ကျွန်တော်ဘောလုံးလောကထဲကို နောက်ထပ်ပြန်လာပါအုံးမယ်- မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးလောကကလည်း အခုအချိန်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ဥရောပစူပါလိဂ်ကြောင့် ပိုင်ရှင်၊နည်းပြ၊ ကစားသမားတွေပါ ဆူညံပွက်လောရိုက်နေပါတယ်။ ဥရောပစူပါလိဂ်ရဲ့မီးတစ်စကြောင့် အလုပ်အထုတ်ခံရနိုင်ခြေရှိတဲ့ မော်ရင်ဟိုဟာအခုတော့ အထုပ်လေးတွေသိမ်းပြီး ကားလေးမောင်းကာ စပါးအသင်းကို နှုတ်ဆက်ခဲ့ပါပြီ။

စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း မော်ရင်ဟိုက သူ့အနေနဲ့ နည်းပြအဖြစ်အာရုံစိုက်ထားမှုကနေ လျော့ကျသွားမှာမဟုတ်သလို အနားယူဖို့မလိုအပ်တာကြောင့် ဘောလုံးလောကထဲကို နည်းပြအဖြစ်နဲ့ ပြန်လာပြီး အခြားအသင်းတစ်သင်းကို ကိုင်တွယ်ဖို့ အသင့်ဖြစ်နေ ကြောင်း အပြုံးမပျက်ဘဲပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ စပါးအသင်းကို ဒီနှစ်ဘောလုံးရာသီမှာ ခါရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာပဲ စောစောစီးစီး လှည့်ပြန်ထားရသလို ပရီးမီးယားလိဂ်မှာလည်း လက်ရှိ အဆင့်(၇)အထိ ရောက်ရှိနေအောင်ပဲ စွမ်းဆောင်ပေးထားနိုင်ပါတယ်။

စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဘာကိုမှ မပြောလိုပါဘူး။ အနားယူဖို့ကတော့ လိုကိုမလိုအပ်တာပါ။ ဘက်ထရီ အားပြန်သွင်းဖို့ မလိုအပ်ပါဘူး။ ငါက ဘောလုံးနယ်ပယ်ထဲမှာပဲ အမြဲတမ်းရှိနေမယ့် လူစားမျိုးပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းဟာ မော်ရင်ဟိုကို လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ အသင်းနည်းပြအဖြစ် စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး နည်းပြသက်တမ်း (၁၇)လအကြာမှာပဲ အခုလို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။အလုပ်ထုတ်ခံရတဲ့ မော်ရင်ဟိုဟာ စပါးအသင်းဆီကနေ လျော်ကြေးပေါင် သန်း 20 ဝန်းကျင် ရရှိပါမယ်။

ထုတ်လိုက်၊ ခန့်လိုက်ဖြစ်နေတဲ့ ဘောလုံးသံသရာမှာကျင်လည်နေတဲ့ မော်ရင်ဟိုဟာ နည်းပြဘဝမှာ ပေါ်တို၊ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီးတော့ ဘယ်အသင်းကို ထပ်မံကိုင်တွယ်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကၽြန္ေတာ္ေဘာလုံးေလာကထဲကို ေနာက္ထပ္ျပန္လာပါအုံးမယ္- ေမာ္ရင္ဟို

ေဘာလုံးေလာကကလည္း အခုအခ်ိန္မွာ တိုက္ပဲြျပင္းထန္ေနပါတယ္။ ဥေရာပစူပါလိဂ္ေၾကာင့္ ပိုင္ရွင္၊နည္းျပ၊ ကစားသမားေတြပါ ဆူညံပြက္ေလာရိုက္ေနပါတယ္။ ဥေရာပစူပါလိဂ္ရဲ႕မီးတစ္စေၾကာင့္ အလုပ္အထုတ္ခံရႏိုင္ေျခရိွတဲ့ ေမာ္ရင္ဟိုဟာအခုေတာ့ အထုပ္ေလးေတြသိမ္းၿပီး ကားေလးေမာင္းကာ စပါးအသင္းကို ႏွုတ္ဆက္ခဲ့ပါၿပီ။

စပါးနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရေပမယ့္လည္း ေမာ္ရင္ဟိုက သူ႔အေနနဲ႔ နည္းျပအျဖစ္အာ႐ုံစိုက္ထားမႈကေန ေလ်ာ့က်သြားမွာမဟုတ္သလို အနားယူဖို႔မလိုအပ္တာေၾကာင့္ ေဘာလုံးေလာကထဲကို နည္းျပအျဖစ္နဲ႔ ျပန္လာၿပီး အျခားအသင္းတစ္သင္းကို ကိုင္တြယ္ဖို႔ အသင့္ျဖစ္ေန ေၾကာင္း အၿပဳံးမပ်က္ဘဲေျပာၾကားခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ စပါးအသင္းကို ဒီႏွစ္ေဘာလုံးရာသီမွာ ခါရာေဘာင္းလိဂ္ဖလား ဗိုလ္လုပြဲအထိေရာက္ေအာင္ ပို႔ေဆာင္ထားႏိုင္ခဲ့ေပမယ့္ ယူ႐ိုပါလိဂ္မွာပဲ ေစာေစာစီးစီး လွည့္ျပန္ထားရသလို ပရီးမီးယားလိဂ္မွာလည္း လက္ရွိ အဆင့္(၇)အထိ ေရာက္ရွိေနေအာင္ပဲ စြမ္းေဆာင္ေပးထားႏိုင္ပါတယ္။

စပါးအသင္းကေန ထုတ္ပယ္ခံလိုက္ရတာနဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟုိက “ဘာကိုမွ မေျပာလိုပါဘူး။ အနားယူဖို႔ကေတာ့ လိုကိုမလိုအပ္တာပါ။ ဘက္ထရီ အားျပန္သြင္းဖို႔ မလိုအပ္ပါဘူး။ ငါက ေဘာလုံးနယ္ပယ္ထဲမွာပဲ အၿမဲတမ္းရွိေနမယ့္ လူစားမ်ိဳးပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

စပါးအသင္းဟာ ေမာ္ရင္ဟိုကို လြန္ခဲ့တဲ့ ၂၀၁၉ခုႏွစ္ ႏိုဝင္ဘာလမွာ အသင္းနည္းျပအျဖစ္ စတင္ခန႔္အပ္ခဲ့တာျဖစ္ၿပီး နည္းျပသက္တမ္း (၁၇)လအၾကာမွာပဲ အခုလို ရာထူးကေန ထုတ္ပယ္လိုက္တာျဖစ္ပါတယ္။အလုပ္ထုတ္ခံရတဲ့ ေမာ္ရင္ဟိုဟာ စပါးအသင္းဆီကေန ေလ်ာ္ေၾကးေပါင္ သန္း 20 ၀န္းက်င္ ရရိွပါမယ္။

ထုတ္လုိက္၊ ခန္႔လုိက္ျဖစ္ေနတဲ့ ေဘာလံုးသံသရာမွာက်င္လည္ေနတဲ့ ေမာ္ရင္ဟိုဟာ နည္းျပဘဝမွာ ေပၚတို၊ ခ်ယ္လ္ဆီး၊ ရီးရဲလ္မက္ဒရစ္၊ အင္တာမီလန္၊ ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔ကို ကိုင္တြယ္ခဲ့ဖူးၿပီးေတာ့ ဘယ္အသင္းကို ထပ္မံကိုင္တြယ္သြားမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။