ကြယ်ပွင့်တိုက်စစ်မှုးနဲ့ အသင်းခေါင်းဆောင်တို့မပါဘဲနဲ့ မန်ယူကိုရင်ဆိုင်မယ့် ဘရုဂျက်

photo-AFP

photo-gettyimages

အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှုးဖြစ်တဲ့ အီမန်နူရယ်ဒင်းနစ်တစ်ယောက် ဒဏ်ရာကြောင့် လွဲချော်လိမ့်မယ်ဆိုတဲ့သတင်းကြောင့် ဘရုဂျက်ရဲ့မန်ယူကို အံ့အားသင့်ဖွယ်လုပ်နိုင်မယ့်အခွင့်အရေးဟာ နည်းပါးသွားပါတယ်။ အဲဒီဘယ်လ်ဂျီယံကလပ်မှာ အသင်းခေါင်းဆောင်ရုဒ်ဗော်မာဟာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီကစားသမားနှစ်ယောက်စလုံးဟာ မန်ချက်စတာခရီးစဉ်ကို လိုက်ပါလာခြင်း မရှိတာပါ။

photo-gettyimages

တိုက်စစ်မှုးဒင်းနစ်ဆိုရင် ဘယ်လ်ဂျီယံမြေက မန်ယူနဲ့ပထမအကျော့တုန်းက ဘရုဂျက်အတွက် ဦးဆောင်ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အဲဒီနိုင်ဂျီးရီးယားလက်ရွေးစင်ဟာ ဒီရာသီဥရောပအဆင့်ပွဲတွေမှာ ၃ ဂိုးသွင်းယူထားပြီး အဲဒီထဲမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက ရီးရဲလ်အိမ်ကွင်းဘာနေဗျူးမှာ သွင်းခဲ့တဲ့ ၂ ဂိုးလည်း ပါဝင်ပါတယ်။ ကွင်းလယ်လူဗော်မာကလည်း ဒီရာသီမှာ ဘရုဂျက်ရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ၂၆ ပွဲ ပွဲထွက်ပါဝင်ထားတာပါ။

photo-gettyimages

ဒါ့အပြင် ဘရုဂျက်ဟာ အင်္ဂလန်မြေမှာ နိုင်ပွဲမရဖူးသေးဘဲ လာကစားဖူးတဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၀ ပွဲရှုံးထားပါတယ်။ ပြိုင်ဘက်အသင်းမှာ ဒဏ်ရာပြသနာတွေရှိနေပေမယ့် မန်ယူနည်းပြဆိုးလ်ရှားကတော့ ပထမအကျော့တုန်းကလို စွန့်စွန့်စားစားနဲ့ လူစာရင်းအပြောင်းအလဲများစွာပြုလုပ်မယ့်ပုံမပေါ်တော့ဘဲ သူ့ရဲ့အတောင့်တင်းဆုံးလူစာရင်းကို ပွဲထုတ်ဖွယ် ရှိပါတယ်။ လောလောဆယ် မန်ယူဟာ ဒဏ်ရာထပ်ရသူမရှိသေးဘဲ ကွင်းလယ်လူတွမ်မီနေးလည်း ပြန်ကစားနိုင်နေပါပြီ။

[Zawgyi]

ၾကယ္ပြင့္တုိက္စစ္မႈးနဲ႔ အသင္းေခါင္းေဆာင္တုိ႔မပါဘဲနဲ႔ မန္ယူကိုရင္ဆိုင္မယ့္ ဘရုဂ်က္

အသင္းရဲ႕ၾကယ္ပြင့္တိုက္စစ္မႈးျဖစ္တဲ့ အီမန္ႏူရယ္ဒင္းနစ္တစ္ေယာက္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္လိမ့္မယ္ဆုိတဲ့သတင္းေၾကာင့္ ဘရုဂ်က္ရဲ႕မန္ယူကို အံ့အားသင့္ဖြယ္လုပ္ႏိုင္မယ့္အခြင့္အေရးဟာ နည္းပါးသြားပါတယ္။ အဲဒီဘယ္လ္ဂ်ီယံကလပ္မွာ အသင္းေခါင္းေဆာင္ရုဒ္ေဗာ္မာဟာလည္း ပါ၀င္ႏိုင္မွာ မဟုတ္ပါဘူး။ အဲဒီကစားသမားႏွစ္ေယာက္စလုံးဟာ မန္ခ်က္စတာခရီးစဥ္ကို လိုက္ပါလာျခင္း မရွိတာပါ။

တိုက္စစ္မႈးဒင္းနစ္ဆိုရင္ ဘယ္လ္ဂ်ီယံေျမက မန္ယူနဲ႔ပထမအေက်ာ့တုန္းက ဘရုဂ်က္အတြက္ ဦးေဆာင္ဂိုးသြင္းခဲ့သူ ျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ အဲဒီႏိုင္ဂ်ီးရီးယားလက္ေရြးစင္ဟာ ဒီရာသီဥေရာပအဆင့္ပြဲေတြမွာ ၃ ဂိုးသြင္းယူထားၿပီး အဲဒီထဲမွာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္တုန္းက ရီးရဲလ္အိမ္ကြင္းဘာေနဗ်ဴးမွာ သြင္းခဲ့တဲ့ ၂ ဂိုးလည္း ပါ၀င္ပါတယ္။ ကြင္းလယ္လူေဗာ္မာကလည္း ဒီရာသီမွာ ဘရုဂ်က္ရဲ႕အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး ျပည္္တြင္းအမွတ္ေပးၿပိဳင္ပြဲမွာ ၂၆ ပဲြ ပြဲထြက္ပါ၀င္ထားတာပါ။

ဒါ့အျပင္ ဘရုဂ်က္ဟာ အဂၤလန္ေျမမွာ ႏိုင္ပြဲမရဖူးေသးဘဲ လာကစားဖူးတဲ့ ေနာက္ဆုံး ၁၂ ပြဲမွာ ၁၀ ပြဲရႈံးထားပါတယ္။ ၿပိဳင္ဘက္အသင္းမွာ ဒဏ္ရာျပသနာေတြရွိေနေပမယ့္ မန္ယူနည္းျပဆိုးလ္ရွားကေတာ့ ပထမအေက်ာ့တုန္းကလို စြန္႔စြန္႔စားစားနဲ႔ လူစာရင္းအေျပာင္းအလဲမ်ားစြာျပဳလုပ္မယ့္ပုံမေပၚေတာ့ဘဲ သူ႔ရဲ႕အေတာင့္တင္းဆုံးလူစာရင္းကို ပြဲထုတ္ဖြယ္ ရွိပါတယ္။ ေလာေလာဆယ္ မန္ယူဟာ ဒဏ္ရာထပ္ရသူမရွိေသးဘဲ ကြင္းလယ္လူတြမ္မီေနးလည္း ျပန္ကစားႏိုင္ေနပါၿပီ။