”ကျွန်မတို့ဟာ ပီအက်စ်ဂျီလို ကြီးမားနိုင်ပါတယ်” – နယူးကာဆယ်ပူးတွဲပိုင်ရှင်အမန်ဒါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါင် ၃၀၅ သန်းနဲ့ အသင်းကို လွှဲပြောင်းယူမှု ပြီးပြည့်စုံခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ပိုင်ရှင်သစ်တွေက သူတို့အနေနဲ့ ကလပ်ကို မန်စီးတီးနဲ့ပီအက်စ်ဂျီတို့လို စူပါပါဝါအသင်းဖြစ်လာအောင် ပြောင်းလဲလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ပူးတွဲပိုင်ရှင်တစ်ယောက်ဖြစ်တဲ့အမန်ဒါစတက်ဗလေဟာ ကလပ်အခြေစိုက်ရာ တိုင်းဆိုက်ဒေသက သူမရဲ့ဟိုတယ်မှာ နာမည်ကြီးဗြိတိန်သတင်းစာတစ်ခုဖြစ်တဲ့ Daily Mail နဲ့ အင်တာဗျူးစဉ် အနာဂါတ်ရည်မှန်းချက်နဲ့ပတ်သက်လို့ ပြောခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကို ဆော်ဒီအစိုးရရဲ့နိုင်ငံပိုင်စီးပွားရေးရင်းနှီးမြှပ်နံှမှုအဖွဲ့အစည်း PIF ကျောထောက် နောက်ခံပေးတဲ့ အစုအဖွဲ့တစ်ခုက ဝယ်ယူခဲ့တာပါ။

ဆော်ဒီအစိုးရပိုင် PIF ဟာ ကမ္ဘာမှာအကြီးမားဆုံးနိုင်ငံစီးပွားရေးရင်းနှီးမြှပ်နှံမှုအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး ကြွယ်ဝမှုအနေနဲ့ ပေါင် ၇၀၀ ဘီလီယံလောက်ရှိတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့်လည်း နယူးကာဆယ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပိုင်ရှင်တွေရှိတဲ့ဘောလုံးကလပ်ဖြစ်လာခဲ့ပြီး အဲဒီအတွက်လည်း စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းရှေ့မှာ အသင်းပရိသတ်တွေဟာ သွားရောက်အောင်ပွဲခံခဲ့ကြပါတယ်။

နယူးကာဆယ်ရဲ့ပူးတွဲပိုင်ရှင်သစ်တစ်ယောက်ဖြစ်တဲ့အမန်ဒါကတော့”ကျွန်မတို့မှာ ဆုဖလားအောင်မြင်မှုရရေးအတွက် မန်စီးတီးနဲ့ပီအက်စ်ဂျီတို့လို တူညီတဲ့ရည်မှန်းချက်ရှိပါတယ်။ ဒါပေမဲ့ အချိန်ယူရမှာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမန်ဒါက”လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲချင်လားဆိုရင် ဒါပေါ့လို့ပဲ ဖြေရမှာပေါ့။

ဒီလွှဲပြောင်းရယူမှုက အရမ်းကိုကြီးမားပါတယ်။

ကျွန်မတု့ိအနေနဲ့ ဆုဖလားတွေကို မြင်ချင်ပါတယ်။

ဒါပေမဲ့ ဆုဖလားတွေဟာ ရင်းနှီးမြှပ်နံှမှု၊ အချိန်၊ စိတ်ရှည်မှုနဲ့ အသင်းအဖွဲ့လိုက်လုပ်ဆောင်နိုင်မှုတို့ လိုအပ်ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ အသင်းပိုင်ရှင်အပြောင်းအလဲကြောင့် လက်ရှိနယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ဟာ ရာထူးက ထုတ်ပယ်ခံရတော့မှာဖြစ်ပြီး ပိုင်ရှင်သစ်တွေက သူ့ကို ဖယ်ရှားဖို့လိုအပ်တဲ့ ပေါင် ၈ သန်းပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။

ဒါပေမဲ့ သူတို့အဓိကပစ်မှတ်ထားသူနည်းပြတွေဟာ လက်ရှိမှာ အသင်းကိုယ်စီရှိနေတာကြောင့် နည်းပြသစ်ခန့်နိုင်ဖို့အတွက်တော့ အခက်အခဲရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

”ကြၽန္မတို႔ဟာ ပီအက္စ္ဂ်ီလို ႀကီးမားႏိုင္ပါတယ္” – နယူးကာဆယ္ပူးတြဲပိုင္ရွင္အမန္ဒါ

ေပါင္ ၃၀၅ သန္းနဲ႔ အသင္းကို လႊဲေျပာင္းယူမႈ ၿပီးျပည့္စုံခဲ့ၿပီးေနာက္ နယူးကာဆယ္ရဲ႕ပိုင္ရွင္သစ္ေတြက သူတို႔အေနနဲ႔ ကလပ္ကို မန္စီးတီးနဲ႔ပီအက္စ္ဂ်ီတို႔လို စူပါပါဝါအသင္းျဖစ္လာေအာင္ ေျပာင္းလဲလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

