ကြည်နူးဖွယ်ရာတွေ အပြည့််စောင့်ကြိုနေခဲ့တဲ့ မက်ဆီ ရဲ့ အိမ်ပြန်ခရီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ် ကို အနိုင်ရခဲ့ပြီး ပထမဆုံးနိုင်ငံတကာဖလားဖြစ်တဲ့ ကိုပါအမေရိကချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ ရဲ့ အိမ်ပြန်ခရီးကို ကြည်နူးဖွယ်ရာ အခိုက်အတန့်တွေက အသင့်စောင့်ကြိုနေခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံ “ Buenos Aires “ လေဆိပ်ကို အာဂျင်တီးနားလက်ရွေးစင်အသင်း စီးနင်းလာတဲ့ လေယာဉ် ဆိုက်ဆိုက်ခြင်းမှာပဲ

လေဆိပ်မှာအသင့်စောင့်နေတဲ့ မိန်းမဖြစ်သူ အန်တိုနယ်လာ က မက်ဆီ ဆီကို အပြေးလေးလာကာ ပွေ့ဖွက်ဂုဏ်ပြုခဲ့ပါတယ်။

မိန်းမဖြစ်သူနဲ့ ကြည်နူးစရာကောင်းတဲ့ တွေ့ဆုံမှုအပြီးမှာတော့ မက်ဆီ က လေဆိပ်ထဲမှာ စောင့်ကြိုနေတဲ့ အာဂျင်တီးနား ပရိသတ်တွေကို သွားရောက်နှုတ်ဆက်ခဲ့ပြီး အမှတ်တရလက်မှတ်တွေ ရေးထိုးပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မက်ဆီ ဟာ မိန်းမဖြစ်သူနဲ့အတူ သူ့ရဲ့ကလေးတွေရှိရာ ယောက္ခမအိမ်ကို သွားရောက်ခဲ့ပါတယ်။

မက်ဆီ ရောက်လာတာကို တွေ့တာနဲ့ ကလေးတွေက အိမ်ထဲကနေ ပြေးထွက်လာကြပြီး အောင်ပွဲရပြီးပြန်လာတဲ့ ဖခင်ဖြစ်သူကို ပွေ့ဖွက်ကာ ဂုဏ်ပြုခဲ့ကြတာကို ကြည်နူးဖွယ်တွေ့မြင်ခဲ့ရပါတယ်။

အိမ်နီးနားချင်းတွေကလည်း အိမ်အပြင်ကိုထွက်ကာ မက်ဆီ ကို လက်ခုပ်တီးအားပေးခဲ့ကြပြီး သူရဲကောင်းတယောက်လို ဂုဏ်ပြုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ဖိုင်နယ် ၄ ကြိမ်တုန်းက အရှုံးနဲ့အိမ်ပြန်ခဲ့ရပြီး မလှပခဲ့တဲ့ မက်ဆီ ရဲ့ အိမ်ပြန်ခရီးဟာ ဒီတခေါက်မှာတော့ ကြည်နူးဖွယ်ရာအပြည့်နဲ့ အလွန်လှပနေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြည်နူးဖွယ်ရာတွေ အပြည့်စောင့်ကြိုနေခဲ့တဲ့ မက်ဆီ ရဲ့ အိမ်ပြန်ခရီး






