“ကျွန်တေ်ာတို့ ချယ်လ်ဆီး အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းပါ…” မေဆန်မောင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီကထွက်ပေါ်လာတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမေဆန်မောင့်က သူတို့အသင်းဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းဖြစ်တယ်လို့ မန်စီးတီးကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကိုကိုင်မြောက်နိုင်ပြီးတဲ့နောက်မှာ ကြွေးကြော်လိုက်ပါတယ်။

အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ မေဆန်မောင့်ဟာ ဗိုလ်လုပွဲမှာရရှိခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးအတွက် ဖန်တီးပေးခဲ့သူလည်းဖြစ်ပြီး တစ်ပွဲလုံးမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ချန်ပီယံလိဂ်ဖလားကိုကိုင်မြောက်ခွင့်ရခဲ့တာဟာ မေဆန်မောင့်ရဲ့အကွက်မြင်မြင်ပေးပို့မှုကအဓိကကျခဲ့ပါတယ်။

သူဟာ ချယ်လ်ဆီးအကယ်ဒမီကထွက်ပေါ်လာခဲ့သူတစ်ဦးလည်းဖြစ်သလို လမ်းပတ်ရဲ့ နေရာပေးမှုနဲ့အတူ ခြေစွမ်းပိုင်းတိုးတက်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာပါ ရွေးချယ်ခံနေရ သူလည်းဖြစ်ပါတယ်။

နည်းပြတူချယ်လ်လက်ထက်မှာလည်း အဓိကကစားသမားနေရာကနေ ပါဝင်ခွင့်ရနေဆဲဖြစ်ပြီး ပရိသတ်အကြိုက်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိလာခဲ့ပါတယ်။

“ကျွန်တော်အခု ပြောစရာစကားတွေတောင်မရှိတော့ပါဘူး၊ ဒါဟာ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။

ချယ်လ်ဆီးနဲ့အတူ ကျွန်တော်ဗိုလ်လုပွဲ(၂)ကြိမ်ကစားခဲ့ဖူးပေမယ့် (၂)ကြိမ်စလုံးအရေးနိမ့်ခဲ့ပါတယ်။

အဲ့ခံစားချက်ကအတော်ကိုဆိုးဝါးပါတယ်။ ကျွန်တော့်အိပ်မက်က ချယ်လ်ဆီး အသင်းနဲ့အတူ ဆုဖလားအားလုံးဆွတ်ခူးနိုင်ဖို့ပါ။

ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ အသင်းဟာ ခက်ခဲတဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကျွန်တေ်ာတို့ ဗိုလ်လုပွဲထိရောက်လာခဲ့ပြီး အနိုင်ရခဲ့တယ်။ ဒါက သိပ်ကောင်းတဲ့အချိန်ပါပဲ။”

“ဒီအခြေအနေ ဒီအချိန်အခါမှာတော့ ကျွန်တေ်ာတို့အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းပါပဲ။

ဒီဂုဏ်ပုဒ်ကို ကျွန်တော်တို့ဆီကနေ ဘယ်သူမှယူသွားလို့မရပါဘူး။

မန်စီးတီးကလည်း အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို ခင်ဗျာတို့ ပရီးမီးယားလိဂ်မှာ မြင်တွေ့ကြမှာပါ။

ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတစ်ဂိုးရခဲ့သလို ခံစစ်ကိုလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

နောက်ပြီး ပွဲကြည့်စင်ကနေ လာကြည့်နေတဲ့ ကျွန်တော့်ရဲ့ အဖေကိုမြင်လိုက်ရတာ ကျွန်တော်အတွက် ဒီနိုင်ပွဲဟာ ပြည့်စုံစေပါတယ်။” လို့ မေဆန်မောင့်က ပြောဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“ကြၽန္ေတ္ာတို႔ ခ်ယ္လ္ဆီး အသင္းဟာ ကမာၻေပၚမွာ အေကာင္းဆုံးအသင္းပါ…” ေမဆန္ေမာင့္

