ကြာသပတေးညကို ဥရောပဇုန်ခြေစစ်ပွဲတွေနဲ့ဖြတ်သန်းမယ် (ကောင်းပိုင်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဇာဘိုင်ဂျန် 🆚 လူဇင်ဘတ်

၂သင်းစလုံးအတွက် ဘာမှအရေးမပါတော့ဘဲ ဂုဏ်သိက္ခာအတွက်သာ ကစားရမှာပါ။

အဇာဘိုင်ဂျန်က ၁မှတ်သာရသေးသလို အိမ်ကွင်းနိုင်ပွဲမရတာလည်း ၁၀ပွဲဆက်ရှိပါပြီ။

လူဇင်ဘတ်က ၆မှတ်ရထားသလို မနှစ်တုန်းက ဆိုက်ပရပ်စ်၊ မွန်တီနီဂရိုး၊ အိုင်ယာလန်တို့ကို နိုင်ခဲ့ဖူးပါတယ်။

အဇာဘိုင်ဂျန်ကို ပြိုင်ပွဲအသွင် ၅ပွဲလုံးမရှုံးဖူးတဲ့ လူဇင်ဘတ် အမှတ်ခွဲယူနိုင်မှာပါ။

ရွေးချယ်မှု – လူဇင်ဘတ်

ဂျော်ဂျီယာ 🆚 ဆွီဒင်

စပိန်နဲ့ အုပ်စုဗိုလ်နေရာလုနေရတဲ့ ဆွီဒင်အတွက် မနိုင်မဖြစ်ပွဲပါပဲ။

ဆွီဒင်ဟာ စပိန်ထက် ၂မှတ်သာ နေတာမို့ လက်ကျန် ၂ပွဲမှာ ၄မှတ်ရတာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ပါပြီ။

ဂျော်ဂျီယာက ကစားပုံမာပေမယ့် ဆွီဒင်ရဲ့အနိုင်ရလိုစိတ်ကိုတားဆီးနိုင်မယ်မထင်ဘူး။

အီဆက်ခ်၊ မိုဗစ်၊ ဖော့စ်ဘတ်၊ ကူလူဆက်ဗ်စကီးတို့နဲ့ အင်ပြည့်အားပြည့်ပွဲထွက်လာမယ့် ဆွီဒင် ၂ဂိုးပြတ်နိုင်မယ့်ပွဲပါ။

ရွေးချယ်မှု – ဆွီဒင်

ရုရှား 🆚 ဆိုက်ပရပ်စ်

ရုရှားလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဆဲပါ။

ခရိုအေးရှားထက် ၂မှတ်သာနေတာမို့ လက်ကျန် ၂ပွဲ မှာ ၄မှတ်ရရင်လုံလောက်ပါပြီ။

နောက်ဆုံး ၇ပွဲမှာ ၆ပွဲရှုံးခဲ့တဲ့ ဆိုက်ပရပ်စ်က ရုရှားကိုယှဉ်နိုင်တဲ့ခြေစွမ်းမရှိပါဘူး။

ရုရှားဟာ နည်းပြသစ်ကာပင်လက်ထက် ကစားကွက် ပိုတောင်ငြိမ်လာပါသေးတယ်။

၂ဂိုးပြတ်ရင်တောင် ပြားစွန်းရှုံးရဦးမှာဖြစ်ပေမယ့် ရုရှား ရွေးရုံကလွဲရင်အခြားမရှိပါဘူး။

ရွေးချယ်မှု – ရုရှား

အာမေးနီးယား 🆚 မြောက်မက်ဆီဒိုးနီးယား

ဒီအုပ်စုမှာ ဂျာမနီကခြေစစ်ပွဲအောင်သွားပါပြီ။

အုပ်စုဒုတိယနေရာကိုတော့ ရိုမေးနီးယား၊ မက်ဆီဒိုးနီးယား၊ အာမေးနီးယား ၃သင်း အပြိုင်လုနေရတာပါ။

