ကြန္ပနီႏႈတ္ဆက္ပြဲမွာ သူရဲနီအစစ္ျဖစ္ေနေသးေၾကာင္း သက္ေသျပခဲ့တဲ့ဗန္ပါစီ

photo-foxsportasia

photo-gettyimages

မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္းကြန္ပနီရဲ႕ႏႈတ္ဆက္ပြဲမွာ မန္စီးတီးဂႏၳ၀င္အသင္းနဲ႔ ပရီးမီးယားလိဂ္ all-stars တို႔ကစားၾကေတာ့ all-stars အသင္းမွာ မန္ယူကစားသမားေဟာင္းေတာ္ေတာ္မ်ားမ်ားပါ၀င္ကစားခဲ့ၾကပါတယ္။ အဲဒီထဲမွာ ေပါလ္စခိုး၊ဗန္ဒါဆား၊ဂယ္ရီနဗီးလ္၊ဂၽြန္အိုရွီးယား၊၀က္စ္ဘေရာင္း၊နစ္ကီဘတ္၊မုိက္ကယ္ကာရစ္၊ရြိဳင္ယန္ဂစ္နဲ႔ဗန္ပါစီတို႔ပါ၀င္ခဲ့ၾကတာပါ။ ေပါလ္စခုိးရဲ႕ရင္သပ္ရႈေမာဖြယ္ေဘာလုံးေပးပို႔မႈက အားလုံးကိုဖမ္းစားႏိုင္ခဲ့တာ မွန္ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီကမွ ဖီယင္ႏုမွာ အနားယူသြားခဲ့တဲ့ ဗန္ပါစီကသာ အေကာင္းဆုံးပုံစံရွိခဲ့ပုံေပါက္ကာ all-stars အသင္းကိုဦးေဆာင္ႏိုင္ေစမယ့္ လွပတဲ့သြင္းဂိုးတစ္ဂိုးသြင္းႏိုုင္ခဲ့တာပါ။

photo-gettyimages

ေပါလ္စခုိးလိုပဲ ဗန္ပါစီဟာ အဲဒီပြဲက အာရုံစိုက္ျခင္းခံခဲ့ရတဲ့ကစားသမားေဟာင္းတစ္ဦးျဖစ္ကာ မ်က္စိလ်င္တဲ့မန္ယူပရိသတ္ေတြေၾကာင့္ သူဟာ သူရဲနီအစစ္ျဖစ္ေနေသးေၾကာင္းကို သိလိုက္ၾကရပါတယ္။ အဲဒီနယ္သာလန္ဂႏၳ၀င္တိုက္စစ္မႈးေဟာင္းဟာ မန္ယူလုိဂိုပါတဲ့ညိဳ႕သက်ည္းကာနဲ႔ ကစားသြားခဲ့လုိ႔ပါပဲ။

photo-gettyimages

ဒါဟာ သူ႔ႏွလုံးသားထဲက အထူးေနရာမွာ မန္ယူအသင္းရွိေနေသးတယ္ဆုိတဲ့သေဘာပါပဲ။ ဗန္ပါစီဟာ ပရီးမီးယားလိဂ္မွာ အာဆင္နယ္နဲ႔မန္ယူတို႔ႏွစ္သငး္စလုံးအတြက္ ကစားေပးခဲ့ေပမယ့္ မန္ယူအေပၚမွာ သူ႔စိတ္က ပိုၿပီးအေလးသာတယ္ဆုိတာ ရွင္းလင္းသြားေစပါတယ္။ သူဟာ အာဆင္နယ္မွာ ၈ ႏွစ္ၾကာေတာင္ကစားခဲ့တာျဖစ္ၿပီး မန္ယူနဲ႔ေတာ့ ၃ ႏွစ္ပဲၾကာခဲ့တာပါ။ ဒါေပမဲ့ ပရီးမီးယားလိဂ္ေအာင္ျမင္မႈကို မန္ယူေရာက္မွ ရခဲ့တာျဖစ္ၿပီး မန္ယူအတြက္ ၁၀၅ ပြဲမွာ ၅၈ ဂိုးသြင္းေပးခဲ့တာပါ။

[Unicode]

မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းကွန်ပနီရဲ့နှုတ်ဆက်ပွဲမှာ မန်စီးတီးဂန္ထဝင်အသင်းနဲ့ ပရီးမီးယားလိဂ် all-stars တို့ကစားကြတော့ all-stars အသင်းမှာ မန်ယူကစားသမားဟောင်းတော်တော်များများပါဝင်ကစားခဲ့ကြပါတယ်။ အဲဒီထဲမှာ ပေါလ်စခိုး၊ဗန်ဒါဆား၊ဂယ်ရီနဗီးလ်၊ဂျွန်အိုရှီးယား၊ဝက်စ်ဘရောင်း၊နစ်ကီဘတ်၊မိုက်ကယ်ကာရစ်၊ရွိုင်ယန်ဂစ်နဲ့ဗန်ပါစီတို့ပါဝင်ခဲ့ကြတာပါ။ ပေါလ်စခိုးရဲ့ရင်သပ်ရှုမောဖွယ်ဘောလုံးပေးပို့မှုက အားလုံးကိုဖမ်းစားနိုင်ခဲ့တာ မှန်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီကမှ ဖီယင်နုမှာ အနားယူသွားခဲ့တဲ့ ဗန်ပါစီကသာ အကောင်းဆုံးပုံစံရှိခဲ့ပုံပေါက်ကာ all-stars အသင်းကိုဦးဆောင်နိုင်စေမယ့် လှပတဲ့သွင်းဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တာပါ။

ပေါလ်စခိုးလိုပဲ ဗန်ပါစီဟာ အဲဒီပွဲက အာရုံစိုက်ခြင်းခံခဲ့ရတဲ့ကစားသမားဟောင်းတစ်ဦးဖြစ်ကာ မျက်စိလျင်တဲ့မန်ယူပရိသတ်တွေကြောင့် သူဟာ သူရဲနီအစစ်ဖြစ်နေသေးကြောင်းကို သိလိုက်ကြရပါတယ်။ အဲဒီနယ်သာလန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းဟာ မန်ယူလိုဂိုပါတဲ့ညို့သကျည်းကာနဲ့ ကစားသွားခဲ့လို့ပါပဲ။

ဒါဟာ သူ့နှလုံးသားထဲက အထူးနေရာမှာ မန်ယူအသင်းရှိနေသေးတယ်ဆိုတဲ့သဘောပါပဲ။ ဗန်ပါစီဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့မန်ယူတို့နှစ်သင်းစလုံးအတွက် ကစားပေးခဲ့ပေမယ့် မန်ယူအပေါ်မှာ သူ့စိတ်က ပိုပြီးအလေးသာတယ်ဆိုတာ ရှင်းလင်းသွားစေပါတယ်။ သူဟာ အာဆင်နယ်မှာ ၈ နှစ်ကြာတောင်ကစားခဲ့တာဖြစ်ပြီး မန်ယူနဲ့တော့ ၃ နှစ်ပဲကြာခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုကို မန်ယူရောက်မှ ရခဲ့တာဖြစ်ပြီး မန်ယူအတွက် ၁၀၅ ပွဲမှာ ၅၈ ဂိုးသွင်းပေးခဲ့တာပါ။