ကြန္ပနီႏႈတ္ဆက္ပြဲက ေပါလ္စခုိးရဲ႕ရင္သပ္ရႈေမာဖြယ္ no-look pass

photo-sporotbible

photo-reuters

ၿပီးခဲ့တဲ့ဗုဒၶဟူးညက မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္းကြန္ပနီရဲ႕ႏႈတ္ဆက္ပြဲအျဖစ္ မန္စီးတီးဂႏၳ၀င္မ်ားအသင္းနဲ႔ ပရီးမီးယားလိဂ္ all-stars တို႔ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ၂-၂ သေရရလဒ္နဲ႔အဆုံးသတ္ခဲ့ပါတယ္။ အဲဒီပြဲမွာ လက္ရွိကစားေနတဲ့နာမည္ႀကီးေတြထဲက အဂူရိုနဲ႔ေဒးဗစ္ေဆးလ္ဗားတုိ႔ပါ၀င္ကစားခဲ့ၾကသလုိ အရင္က ပရီးမီးယားလိဂ္ရဲ႕နာမည္ႀကီးေတြျဖစ္ၾကတဲ့ ဗန္ဒါဆား၊ရြိဳင္ယန္ဂစ္၊ဟင္နရီနဲ႔ဗန္ပါစီတုိ႔လုိသူေတြလည္း ပါ၀င္ႏႊဲခဲ့ၾကတာပါ။ ဒါေပမဲ့လည္း တစ္ပဲြလုံးမွာ မန္ယူကြင္လယ္လူေဟာင္းေပါလ္စခိုးရဲ႕ရင္သပ္ရႈေမာဖြယ္ေဘာလုံးေပးပို႔မႈတစ္ခုကသာ ဖမ္းစားႏိုင္ခဲ့ကာ ဆုိရွယ္မီဒီယာထက္မွာ ခ်ီးက်ဴးခံရမဆုံးျဖစ္ေနတာပါ။

photo-social media

အဲဒီပြဲမွာ ၄၄ ႏွစ္အရြယ္ ေပါလ္စခိုးဟာ အာတီတာဆီက ေဘာလုံကိုရယူၿပီး ဗန္ပါစီရဲ႕လမ္းေၾကာင္းထဲကို ေအးေဆးတည္ၿငိမ္စြာနဲ႔ ခ်ေပးခဲ့တာပါ။ ဒါေပမဲ့ အဲဒီေလာက္ထိ မရိုးရွင္းပါဘူး။အေသးစိတ္ေျပာရမယ္ဆိုရင္ ကြင္းလယ္စက္ပိုင္းထဲမွာ ေပါလ္စခုိးေနရာလြတ္ရေနတာကို ေတြ႕လုိက္တဲ့အာတီတာဟာ ေဘာလုံးကိုခုတ္တင္ေပးလိုက္ကာ အဲဒီေဘာလုံးကိုထိန္းၿပီးျပန္ဆယ္တင္မယ့္အစား ေပါလ္စခုိးက မၾကည့္ဘဲနဲ႔ ေျခေဇာင္းေလးနဲ႔ပဲ ဗန္ပါစီရဲ႕လမး္ေၾကာင္းထဲကို ခ်ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ တကယ့္ကို ရင္သပ္ရႈေမာဖြယ္ေပးပုိ႔မႈစေကးတစ္ခု ျဖစ္ခဲ့ပါတယ္။

photo-social media

ဒါေၾကာင့္လည္း သူ႔ရဲ႕မန္ယူအသင္းေဖာ္ေဟာင္းရီယိုဖာဒီနန္အပါအ၀င္ ပရိသတ္အေတာ္မ်ားမ်ားက ဆုိရွယ္မီဒီယာထက္မွာ ေပါလ္စခိုးကို ခ်ီးက်ဴးေထာပနာေတြ ျပဳလုပ္ခဲ့ၾကတာပါ။ ပရိသတ္တစ္ေယာက္ကဆိုရင္”ေပါလ္စခိုးသာ ဒီေန႔မွာ အနားယူမႈကေန ျပန္ကစားမယ္ဆုိရင္ မန္ယူမွာ ပြဲထြက္ခြင့္ရမွာ”လုိ႔ Twitter မွာ ေရးတင္ခဲ့ပါတယ္။ တကယ္လည္း ေပါစခိုးလ္ဟာ ပရီးမီးယားလိဂ္ရဲ႕အႀကီးက်ယ္ဆုံးကြင္းလယ္လူေတြထဲက တစ္ေယာက္ျဖစ္ခဲ့ၿပီး ေပးပို႔မႈစေကးပိုင္းမွာ စံတင္ရေလာက္တဲ့ ဂႏၳ၀င္ေဟာင္းေတြျဖစ္ၾကတဲ့ ဇာဗီ၊အင္နီေယစတာနဲ႔ပီယာလုိတို႔ရဲ႕ခ်ီးက်ဴးမႈကိုေတာင္ ရခဲ့သူျဖစ္ပါတယ္။ သူဟာ ၂၀၁၃ ကမွ ကစားသမားဘ၀ကေန အနားယူသြားခဲ့တာပါ။