အာမေးနီးယားမြေမှာတောင် မက်ဆီဒိုးနီးယား ပြန်ပေးထားရတာက သံသယဝင်စရာဆိုပေမယ့် ခြေစွမ်းပိုင်းသိပ်မကွာသလို အိမ်ကွင်းအစဉ်အလာမှာလည်း အာမေးနီးယားပဲ အသာရခဲ့တာပါ။

အာမေးနီးယားမနိုင်တောင် သရေတော့ရမယ်ထင်ပါတယ်။

ရွေးချယ်မှု – အာမေးနီးယား

အိုင်ယာလန် 🆚 ပေါ်တူဂီ

အိုင်ယာလန်မြေဖြစ်တာတောင် ပေါ်တူဂီ ၁-၇၅ ဆိုပြီး ပြင်းရှစွာဖွင့်လှစ်ထားပါတယ်။

အိုင်ယာလန်က မျှော်လင့်ချက်မရှိတော့ပေမယ့် ဂုဏ်သိက္ခာအတွက် အကောင်းဆုံးကစားဦးမှာပါ။

အိုင်ယာလန်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲမှာလည်း ၁ပွဲသာရှုံးခဲ့ပါတယ်။

ပေါ်တူဂီကလည်း ဒီပွဲနိုင်ရင် အုပ်စုဗိုလ်ဖြစ်ဖို့အခြေအနေ ကောင်းသွားမှာမို့ ရော်နယ်ဒိုဦးဆောင်ပြီး လူစုံတက်စုံနဲ့ပွဲထွက်လာပါလိမ့်မယ်။

ခြေစွမ်းထက် ဖွင့်လှစ်မှုကိုအဓိကစဉ်းစားမယ်ဆိုရင် ပေါ်တူဂီပဲရွေးရမှာပါ။

ရွေးချယ်မှု – ပေါ်တူဂီ

ဂရိ 🆚 စပိန်

စပိန်ရဲ့ လက်ကျန် ၂ပွဲလုံးက ပွဲကျပ်တွေချည်းပါပဲ။

ဂရိမြေမှာ နိုင်ပွဲရဖို့ရုန်းကန်ရမှာဖြစ်သလို ဆွီဒင်နဲ့ နောက်ဆုံးပွဲကလည်း ဖလားလုပွဲလိုပါပဲ။

ဂရိရော ဆွီဒင်ကိုပါနိုင်ရင်တော့ အုပ်စုပထမရပါပြီ။

ဂရိကလည်း အုပ်စုဒုတိယမျှော်လင့်ချက်ရေးရေးအတွက် ဖောင်ဖျက်တိုက်ပွဲဝင်ပါလိမ့်မယ်။

ဂရိက အိမ်ကွင်း ၁၀ပွဲဆက်ရှုံးပွဲမရှိ ၈ပွဲဂိုးသွင်းခဲ့သလို စပိန်ကလည်း တိုက်စစ်အသားပေးကစားမှာမို့ ဂိုးအပေါ် အကြိုက်ဆုံးပါပဲ။

ရွေးချယ်မှု – ဂိုးအပေါ်

မော်လ်တာ 🆚 ခရိုအေးရှား

ရုရှားနဲ့ ၂မှတ်ကွာနေတာမို့ ခရိုအေးရှား လက်ကျန် ၂ပွဲလုံးနိုင်ဖို့လိုတယ်။

အုပ်စုနောက်ဆုံးပွဲမှာ ရုရှားနဲ့ ရင်ဆိုင်ရဦးမှာမို့ မော်လ်တာကိုဂိုးရသလောက်သွင်းပြီး အနိုင်ယူထားရမှာပါ။

ရီဘစ်၊ ကိုဗာဆစ်၊ ဗာဆယ်ကိုတို့ကလွဲရင် ခရိုအေးရှား တိုက်စစ်နဲ့ ကွင်းလယ်မှာ လူစုံပွဲထွက်မှာပါ။

ခရိုအေးရှားတစ်သင်းတည်း ဂိုးသွင်းဖို့များတာမို့ ၃ဂိုးပြတ်မှအောင်မယ့် ခရိုအေးရှားဘော်ဒီထက်စာရင် ဂိုးအောက် စွန့်စားရွေးသင့်တယ်။

