ္ပါတယ္။ သူဟာဒီရာသီ အင္တာမီလန္အတြက္ေျခစြမ္းျပေနၿပီး စီးရီးေအ ၁၉ ပြဲမွာ ၁၄ ဂိုးသြင္းၿပီး ၂ ဂိုးဖန္တီးေပးထားပါတယ္။