ကြင္းသစ္တည္ေဆာက္ဖို႔အတြက္ ေဒးဗစ္ဘက္ဟမ္း ခြင့္ျပဳ ခ်က္ရရွိ

အဂၤလန္ဂႏၳ၀င္ကစားသမား ေဒးဗစ္ဘက္ဟမ္းဟာ အျခားလုပ္ငန္းရွင္ေတြနဲ႔ ပူးတြဲ တည္ေထာင္မယ္႔ အင္တာမိုင္ယာမီအက္ဖ္စီအတြက္ ကြင္းသစ္တည္ေဆာက္ဖို႔ ခြင့္ျပဳခ်က္ရရွိသြားၿပီလို႔ သိရပါတယ္။ ဒီကြင္းသစ္ကို ေလာ႔ခ္ဟတ္ကြင္းေနရာမွာတည္ေဆာက္သြားမွာျဖစ္ပါတယ္။

ဘက္ဟမ္းဟာ အင္တာမိုင္ယာမီအသင္းကို လာမယ္႔ ၂၀၂၀ ေမဂ်ာလိဂ္မွာစတင္ပါ၀င္ယွဥ္ၿပိဳင္ဖို႔စီစဥ္ထားတာျဖစ္ၿပီး ကြင္းသစ္တည္ေဆာက္ဖို႔ စီမံကိန္းတင္သြင္းခဲ့တာ ၆ လသာၾကာေသးေပမယ္႔ ေဒသခံၿမိဳ႕ျဖစ္တဲ႔  Fort Lauderdale ေကာ္မရွင္က ကြင္းတည္ေဆာက္ဖုို႔ ခြင့္ျပဳခ်က္ေပးလိုက္တာျဖစ္ပါတယ္။

ဒီကြင္းတည္ေဆာက္မယ္႔ေနရာဟာ ၿပီးခဲ့တဲ႔ ၂ လကမွျဖိဳဖ်က္လိုက္တဲ႔ ေလာ႔ခ္ဟတ္ကြင္းေနရာမွာျဖစ္ၿပီး စီမံကိန္းကိုအျမန္ဆုံးစတင္ဖို႔ႀကိဳးစားေနၿပီျဖစ္ပါတယ္။ အခုလိုခြင့္ျပဳခ်က္ရခဲ့ေပမယ္႔ Fort Lauderdale  ေလဆိပ္န႔ဲ အနည္းငယ္မလြတ္မကင္းျဖစ္ေနတာကိုေတာ႔ ေျဖရွင္းဖို႔လိုေနေသးတယ္လို႔ သိရပါတယ္။

ကြင္းဟာေလဆိပ္နဲ႔ နီးေနတဲ႔အတြက္ ေလေၾကာင္းလုံၿခံဳေရးဆိုင္ရာအာဏာပိုင္အဖြဲ႔ ရဲ႕ခြင့္ျပဳခ်က္ကိုေတာ႔ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။ ကြင္းကေတာ႔ ေလဆိပ္လုံၿခံဳေရးကို ထိခိုက္ေစျခင္းမရွိေပမယ္႔ အနားမွာရွိတဲ႔ ပန္းၿခံကေတာ႔ အရမး္နီးေနလို႔ ဒါကိုဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုလိမ့္မယ္လို႔လည္း ဆိုပါတယ္။

ဒီကြင္းဟာ ပရိသတ္ ၁၈၀၀၀၀ ၀င္ဆံ႔မွာျဖစ္ၿပီး ေပါင္သန္း ၅၀ ကုန္က်မယ္လို႔လည္းခန္႔မွန္းထားပါတယ္။ ဒါေပမယ္႔ ဒီကြင္းကို ၂ ႏွစ္သာအသုံးျပဳသြားမွာျဖစ္ၿပီး ၂၀၂၂ မွာေပါင္သန္း ၇၅၀ ကုန္က်မယ္႔ မိုင္ယာမီဖရီးဒမ္းပါ့ခ္ ကြင္းကိုေျပာင္းေရႊ႕မွာျဖစ္ပါတယ္။ ဒီကြင္းကိုေျပာင္းၿပီးရင္ေတာ႔ Fort Lauderdale  ကကြင္းကို ေလ႔က်င့္ေရးစင္တာအျဖစ္အသုံးျပဳသြားမယ္လို႔လည္း သိရပါတယ္။