ရွေးချယ်မှု – ဂိုးအောက်

ဆလိုဗက်ကီးယား 🆚 ဆလိုဗေးနီးယား

၂သင်းစလုံး အုပ်စုဒုတိယရဖို့တောင် မျှော်လင့်ချက်မရှိတော့ပါဘူး။

ဒါပေမဲ့ ဂုဏ်သိက္ခာအတွက်တော့ တိုက်ပွဲဝင်ကြဦးမှာပါ။

ဆလိုဗက်က အိမ်ကွင်း ၄ပွဲမှာ ခရိုအေးရှားကိုသာ ကပ်ရှုံးခဲ့ပြီး ရုရှားနဲ့ ဆိုက်ပရပ်စ်ကိုနိုင်ထားပါတယ်။

ဆလိုဗေးနီးယားကတော့ အဝေးကွင်း ၄ပွဲမှာ ၃ပွဲရှုံးခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရမှတ်ရော ခြေစွမ်းချင်းပါ ကွာဟချက်မရှိတဲ့ ၂သင်း အားပြိုင်ရမှာမို့ သရေဆိုတာ မျှတတဲ့ရလဒ်ပါပဲ။

ရွေးချယ်မှု – ဆလိုဗေးနီးယား

ဂျာမနီ 🆚 လက်ချင်စတိန်း

ခြေစစ်ပွဲအောင်ထားပြီးဖြစ်တဲ့ ဂျာမနီ အရန်တွေနဲ့ ပွဲထွက်လာပါလိမ့်မယ်။

ဂျာမနီအရန်တွေဆိုတာကလည်း အိမ်ဖြည့်အသင်း လက်ချင်စတိန်းနဲ့ယှဉ်ရင် အများကြီးသာနေဆဲဖြစ်သလို အခွင့်အရေးရတုန်း ခြေစွမ်းပြဖို့ အပြိုင်အဆိုင်ကြိုးစားကြမှာပါ။

လက်ချင်စတိန်း ဘယ်လိုပဲပိတ်ပိတ် ဂျာမနီသာတကယ် ကစားရင် ၅ဂိုးပြတ်ဖို့မခက်ပါဘူး။

ရွေးချယ်မှု – ဂျာမနီ

ရိုမေးနီးယား 🆚 အိုက်စလန်

အုပ်စု(J) ဒုတိယနေရာလုပွဲပါ။

အာမေးနီးယားနဲ့ မက်ဆီဒိုးနီးယား ထိပ်တိုက်တွေ့နေချိန်မှာ မျှော်လင့်ချက်မရှိတော့တဲ့ အိုက်စလန်နဲ့ကစားရမယ့် ရိုမေးနီးယားအတွက် အခွင့်ကောင်းပါပဲ။

အိုက်စလန်မြေမှာကတည်းက ရိုမေးနီးယား ၂ဂိုးပြတ်နိုင်ခဲ့တာပါ။

ခြေစစ်ပွဲအိမ်ကွင်း ၄ပွဲမှာ ဂျာမနီကိုသာ ဝ-၁နဲ့ကပ်ရှုံးပြီး ကျန် ၃ပွဲလုံးနိုင်ခဲ့တဲ့ ရိုမေးနီးယား အနိုင်သေချာပြီး ဂိုးတောင်ပြတ်သွားနိုင်ပါတယ်။

ရွေးချယ်မှု – ရိုမေးနီးယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၾကာသပေတးညကို ဥေရာပဇုန္ေျခစစ္ပြဲေတြနဲ႔ျဖတ္သန္းမယ္ (ေကာင္းပိုင္)