[Unicode]

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းကွန်ပနီရဲ့နှုတ်ဆက်ပွဲအဖြစ် မန်စီးတီးဂန္ထဝင်များအသင်းနဲ့ ပရီးမီးယားလိဂ် all-stars တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၂-၂ သရေရလဒ်နဲ့အဆုံးသတ်ခဲ့ပါတယ်။ အဲဒီပွဲမှာ လက်ရှိကစားနေတဲ့နာမည်ကြီးတွေထဲက အဂူရိုနဲ့ဒေးဗစ်ဆေးလ်ဗားတို့ပါဝင်ကစားခဲ့ကြသလို အရင်က ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးတွေဖြစ်ကြတဲ့ ဗန်ဒါဆား၊ရွိုင်ယန်ဂစ်၊ဟင်နရီနဲ့ဗန်ပါစီတို့လိုသူတွေလည်း ပါဝင်နွှဲခဲ့ကြတာပါ။ ဒါပေမဲ့လည်း တစ်ပွဲလုံးမှာ မန်ယူကွင်လယ်လူဟောင်းပေါလ်စခိုးရဲ့ရင်သပ်ရှုမောဖွယ်ဘောလုံးပေးပို့မှုတစ်ခုကသာ ဖမ်းစားနိုင်ခဲ့ကာ ဆိုရှယ်မီဒီယာထက်မှာ ချီးကျူးခံရမဆုံးဖြစ်နေတာပါ။

အဲဒီပွဲမှာ ၄၄ နှစ်အရွယ် ပေါလ်စခိုးဟာ အာတီတာဆီက ဘောလုံကိုရယူပြီး ဗန်ပါစီရဲ့လမ်းကြောင်းထဲကို အေးဆေးတည်ငြိမ်စွာနဲ့ ချပေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီလောက်ထိ မရိုးရှင်းပါဘူး။အသေးစိတ်ပြောရမယ်ဆိုရင် ကွင်းလယ်စက်ပိုင်းထဲမှာ ပေါလ်စခိုးနေရာလွတ်ရနေတာကို တွေ့လိုက်တဲ့အာတီတာဟာ ဘောလုံးကိုခုတ်တင်ပေးလိုက်ကာ အဲဒီဘောလုံးကိုထိန်းပြီးပြန်ဆယ်တင်မယ့်အစား ပေါလ်စခိုးက မကြည့်ဘဲနဲ့ ခြေဇောင်းလေးနဲ့ပဲ ဗန်ပါစီရဲ့လမ်းကြောင်းထဲကို ချပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ့်ကို ရင်သပ်ရှုမောဖွယ်ပေးပို့မှုစကေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း သူ့ရဲ့မန်ယူအသင်းဖော်ဟောင်းရီယိုဖာဒီနန်အပါအဝင် ပရိသတ်အတော်များများက ဆိုရှယ်မီဒီယာထက်မှာ ပေါလ်စခိုးကို ချီးကျူးထောပနာတွေ ပြုလုပ်ခဲ့ကြတာပါ။ ပရိသတ်တစ်ယောက်ကဆိုရင်”ပေါလ်စခိုးသာ ဒီနေ့မှာ အနားယူမှုကနေ ပြန်ကစားမယ်ဆိုရင် မန်ယူမှာ ပွဲထွက်ခွင့်ရမှာ”လို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။ တကယ်လည်း ပေါစခိုးလ်ဟာ ပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ပေးပို့မှုစကေးပိုင်းမှာ စံတင်ရလောက်တဲ့ ဂန္ထဝင်ဟောင်းတွေဖြစ်ကြတဲ့ ဇာဗီ၊အင်နီယေစတာနဲ့ပီယာလိုတို့ရဲ့ချီးကျူးမှုကိုတောင် ရခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ကမှ ကစားသမားဘဝကနေ အနားယူသွားခဲ့တာပါ။