Unicode

ကွင်းသစ်တည်ဆောက်ဖို့အတွက် ဒေးဗစ်ဘက်ဟမ်း ခွင့်ပြု ချက်ရရှိ
အင်္ဂလန်ဂန္ထဝင်ကစားသမား ဒေးဗစ်ဘက်ဟမ်းဟာ အခြားလုပ်ငန်းရှင်တွေနဲ့ ပူးတွဲ တည်ထောင်မယ့် အင်တာမိုင်ယာမီအက်ဖ်စီအတွက် ကွင်းသစ်တည်ဆောက်ဖို့ ခွင့်ပြုချက်ရရှိသွားပြီလို့ သိရပါတယ်။ ဒီကွင်းသစ်ကို လော့ခ်ဟတ်ကွင်းနေရာမှာတည်ဆောက်သွားမှာဖြစ်ပါတယ်။

ဘက်ဟမ်းဟာ အင်တာမိုင်ယာမီအသင်းကို လာမယ့် ၂၀၂၀ မေဂျာလိဂ်မှာစတင်ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်ထားတာဖြစ်ပြီး ကွင်းသစ်တည်ဆောက်ဖို့ စီမံကိန်းတင်သွင်းခဲ့တာ ၆ လသာကြာသေးပေမယ့် ဒေသခံမြို့ဖြစ်တဲ့  Fort Lauderdale ကော်မရှင်က ကွင်းတည်ဆောက်ဖို့ ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။

ဒီကွင်းတည်ဆောက်မယ့်နေရာဟာ ပြီးခဲ့တဲ့ ၂ လကမှဖြိုဖျက်လိုက်တဲ့ လော့ခ်ဟတ်ကွင်းနေရာမှာဖြစ်ပြီး စီမံကိန်းကိုအမြန်ဆုံးစတင်ဖို့ကြိုးစားနေပြီဖြစ်ပါတယ်။ အခုလိုခွင့်ပြုချက်ရခဲ့ပေမယ့် Fort Lauderdale  လေဆိပ်နဲ့ အနည်းငယ်မလွတ်မကင်းဖြစ်နေတာကိုတော့ ဖြေရှင်းဖို့လိုနေသေးတယ်လို့ သိရပါတယ်။

ကွင်းဟာလေဆိပ်နဲ့ နီးနေတဲ့အတွက် လေကြောင်းလုံခြုံရေးဆိုင်ရာအာဏာပိုင်အဖွဲ့ ရဲ့ခွင့်ပြုချက်ကိုတော့စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ ကွင်းကတော့ လေဆိပ်လုံခြုံရေးကို ထိခိုက်စေခြင်းမရှိပေမယ့် အနားမှာရှိတဲ့ ပန်းခြံကတော့ အရမ်းနီးနေလို့ ဒါကိုဖျက်သိမ်းပေးဖို့ တောင်းဆိုလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒီကွင်းဟာ ပရိသတ် ၁၈၀၀၀၀ ဝင်ဆံ့မှာဖြစ်ပြီး ပေါင်သန်း ၅၀ ကုန်ကျမယ်လို့လည်းခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဒီကွင်းကို ၂ နှစ်သာအသုံးပြုသွားမှာဖြစ်ပြီး ၂၀၂၂ မှာပေါင်သန်း ၇၅၀ ကုန်ကျမယ့် မိုင်ယာမီဖရီးဒမ်းပါ့ခ် ကွင်းကိုပြောင်းရွှေ့မှာဖြစ်ပါတယ်။ ဒီကွင်းကိုပြောင်းပြီးရင်တော့ Fort Lauderdale  ကကွင်းကို လေ့ကျင့်ရေးစင်တာအဖြစ်အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။