အဇာဘိုင္ဂ်န္ 🆚 လူဇင္ဘတ္

၂သင္းစလုံးအတြက္ ဘာမွအေရးမပါေတာ့ဘဲ ဂုဏ္သိကၡာအတြက္သာ ကစားရမွာပါ။ အဇာဘိုင္ဂ်န္က ၁မွတ္သာရေသးသလို အိမ္ကြင္းႏိုင္ပြဲမရတာလည္း ၁၀ပြဲဆက္ရွိပါၿပီ။ လူဇင္ဘတ္က ၆မွတ္ရထားသလို မႏွစ္တုန္းက ဆိုက္ပရပ္စ္၊ မြန္တီနီဂ႐ိုး၊ အိုင္ယာလန္တို႔ကို ႏိုင္ခဲ့ဖူးပါတယ္။ အဇာဘိုင္ဂ်န္ကို ၿပိဳင္ပြဲအသြင္ ၅ပြဲလုံးမရႈံးဖူးတဲ့ လူဇင္ဘတ္ အမွတ္ခြဲယူႏိုင္မွာပါ။

ေ႐ြးခ်ယ္မႈ – လူဇင္ဘတ္

ေဂ်ာ္ဂ်ီယာ 🆚 ဆြီဒင္

စပိန္နဲ႔ အုပ္စုဗိုလ္ေနရာလုေနရတဲ့ ဆြီဒင္အတြက္ မႏိုင္မျဖစ္ပြဲပါပဲ။ ဆြီဒင္ဟာ စပိန္ထက္ ၂မွတ္သာ ေနတာမို႔ လက္က်န္ ၂ပြဲမွာ ၄မွတ္ရတာနဲ႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ပါၿပီ။ ေဂ်ာ္ဂ်ီယာက ကစားပုံမာေပမယ့္ ဆြီဒင္ရဲ႕အႏိုင္ရလိုစိတ္ကိုတားဆီးႏိုင္မယ္မထင္ဘူး။ အီဆက္ခ္၊ မိုဗစ္၊ ေဖာ့စ္ဘတ္၊ ကူလူဆက္ဗ္စကီးတို႔နဲ႔ အင္ျပည့္အားျပည့္ပြဲထြက္လာမယ့္ ဆြီဒင္ ၂ဂိုးျပတ္ႏိုင္မယ့္ပြဲပါ။

ေ႐ြးခ်ယ္မႈ – ဆြီဒင္

႐ုရွား 🆚 ဆိုက္ပရပ္စ္

႐ုရွားလည္း ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ဆဲပါ။ ခ႐ိုေအးရွားထက္ ၂မွတ္သာေနတာမို႔ လက္က်န္ ၂ပြဲ မွာ ၄မွတ္ရရင္လုံေလာက္ပါၿပီ။ ေနာက္ဆုံး ၇ပြဲမွာ ၆ပြဲရႈံးခဲ့တဲ့ ဆိုက္ပရပ္စ္က ႐ုရွားကိုယွဥ္ႏိုင္တဲ့ေျခစြမ္းမရွိပါဘူး။ ႐ုရွားဟာ နည္းျပသစ္ကာပင္လက္ထက္ ကစားကြက္ ပိုေတာင္ၿငိမ္လာပါေသးတယ္။ ၂ဂိုးျပတ္ရင္ေတာင္ ျပားစြန္းရႈံးရဦးမွာျဖစ္ေပမယ့္ ႐ုရွား ေ႐ြး႐ုံကလြဲရင္အျခားမရွိပါဘူး။

ေ႐ြးခ်ယ္မႈ – ႐ုရွား

အာေမးနီးယား 🆚 ေျမာက္မက္ဆီဒိုးနီးယား

ဒီအုပ္စုမွာ ဂ်ာမနီကေျခစစ္ပြဲေအာင္သြားပါၿပီ။ အုပ္စုဒုတိယေနရာကိုေတာ့ ႐ိုေမးနီးယား၊ မက္ဆီဒိုးနီးယား၊ အာေမးနီးယား ၃သင္း အၿပိဳင္လုေနရတာပါ။ အာေမးနီးယားေျမမွာေတာင္ မက္ဆီဒိုးနီးယား ျပန္ေပးထားရတာက သံသယဝင္စရာဆိုေပမယ့္ ေျခစြမ္းပိုင္းသိပ္မကြာသလို အိမ္ကြင္းအစဥ္အလာမွာလည္း အာေမးနီးယားပဲ အသာရခဲ့တာပါ။ အာေမးနီးယားမႏိုင္ေတာင္ သေရေတာ့ရမယ္ထင္ပါတယ္။