ခ်ယ္လ္ဆီးအသင္းရဲ႕ အကယ္ဒမီကထြက္ေပၚလာတဲ့ ကြင္းလယ္္တိုက္စစ္ကစားသမားေမဆန္ေမာင့္က သူတို႔အသင္းဟာ ကမာၻေပၚမွာအေကာင္းဆုံးအသင္းျဖစ္တယ္လို႔ မန္စီးတီးကိုအႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ဖလားကိုကိုင္ေျမာက္ႏိုင္ၿပီးတဲ့ေနာက္မွာ ေႂကြးေၾကာ္လိုက္ပါတယ္။ အသက္ ၂၂ႏွစ္ရွိၿပီျဖစ္တဲ့ ေမဆန္ေမာင့္ဟာ ဗိုလ္လုပြဲမွာရရွိခဲ့တဲ့ ဟာဗတ္ဇ္ရဲ႕ တစ္လုံးတည္းေသာသြင္းဂိုးအတြက္ ဖန္တီးေပးခဲ့သူလည္းျဖစ္ၿပီး တစ္ပြဲလံုးမွာ ေျခစြမ္းျပကစားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒီပြဲမွာ ခ်န္ပီယံလိဂ္ဖလားကိုကိုင္ေျမာက္ခြင့္ရခဲ့တာဟာ ေမဆန္ေမာင့္ရဲ႕အကြက္ျမင္ျမင္ေပးပို႔မႈကအဓိကက်ခဲ့ပါတယ္။ သူဟာ ခ်ယ္လ္ဆီးအကယ္ဒမီကထြက္ေပၚလာခဲ့သူတစ္ဦးလည္းျဖစ္သလို လမ္းပတ္ရဲ႕ ေနရာေပးမႈနဲ႔အတူ ေျခစြမ္းပိုင္းတိုးတက္လာခဲ့ ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးမွာပါ ေ႐ြးခ်ယ္ခံေနရ သူလည္းျဖစ္ပါတယ္။ နည္းျပတူခ်ယ္လ္လက္ထက္မွာလည္း အဓိကကစားသမားေနရာကေန ပါဝင္ခြင့္ရေနဆဲျဖစ္ၿပီး ပရိသတ္အႀကိဳက္ဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ရွိလာခဲ့ပါတယ္။

“ကြၽန္ေတာ္အခု ေျပာစရာစကားေတြေတာင္မရွိေတာ့ပါဘူး၊ ဒါဟာ တကယ့္ကို မယံုႏိုင္ေလာက္ေအာင္ပါပဲ။ ခ်ယ္လ္ဆီးနဲ႔အတူ ကြၽန္ေတာ္ဗို္လ္လုပြဲ(၂)ႀကိမ္ကစားခဲ့ဖူးေပမယ့္ (၂)ႀကိမ္စလုံးအေရးနိမ့္ခဲ့ပါတယ္။ အဲ့ခံစားခ်က္ကအေတာ္ကိုဆိုးဝါးပါတယ္။ ကြၽန္ေတာ့္အိပ္မက္က ခ်ယ္လ္ဆီး အသင္းနဲ႔အတူ ဆုဖလားအားလုံးဆြတ္ခူးႏိုင္ဖို႔ပါ။ ခ်န္ပီယံလိဂ္မွာ ကြၽန္ေတာ္တို႔ အသင္းဟာ ခက္ခဲတဲ့အသင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ကြၽန္ေတ္ာတို႔ ဗိုလ္လုပြဲထိေရာက္လာခဲ့ၿပီး အႏိုင္ရခဲ့တယ္။ ဒါက သိပ္ေကာင္းတဲ့အခ်ိန္ပါပဲ။”

“ဒီအေျခအေန ဒီအခ်ိန္အခါမွာေတာ့ ကြၽန္ေတ္ာတို႔အသင္းဟာ ကမာၻေပၚမွာ အေကာင္းဆုံးအသင္းပါပဲ။ ဒီဂုဏ္ပုဒ္ကို ကြၽန္ေတာ္တို႔ဆီကေန ဘယ္သူမွယူသြားလို႔မရပါဘူး။ မန္စီးတီးကလည္း အသင္းေကာင္းတစ္သင္းျဖစ္တယ္ဆိုတာကို ခင္ဗ်ာတို႕ ပရီးမီးယားလိဂ္မွာ ျမင္ေတြ႕ၾကမွာပါ။ ဒီပြဲက ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သြင္းဂိုးတစ္ဂိုးရခဲ့သလို ခံစစ္ကိုလည္း ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး ပြဲၾကည့္စင္ကေန လာၾကည့္ေနတဲ့ ကၽြန္ေတာ့္ရဲ႕ အေဖကိုျမင္လိုက္ရတာ ကၽြန္ေတာ္အတြက္ ဒီႏိုင္ပြဲဟာ ျပည့္စံုေစပါတယ္။” လို႔ ေမဆန္ေမာင့္က ေျပာဆိုသြားခဲ့ပါတယ္။