နယူးကာဆယ္အသင္းရဲ႕ပူးတြဲပိုင္ရွင္တစ္ေယာက္ျဖစ္တဲ့အမန္ဒါစတက္ဗေလဟာ ကလပ္အေျခစိုက္ရာ တိုင္းဆိုက္ေဒသက သူမရဲ႕ဟိုတယ္မွာ နာမည္ႀကီးၿဗိတိန္သတင္းစာတစ္ခုျဖစ္တဲ့ Daily Mail နဲ႔ အင္တာဗ်ဴးစဥ္ အနာဂါတ္ရည္မွန္းခ်က္နဲ႔ပတ္သက္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္အသင္းကို ေဆာ္ဒီအစိုးရရဲ႕ႏိုင္ငံပိုင္စီးပြားေရးရင္းႏွီးျမႇပ္နံွမႈအဖြဲ႕အစည္း PIF ေက်ာေထာက္ ေနာက္ခံေပးတဲ့ အစုအဖြဲ႕တစ္ခုက ဝယ္ယူခဲ့တာပါ။ ေဆာ္ဒီအစိုးရပိုင္ PIF ဟာ ကမာၻမွာအႀကီးမားဆုံးႏိုင္ငံစီးပြားေရးရင္းႏွီးျမႇပ္ႏွံမႈအဖြဲ႕အစည္းေတြထဲက တစ္ခုျဖစ္ၿပီး ႂကြယ္ဝမႈအေနနဲ႔ ေပါင္ ၇၀၀ ဘီလီယံေလာက္ရွိတယ္လို႔ ဆိုၾကပါတယ္။

ဒါေၾကာင့္လည္း နယူးကာဆယ္ဟာ ကမာၻေပၚမွာ အခ်မ္းသာဆုံးပိုင္ရွင္ေတြရွိတဲ့ေဘာလုံးကလပ္ျဖစ္လာခဲ့ၿပီး အဲဒီအတြက္လည္း စိန႔္ဂ်ိမ္းစ္ပါ့ခ္ကြင္းေရွ႕မွာ အသင္းပရိသတ္ေတြဟာ သြားေရာက္ေအာင္ပြဲခံခဲ့ၾကပါတယ္။
နယူးကာဆယ္ရဲ႕ပူးတြဲပိုင္ရွင္သစ္တစ္ေယာက္ျဖစ္တဲ့အမန္ဒါကေတာ့”ကြၽန္မတို႔မွာ ဆုဖလားေအာင္ျမင္မႈရေရးအတြက္ မန္စီးတီးနဲ႔ပီအက္စ္ဂ်ီတို႔လို တူညီတဲ့ရည္မွန္းခ်က္ရွိပါတယ္။ ဒါေပမဲ့ အခ်ိန္ယူရမွာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အမန္ဒါက”လာမယ့္ ၅ ႏွစ္ကေန ၁၀ ႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲခ်င္လားဆိုရင္ ဒါေပါ့လို႔ပဲ ေျဖရမွာေပါ့။ ဒီလႊဲေျပာင္းရယူမႈက အရမ္းကိုႀကီးမားပါတယ္။ ကြၽန္မတု႔ိအေနနဲ႔ ဆုဖလားေတြကို ျမင္ခ်င္ပါတယ္။ ဒါေပမဲ့ ဆုဖလားေတြဟာ ရင္းႏွီးျမႇပ္နံွမႈ၊ အခ်ိန္၊ စိတ္ရွည္မႈနဲ႔ အသင္းအဖြဲ႕လိုက္လုပ္ေဆာင္ႏိုင္မႈတို႔ လိုအပ္ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ေလာေလာဆယ္မွာေတာ့ အသင္းပိုင္ရွင္အေျပာင္းအလဲေၾကာင့္ လက္ရွိနယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ဟာ ရာထူးက ထုတ္ပယ္ခံရေတာ့မွာျဖစ္ၿပီး ပိုင္ရွင္သစ္ေတြက သူ႔ကို ဖယ္ရွားဖို႔လိုအပ္တဲ့ ေပါင္ ၈ သန္းေပးဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း သိရပါတယ္။ ဒါေပမဲ့ သူတို႔အဓိကပစ္မွတ္ထားသူနည္းျပေတြဟာ လက္ရွိမွာ အသင္းကိုယ္စီရွိေနတာေၾကာင့္ နည္းျပသစ္ခန႔္ႏိုင္ဖို႔အတြက္ေတာ့ အခက္အခဲရွိပါတယ္။