ေ႐ြးခ်ယ္မႈ – အာေမးနီးယား

အိုင္ယာလန္ 🆚 ေပၚတူဂီ

အိုင္ယာလန္ေျမျဖစ္တာေတာင္ ေပၚတူဂီ ၁-၇၅ ဆိုၿပီး ျပင္းရွစြာဖြင့္လွစ္ထားပါတယ္။ အိုင္ယာလန္က ေမွ်ာ္လင့္ခ်က္မရွိေတာ့ေပမယ့္ ဂုဏ္သိကၡာအတြက္ အေကာင္းဆုံးကစားဦးမွာပါ။ အိုင္ယာလန္ဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၈ပြဲမွာလည္း ၁ပြဲသာရႈံးခဲ့ပါတယ္။ ေပၚတူဂီကလည္း ဒီပြဲႏိုင္ရင္ အုပ္စုဗိုလ္ျဖစ္ဖို႔အေျခအေန ေကာင္းသြားမွာမို႔ ေရာ္နယ္ဒိုဦးေဆာင္ၿပီး လူစုံတက္စုံနဲ႔ပြဲထြက္လာပါလိမ့္မယ္။ ေျခစြမ္းထက္ ဖြင့္လွစ္မႈကိုအဓိကစဥ္းစားမယ္ဆိုရင္ ေပၚတူဂီပဲေ႐ြးရမွာပါ။

ေ႐ြးခ်ယ္မႈ – ေပၚတူဂီ

ဂရိ 🆚 စပိန္

စပိန္ရဲ႕ လက္က်န္ ၂ပြဲလုံးက ပြဲက်ပ္ေတြခ်ည္းပါပဲ။ ဂရိေျမမွာ ႏိုင္ပြဲရဖို႔႐ုန္းကန္ရမွာျဖစ္သလို ဆြီဒင္နဲ႔ ေနာက္ဆုံးပြဲကလည္း ဖလားလုပြဲလိုပါပဲ။ ဂရိေရာ ဆြီဒင္ကိုပါႏိုင္ရင္ေတာ့ အုပ္စုပထမရပါၿပီ။ ဂရိကလည္း အုပ္စုဒုတိယေမွ်ာ္လင့္ခ်က္ေရးေရးအတြက္ ေဖာင္ဖ်က္တိုက္ပြဲဝင္ပါလိမ့္မယ္။ ဂရိက အိမ္ကြင္း ၁၀ပြဲဆက္ရႈံးပြဲမရွိ ၈ပြဲဂိုးသြင္းခဲ့သလို စပိန္ကလည္း တိုက္စစ္အသားေပးကစားမွာမို႔ ဂိုးအေပၚ အႀကိဳက္ဆုံးပါပဲ။

ေ႐ြးခ်ယ္မႈ – ဂိုးအေပၚ

ေမာ္လ္တာ 🆚 ခ႐ိုေအးရွား

႐ုရွားနဲ႔ ၂မွတ္ကြာေနတာမို႔ ခ႐ိုေအးရွား လက္က်န္ ၂ပြဲလုံးႏိုင္ဖို႔လိုတယ္။ အုပ္စုေနာက္ဆုံးပြဲမွာ ႐ုရွားနဲ႔ ရင္ဆိုင္ရဦးမွာမို႔ ေမာ္လ္တာကိုဂိုးရသေလာက္သြင္းၿပီး အႏိုင္ယူထားရမွာပါ။ ရီဘစ္၊ ကိုဗာဆစ္၊ ဗာဆယ္ကိုတို႔ကလြဲရင္ ခ႐ိုေအးရွား တိုက္စစ္နဲ႔ ကြင္းလယ္မွာ လူစုံပြဲထြက္မွာပါ။ ခ႐ိုေအးရွားတစ္သင္းတည္း ဂိုးသြင္းဖို႔မ်ားတာမို႔ ၃ဂိုးျပတ္မွေအာင္မယ့္ ခ႐ိုေအးရွားေဘာ္ဒီထက္စာရင္ ဂိုးေအာက္ စြန႔္စားေ႐ြးသင့္တယ္။

