ကြယ္လြန္သူ လက္စတာပိုင္ရွင္က မက္ဂြဲယားကိုဘာေျပာခဲ့သလဲ

လက္စတာအသင္းေနာက္ခံလူ ဟာရီမက္ဂြဲယားဟာ ၿပီးခဲ့တဲ႔ ၂၀၁၈ ကကြယ္လြန္သြားတဲ႔ ကလပ္ပိုင္ရွင္ ဗီခိ်ဳိင္းရဲ႕ႏႈတ္ကတိစကားေၾကာင့္ မန္ယူကိုေျပာင္းေရႊ႕ေရးက သိပ္မၾကာခင္မွာျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

မန္ယူဟာၿပီးခဲ့တဲ႔ ၂၀၁၈ ကတည္းက မက္ဂြဲယားကိုေခၚယူလိုခဲ့ေပမယ္႔ သူကအသင္းမွာဆက္ေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ခဲ့တာပါ။ မန္ယူကမက္ဂြဲယားကိုအလိုရွိေနေပမယ္႔ အသင္းမွာတစ္ရာသီဆက္ရွိဖို႔ မစၥတာဗီခ်ဳိင္းက စည္းရုံးႏိုင္ခဲ့ၿပီး ၂၀၁၉ ေႏြရာသီေရာက္လို႔ ထိပ္တန္းကလပ္တစ္ခုကကမ္းလွမ္း လာမယ္ဆိုရင္ေရာင္းခ်ေပးမယ္ဆိုၿပီး သူတို႔ၾကားမွာ သေဘာတူညီခ်က္ရခဲ့တာျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္ကို ၂၀၁၈ ကမၻာ႔ဖလားအၿပီးမွာရယူခဲ့တာျဖစ္ၿပီး ဗီခ်ဳိင္းနဲ႔ မက္ဂြဲယားတို႔ လက္ဆြဲႏုတ္ဆက္ကာ လူႀကီးလူေကာင္းကတိရယူခဲ့ၾကတယ္လို႔လည္း အဲဒီသတင္းမွာဆိုပါတယ္။ မန္ယူဟာ မက္ဂြဲယားကိုေပါင္သန္း ၈၀ နဲ႔ေခၚယူလိုေပမယ္႔ လက္စတာဘက္က ေစ်းႏႈန္းကုိပိုလိုခ်င္ေနလို႔ ဒီအတိုင္းမေရမရာျဖစ္ေနမယ္ဆိုရင္ ဗီခ်ဳိင္းရဲ႕ကတိေပးမႈကို မက္ဂြဲယားကအသုံးခ်ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။

ဗီခ်ဳိင္းဟာ ၿပီးခဲ့တဲ႔ ရာသီတုန္းက လက္စတာရဲ႕အိမ္ကြင္းပြဲစဥ္ကိုၾကည့္ၿပီး သူ႔ရဲ႕ဟယ္လီေကာ္ပတာနဲျပန္ခ်ိန္မွာ ပ်က္က်ခဲ့ၿပီး ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ သူ႔ဟယ္လီေကာ္ပတာဟာ လက္စတာအသင္းရဲ႕ကားပါကင္ထဲမွာပ်က္က်ခဲ့တာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာအသက္ ၆၀ သာရွိပါေသးတယ္။

သူ႔ရဲ႕စ်ာပနကို ထိုင္းႏိုင္ငံမွာျပဳလုပ္က်င္းပခဲ့ရာမွာ ထိုင္းရဲ႕ဘုရင့္ေဆြေတာ္မ်ဳိးေတာ္ေတြ၊ အစိုးရအရာရွိေတြတက္ေရာက္ခဲ့ၾကၿပီး လက္စတာတစ္သင္းလုံးလည္း ထိုင္းကိုလိုက္သြားကာ ဗီခ်ဳိင္းကို ဂါရ၀ျပဳတက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

Unicode

ကွယ်လွန်သူ လက်စတာပိုင်ရှင်က မက်ဂွဲယားကိုဘာပြောခဲ့သလဲ
လက်စတာအသင်းနောက်ခံလူ ဟာရီမက်ဂွဲယားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကကွယ်လွန်သွားတဲ့ ကလပ်ပိုင်ရှင် ဗီချိုင်းရဲ့နှုတ်ကတိစကားကြောင့် မန်ယူကိုပြောင်းရွှေ့ရေးက သိပ်မကြာခင်မှာဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက မက်ဂွဲယားကိုခေါ်ယူလိုခဲ့ပေမယ့် သူကအသင်းမှာဆက်နေပြီး စာချုပ်သစ်ချုပ်နိုင်ခဲ့တာပါ။ မန်ယူကမက်ဂွဲယားကိုအလိုရှိနေပေမယ့် အသင်းမှာတစ်ရာသီဆက်ရှိဖို့ မစ္စတာဗီချိုင်းက စည်းရုံးနိုင်ခဲ့ပြီး ၂၀၁၉ နွေရာသီရောက်လို့ ထိပ်တန်းကလပ်တစ်ခုကကမ်းလှမ်း လာမယ်ဆိုရင်ရောင်းချပေးမယ်ဆိုပြီး သူတို့ကြားမှာ သဘောတူညီချက်ရခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာရယူခဲ့တာဖြစ်ပြီး ဗီချိုင်းနဲ့ မက်ဂွဲယားတို့ လက်ဆွဲနုတ်ဆက်ကာ လူကြီးလူကောင်းကတိရယူခဲ့ကြတယ်လို့လည်း အဲဒီသတင်းမှာဆိုပါတယ်။ မန်ယူဟာ မက်ဂွဲယားကိုပေါင်သန်း ၈၀ နဲ့ခေါ်ယူလိုပေမယ့် လက်စတာဘက်က ဈေးနှုန်းကိုပိုလိုချင်နေလို့ ဒီအတိုင်းမရေမရာဖြစ်နေမယ်ဆိုရင် ဗီချိုင်းရဲ့ကတိပေးမှုကို မက်ဂွဲယားကအသုံးချဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဗီချိုင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လက်စတာရဲ့အိမ်ကွင်းပွဲစဉ်ကိုကြည့်ပြီး သူ့ရဲ့ဟယ်လီကော်ပတာနဲပြန်ချိန်မှာ ပျက်ကျခဲ့ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူ့ဟယ်လီကော်ပတာဟာ လက်စတာအသင်းရဲ့ကားပါကင်ထဲမှာပျက်ကျခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက် ၆၀ သာရှိပါသေးတယ်။

သူ့ရဲ့ဈာပနကို ထိုင်းနိုင်ငံမှာပြုလုပ်ကျင်းပခဲ့ရာမှာ ထိုင်းရဲ့ဘုရင့်ဆွေတော်မျိုးတော်တွေ၊ အစိုးရအရာရှိတွေတက်ရောက်ခဲ့ကြပြီး လက်စတာတစ်သင်းလုံးလည်း ထိုင်းကိုလိုက်သွားကာ ဗီချိုင်းကို ဂါရဝပြုတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။