
photo-daily mail
photo-PA
စီေရာ္နယ္ဒိုဟာ နာမည္ႀကီးရုပ္သံအစီအစဥ္တင္ဆက္သူျဖစ္တဲ့ပီးယာ့စ္ေမာ္ဂန္နဲ႔အင္တာဗ်ဴးမွာ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူ႔ဖခင္ရဲ႕ဗီဒီယိုမွတ္တမ္းတစ္ခုကို ျမင္ခဲ့ရၿပီးေနာက္ မ်က္ရည္မဆည္ႏိုင္ျဖစ္ခဲ့ရပါတယ္။ ေပၚတူဂီမွာက်ငး္ပခဲ့တဲ့ ယူရို ၂၀၀၄ ၿပိဳင္ပြဲမတိုင္ခင္ အိမ္ေရွ႕တံခါးေပါက္၀မွာ သားျဖစ္သူရဲ႕စြမ္းေဆာင္မႈေတြအတြက္ သူဘယ္ေလာက္ဂုဏ္ယူရေၾကာင္း စီေရာ္နယ္ဒိုရဲ႕ဖခင္ျဖစ္သူကေျပာထားတာကို ဗီဒီယုိမွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္။ စီေရာ္နယ္ဒုိေတာင္ အဲဒီဗီဒီယိုမွတ္တမ္းကို တစ္ခါမွ ေတြ႕ျမင္ဖူးျခင္း မရွိေသးပါဘူး။
photo-PA
စီေရာ္နယ္ဒိုရဲ႕ဖခင္ဒင္းနစ္အဗိုင္ရိုဟာ စစ္သားေဟာင္းတစ္ေယာက္ျဖစ္ၿပီး အရက္စြဲသူတစ္ေယက္လည္း ျဖစ္ခဲ့ကာ ေနာက္တစ္ႏွစ္အၾကာမွာပဲ အသည္းေရာဂါနဲ႔ကြယ္လြန္သြားခဲ့တာပါ။ သူေသေတာ့ အသက္ ၅၂ ႏွစ္ရွိၿပီး အဲဒီအခ်ိန္မွာ စီေရာ္နယ္ဒိုက အသက္ ၂၀ သာရွိေသးကာ မန္ယူမွာ နည္းျပဖာဂူဆန္ရဲ႕လက္ေအာက္ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္လာဖို႔ ႀကိဳစားေနဆဲအဆင့္မွာပဲ ရွိပါေသးတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းမွာ စီေရာ္နယ္ဒိုရဲ႕ေအာင္ျမင္မႈမ်ားစြာကုိ ဖခင္ျဖစ္သူဟာ ေတြ႕ျမင္ခြင့္မရသြားခဲ့ရွိပါဘူး။
photo-daily mail
ပီယာ့စ္ေမာ္ဂန္နဲ႔ ITV အဖြဲသားေတြက သားျဖစ္သူကိုခ်ီးက်ဴးထားတဲ့ ဖခင္ျဖစ္သူရဲ႕ဗီဒီယိုမွတ္တမ္းကိုျပေတာ့ စီေရာ္နယ္ဒိုက”ကၽြန္ေတာ္ အဲဒီဗီဒီယိုကို တစ္ခါမွ မၾကည့္ဖူးေသးဘူး။ မယုံႏိုင္စရာပဲ”လို႔ မ်က္ရည္ေတြသုတ္ရင္းနဲ႔ ေမာ္ဂန္ကို ေျပာပါတယ္။ ဘာေၾကာင့္အရမး္၀မ္းနည္းသြားခဲ့ရတာလဲလို႔ ေမာ္ဂန္က ေမးျမန္းေတာ့ စီေရာ္နယ္ဒိုက”သူဘာမွ မျမင္သြားခဲ့ရပါဘူး။ ကၽြန္ေတာ္ ဆုေတြရရွိခဲ့တာကိုလည္း သူေတြ႕မသြားခဲ့ရပါဘူး”။ မင္းဘယ္ေလာက္ေအာင္ျမင္လာတယ္ဆိုတာကို သူတစ္ခါမွမေတြ႕ရဘူးေပါ့”လုိ႔ ေမာ္ဂန္က ထပ္ေမးေတာ့ စီေရာ္နယ္ဒိုက”တစ္ခါမွကို မေတြ႕ခဲ့ရတာပါ”လု႔ိ တုံ႔ျပန္ပါတယ္။ ဆက္ၿပီးေတာ့”ကၽြန္ေတာ့္ရဲ႕ေအာင္ျမင္မႈေတြကို ကၽြန္ေတာ့္မိသားစုက ျမင္ခဲ့ရပါတယ္။ ကၽြန္ေတာ့္အေမ၊ကၽြန္ေတာ့္ညီအစ္ကိုေတြ၊ကၽြန္ေတာ့္သားအႀကီးေတာင္ ေတြ႕ခဲ့ရတာပါ။ ကၽြန္ေတာ့္အေဖကေတာ့ ဘာမွမျမင္သြားခဲ့ရရွိဘူး။ ငယ္ငယ္ရြယ္ရြယ္နဲ႔ သူေသသြားခဲ့တာဆိုေတာ့”လို႔ စီေရာ္နယ္ဒိုက ေျဖပါတယ္။
photo-daily mail
ဒီလိုမ်ိဳး စိတ္ပိုင္းဆိုင္ရာအရ စီေရာ္နယ္ဒိုအရမ္းခံစားရတာကို ျမင္ရခဲပါတယ္။ သူဟာ စူပါဟီးရိုတစ္ေယာက္လုိပါပဲ။ ဒါေပမဲ့ အဆုံးသတ္မွာေတာ့ သူဟာ လူသားတစ္ေယာက္ပါပဲ။
[Unicode]