ေ႐ြးခ်ယ္မႈ – ဂိုးေအာက္

ဆလိုဗက္ကီးယား 🆚 ဆလိုေဗးနီးယား

၂သင္းစလုံး အုပ္စုဒုတိယရဖို႔ေတာင္ ေမွ်ာ္လင့္ခ်က္မရွိေတာ့ပါဘူး။ ဒါေပမဲ့ ဂုဏ္သိကၡာအတြက္ေတာ့ တိုက္ပြဲဝင္ၾကဦးမွာပါ။ ဆလိုဗက္က အိမ္ကြင္း ၄ပြဲမွာ ခ႐ိုေအးရွားကိုသာ ကပ္ရႈံးခဲ့ၿပီး ႐ုရွားနဲ႔ ဆိုက္ပရပ္စ္ကိုႏိုင္ထားပါတယ္။ ဆလိုေဗးနီးယားကေတာ့ အေဝးကြင္း ၄ပြဲမွာ ၃ပြဲရႈံးခဲ့တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ရမွတ္ေရာ ေျခစြမ္းခ်င္းပါ ကြာဟခ်က္မရွိတဲ့ ၂သင္း အားၿပိဳင္ရမွာမို႔ သေရဆိုတာ မွ်တတဲ့ရလဒ္ပါပဲ။

ေ႐ြးခ်ယ္မႈ – ဆလိုေဗးနီးယား

ဂ်ာမနီ 🆚 လက္ခ်င္စတိန္း

ေျခစစ္ပြဲေအာင္ထားၿပီးျဖစ္တဲ့ ဂ်ာမနီ အရန္ေတြနဲ႔ ပြဲထြက္လာပါလိမ့္မယ္။ ဂ်ာမနီအရန္ေတြဆိုတာကလည္း အိမ္ျဖည့္အသင္း လက္ခ်င္စတိန္းနဲ႔ယွဥ္ရင္ အမ်ားႀကီးသာေနဆဲျဖစ္သလို အခြင့္အေရးရတုန္း ေျခစြမ္းျပဖို႔ အၿပိဳင္အဆိုင္ႀကိဳးစားၾကမွာပါ။ လက္ခ်င္စတိန္း ဘယ္လိုပဲပိတ္ပိတ္ ဂ်ာမနီသာတကယ္ ကစားရင္ ၅ဂိုးျပတ္ဖို႔မခက္ပါဘူး။

ေ႐ြးခ်ယ္မႈ – ဂ်ာမနီ

႐ိုေမးနီးယား 🆚 အိုက္စလန္

အုပ္စု(J) ဒုတိယေနရာလုပြဲပါ။ အာေမးနီးယားနဲ႔ မက္ဆီဒိုးနီးယား ထိပ္တိုက္ေတြ႕ေနခ်ိန္မွာ ေမွ်ာ္လင့္ခ်က္မရွိေတာ့တဲ့ အိုက္စလန္နဲ႔ကစားရမယ့္ ႐ိုေမးနီးယားအတြက္ အခြင့္ေကာင္းပါပဲ။ အိုက္စလန္ေျမမွာကတည္းက ႐ိုေမးနီးယား ၂ဂိုးျပတ္ႏိုင္ခဲ့တာပါ။ ေျခစစ္ပြဲအိမ္ကြင္း ၄ပြဲမွာ ဂ်ာမနီကိုသာ ဝ-၁နဲ႔ကပ္ရႈံးၿပီး က်န္ ၃ပြဲလုံးႏိုင္ခဲ့တဲ့ ႐ိုေမးနီးယား အႏိုင္ေသခ်ာၿပီး ဂိုးေတာင္ျပတ္သြားႏိုင္ပါတယ္။

ေ႐ြးခ်ယ္မႈ – ႐ိုေမးနီးယား