
photo-daily mail
photo-gettyimages
ဖိအားဆိုတာ ပရီးမီးယားလိဂ်မှာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အရင်က ဒါမျိုးတစ်မှမကြုံဖူးရလောက်အောင် ကာလတစ်ခုတည်းမှာပဲ ထုတ်ပယ်ခံရနိုင်တဲ့နည်းပြအရေအတွက် တစ်ယောက်၊နှစ်ယောက်တည်းမကဖြစ်နေပါတယ်။ ဆိုရရင် လက်ရှိပရီးမီးယားလိဂ်မှာ ကြိုးတန်းပေါ်လျှောက်နေရတဲ့နည်းပြတွေ တန်းစီလို့နေပါတယ်။
photo-gettyimages
လောလောဆယ်မှာကို ခရစ္စမတ်မတိုင်ခင် ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတာ ၃ ယောက်တောင် ရှိနေပါတယ်။ အဲဒီထဲကမှ ပထမရေပန်းအစားဆုံးကတော့ အဲဗာတန်နည်းပြမာကိုဆေးလ်ဗားပါပဲ။ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာတင် တန်းဆင်းဇုန်ထဲက နော်ဝစ်ချ်ကိုရှုံးသွားလို့ အဲဗာတန်ဟာ တန်းဆင်းဇုန်နဲ့ ၄ မှတ်သာကွာတော့ကာ ဒါကြောင့်လည်း မာကိုဆေးလ်ဗားဟာ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။ သူပြီးရင် ဒုတိယရေပန်းအစားဆုံးကတော့ အမ်မရီပါပဲ။ ဆောက်သမ်တန်နဲ့စိတ်ပျက်ဖွယ်သရေပွဲအပြီး ပြိုင်ပွဲအရပ်ရပ် ၆ ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့် Emery Out ဆိုတဲ့လှုံ့ဆော်မှုတွေက ပိုမိုကျယ်လောင်လာပါတယ်။ တတိယရေပန်းအစားဆုံးကတော့ ဝက်စ်ဟမ်းနည်းပြပယ်လီဂရီနီပါပဲ။ ပယ်လီဂရီနီရဲ့ဝက်စ်ဟမ်းဟာ တာထွက်ကောင်းခဲ့ပေမယ့် စက်တင်ဘာ ၂၂ မှာ မန်ယူကိုနိုင်ပြီးကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရှိတော့ဘဲ အမှတ်ပေးဇယား ၁၆ နေရာကို ရောက်နေတာပါ။
photo-gettyimages
အဲဒီနောက်မှာတော့ ဝက်ဖို့ဒ်နည်းပြဖလိုရက်စ်၊ မန်ယူနည်းပြဆိုးလ်ရှားနဲ့ ဆောက်သမ်တန်နည်းပြဟာဆန်ဟတ်တယ်လို့ အစဉ်အလိုက်ရှိနေကြပါတယ်။ အခုရာသီပရီးမီးယားလိဂ်မှာ လက်ရှိအချိန်ထိတော့ နည်းပြအပြောင်းအလဲ နှစ်ကြိမ်သာ ဖြစ်ပေါ်ထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာမှာ ဝက်ဖို့ဒ်က ဂရာစီယာနေရာ အရင်နည်းပြဟောင်းဖလိုရက်စ်ကို အစားထိုးခဲ့တာနဲ့ အခုနိုဝင်ဘာမှာ စပါးက ပိုချက်တီနိုနေရာ မော်ရင်ဟိုအစားထိုးခဲ့တာတို့ပါ။
[Zawgyi]
ႀကိဳးတန္းေပၚေလွ်ာက္ေနရတဲ့နည္းျပေတြ တန္းစီေနတဲ့ ပရီးမီးယားလိဂ္
ဖိအားဆုိတာ ပရီးမီးယားလိဂ္မွာ အသစ္အဆန္းမဟုတ္ပါဘူး။ ဒါေပမဲ့လည္း အရင္က ဒါမ်ိဳးတစ္မွမႀကဳံဖူးရေလာက္ေအာင္ ကာလတစ္ခုတည္းမွာပဲ ထုတ္ပယ္ခံရႏိုင္တဲ့နည္းျပအေရအတြက္ တစ္ေယာက္၊ႏွစ္ေယာက္တည္းမကျဖစ္ေနပါတယ္။ ဆုိရရင္ လက္ရွိပရီးမီးယားလိဂ္မွာ ႀကိဳးတန္းေပၚေလွ်ာက္ေနရတဲ့နည္းျပေတြ တန္းစီလို႔ေနပါတယ္။
ေလာေလာဆယ္မွာကို ခရစၥမတ္မတိုင္ခင္ ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာ ၃ ေယာက္ေတာင္ ရွိေနပါတယ္။ အဲဒီထဲကမွ ပထမေရပန္းအစားဆုံးကေတာ့ အဲဗာတန္နည္းျပမာကိုေဆးလ္ဗားပါပဲ။ ၿပီးခဲ့တဲ့အပတ္က အိမ္ကြင္းမွာတင္ တန္းဆင္းဇုန္ထဲက ေနာ္၀စ္ခ်္ကိုရႈံးသြားလို႔ အဲဗာတန္ဟာ တန္းဆင္းဇုန္နဲ႔ ၄ မွတ္သာကြာေတာ့ကာ ဒါေၾကာင့္လည္း မာကိုေဆးလ္ဗားဟာ ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာပါ။ သူၿပီးရင္ ဒုတိယေရပန္းအစားဆုံးကေတာ့ အမ္မရီပါပဲ။ ေဆာက္သမ္တန္နဲ႔စိတ္ပ်က္ဖြယ္သေရပြဲအၿပီး ၿပဳိဳင္ပြဲအရပ္ရပ္ ၆ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈေၾကာင့္ Emery Out ဆုိတဲ့လႈံ႕ေဆာ္မႈေတြက ပိုမိုက်ယ္ေလာင္လာပါတယ္။ တတိယေရပန္းအစားဆုံးကေတာ့ ၀က္စ္ဟမ္းနည္းျပပယ္လီဂရီနီပါပဲ။ ပယ္လီဂရီနီရဲ႕၀က္စ္ဟမ္းဟာ တာထြက္ေကာင္းခဲ့ေပမယ့္ စက္တင္ဘာ ၂၂ မွာ မန္ယူကိုႏိုင္ၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲမရွိေတာ့ဘဲ အမွတ္ေပးဇယား ၁၆ ေနရာကို ေရာက္ေနတာပါ။
အဲဒီေနာက္မွာေတာ့ ၀က္ဖုိ႔ဒ္နည္းျပဖလိုရက္စ္၊ မန္ယူနည္းျပဆုိးလ္ရွားနဲ႔ ေဆာက္သမ္တန္နည္းျပဟာဆန္ဟတ္တယ္လို႔ အစဥ္အလုိက္ရွိေနၾကပါတယ္။ အခုရာသီပရီးမီးယားလိဂ္မွာ လက္ရွိအခ်ိန္ထိေတာ့ နည္းျပအေျပာင္းအလဲ ႏွစ္ႀကိမ္သာ ျဖစ္ေပၚထားပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာမွာ ၀က္ဖို႔ဒ္က ဂရာစီယာေနရာ အရင္နည္းျပေဟာင္းဖလုိရက္စ္ကို အစားထုိးခဲ့တာနဲ႔ အခုႏို၀င္ဘာမွာ စပါးက ပိုခ်က္တီႏိုေနရာ ေမာ္ရင္ဟုိအစားထိုးခဲ့တာတို႔ပါ။