စီရော်နယ်ဒိုဟာ နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်တဲ့ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင်ရဲ့ဗီဒီယိုမှတ်တမ်းတစ်ခုကို မြင်ခဲ့ရပြီးနောက် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ ပေါ်တူဂီမှာကျင်းပခဲ့တဲ့ ယူရို ၂၀၀၄ ပြိုင်ပွဲမတိုင်ခင် အိမ်ရှေ့တံခါးပေါက်ဝမှာ သားဖြစ်သူရဲ့စွမ်းဆောင်မှုတွေအတွက် သူဘယ်လောက်ဂုဏ်ယူရကြောင်း စီရော်နယ်ဒိုရဲ့ဖခင်ဖြစ်သူကပြောထားတာကို ဗီဒီယိုမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုတောင် အဲဒီဗီဒီယိုမှတ်တမ်းကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိသေးပါဘူး။
စီရော်နယ်ဒိုရဲ့ဖခင်ဒင်းနစ်အဗိုင်ရိုဟာ စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး အရက်စွဲသူတစ်ယေက်လည်း ဖြစ်ခဲ့ကာ နောက်တစ်နှစ်အကြာမှာပဲ အသည်းရောဂါနဲ့ကွယ်လွန်သွားခဲ့တာပါ။ သူသေတော့ အသက် ၅၂ နှစ်ရှိပြီး အဲဒီအချိန်မှာ စီရော်နယ်ဒိုက အသက် ၂၀ သာရှိသေးကာ မန်ယူမှာ နည်းပြဖာဂူဆန်ရဲ့လက်အောက် ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာဖို့ ကြိုစားနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းမှာ စီရော်နယ်ဒိုရဲ့အောင်မြင်မှုများစွာကို ဖခင်ဖြစ်သူဟာ တွေ့မြင်ခွင့်မရသွားခဲ့ရှိပါဘူး။
ပီယာ့စ်မော်ဂန်နဲ့ ITV အဖွဲသားတွေက သားဖြစ်သူကိုချီးကျူးထားတဲ့ ဖခင်ဖြစ်သူရဲ့ဗီဒီယိုမှတ်တမ်းကိုပြတော့ စီရော်နယ်ဒိုက”ကျွန်တော် အဲဒီဗီဒီယိုကို တစ်ခါမှ မကြည့်ဖူးသေးဘူး။ မယုံနိုင်စရာပဲ”လို့ မျက်ရည်တွေသုတ်ရင်းနဲ့ မော်ဂန်ကို ပြောပါတယ်။ ဘာကြောင့်အရမ်းဝမ်းနည်းသွားခဲ့ရတာလဲလို့ မော်ဂန်က မေးမြန်းတော့ စီရော်နယ်ဒိုက”သူဘာမှ မမြင်သွားခဲ့ရပါဘူး။ ကျွန်တော် ဆုတွေရရှိခဲ့တာကိုလည်း သူတွေ့မသွားခဲ့ရပါဘူး”။ မင်းဘယ်လောက်အောင်မြင်လာတယ်ဆိုတာကို သူတစ်ခါမှမတွေ့ရဘူးပေါ့”လို့ မော်ဂန်က ထပ်မေးတော့ စီရော်နယ်ဒိုက”တစ်ခါမှကို မတွေ့ခဲ့ရတာပါ”လု့ိ တုံ့ပြန်ပါတယ်။ ဆက်ပြီးတော့”ကျွန်တော့်ရဲ့အောင်မြင်မှုတွေကို ကျွန်တော့်မိသားစုက မြင်ခဲ့ရပါတယ်။ ကျွန်တော့်အမေ၊ကျွန်တော့်ညီအစ်ကိုတွေ၊ကျွန်တော့်သားအကြီးတောင် တွေ့ခဲ့ရတာပါ။ ကျွန်တော့်အဖေကတော့ ဘာမှမမြင်သွားခဲ့ရရှိဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူသေသွားခဲ့တာဆိုတော့”လို့ စီရော်နယ်ဒိုက ဖြေပါတယ်။
ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာအရ စီရော်နယ်ဒိုအရမ်းခံစားရတာကို မြင်ရခဲပါတယ်။ သူဟာ စူပါဟီးရိုတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူဟာ လူသားတစ်ယောက်ပါပဲ။