ကျွန်တော်တို့ကြားမှာ ခြေစွမ်းချင်းသိပ်မကွာကြတော့ပါဘူး…

PC ; Internet

လက်ရှိချန်ပီယံမန်စီးတီးကိုရှုံးနိမ့်ခဲ့ပေမယ့် ချဲလ်ဆီးနည်းပြလမ်းပတ်ကတော့ သူ့အသင်းရဲ့စွမ်းဆောင်မှုအပေါ် ကျေနပ်နေပါတယ်။ဒီပွဲမှာ ချဲလ်ဆီးဟာ မန်စီးတီးနဲ့လီဗာပူးတို့လို ချန်ပီယံဆုခြိမ်းခြောက်နိုင်တဲ့အသင်းဖြစ်တယ်ဆိုတာ ထင်ရှားစေခဲ့တယ်လို့လည်း လမ်းပတ်က ပြောဆိုလိုက်ပါတယ်။စနေညပွဲစဉ်မှာ ချဲလ်ဆီးဟာ ကန်တီရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီဘရူနီနဲ့မာရက်ဇ်တို့က မန်စီးတီးအတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းသွားခဲ့ကြတာပါ။

PC ; Internet

ဒါဟာ ချဲလ်ဆီးရဲ့ ၆ပွဲဆက်အနိုင်ရတဲ့မှတ်တမ်းရပ်တန့်သွားခဲ့တာဖြစ်ပေမယ့် လမ်းပတ်ကတော့ သူ့ရဲ့အသင်းခြေစွမ်းအပေါ် သံသယမရှိယုံကြည်နေပါတယ်။” ကြီးမားတဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ ကျွန်တော်တို့ကောင်းနေသလို တစ်ချို့အပိုင်းတွေမှာလည်း တိုးတက်လာဖို့ရှိနေပါတယ်။ဒါဟာ ကွာခြားမှုတွေရဲ့အဖြေပါပဲ။မနှစ်က မန်စီးတီး၊လီဗာပူးတို့နဲ့ ဘာကြောင့်အမှတ်တွေကွာခဲ့တာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။

PC ; Internet

အဓိကအကြောင်းအရာထဲမှာ ကျွန်တော်တို့ တစ်လှမ်းပြီးတစ်လှမ်းသွားနေပြီထင်ပါတယ်။ဒီပွဲမှာ အသေးစိတ်ပြောစရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့ ကျွန်တော်တို့မှာ ရှိနိုင်တဲ့အရည်အသွေးမျိုး မရခဲ့ဘူးလို့ခံစားရပါတယ်။ဒီလိုပွဲမျိုးမှာ အနိုင် ဒါမှမဟုတ် အရှုံးဆိုတာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။လက်ရှိအချိန်မှာ အရေးအကြီးဆုံးကတော့ မခံစားရတာကြာပြီဖြစ်တဲ့ရှုံးနိမ့်မှုကို တွေ့ကြုံလိုက်ရတဲ့အတွက် တုံ့ပြန်ပြနိုင်ဖို့ပါပဲ။

PC ; Internet

ကျွန်တော်တို့ခြေစွမ်းကတော့ ကွာခြားမှုတွေကိုကျဉ်းမြောင်းပစ်နေပါပြီ ” လို့ လမ်းပတ်က ဖွင့်ဟသွားပါတယ်။ဒီပွဲမှာ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု ၄၆.၇၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး နည်းပြဂွါဒီယိုလာတာဝန်ယူခဲ့တဲ့ ပရီးမီးယားလိဂ် ၃၈၁ပွဲမှာ အနည်းဆုံးပိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။

(zawgyi)

လက္ရွိခ်န္ပီယံမန္စီးတီးကိုရံႈးနိမ့္ခဲ့ေပမယ့္ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ကေတာ့ သူ႔အသင္းရဲ႕စြမ္းေဆာင္မႈအေပၚ ေက်နပ္ေနပါတယ္။ဒီပြဲမွာ ခ်ဲလ္ဆီးဟာ မန္စီးတီးနဲ႔လီဗာပူးတို႔လို ခ်န္ပီယံဆုၿခိမ္းေျခာက္ႏိုင္တဲ့အသင္းျဖစ္တယ္ဆိုတာ ထင္ရွားေစခဲ့တယ္လို႔လည္း လမ္းပတ္က ေျပာဆိုလိုက္ပါတယ္။စေနညပြဲစဥ္မွာ ခ်ဲလ္ဆီးဟာ ကန္တီရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒီဘရူနီနဲ႔မာရက္ဇ္တို႔က မန္စီးတီးအတြက္ ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြသြင္းသြားခဲ့ၾကတာပါ။ဒါဟာ ခ်ဲလ္ဆီးရဲ႕ ၆ပြဲဆက္အႏိုင္ရတဲ့မွတ္တမ္းရပ္တန္႔သြားခဲ့တာျဖစ္ေပမယ့္ လမ္းပတ္ကေတာ့ သူ႔ရဲ႕အသင္းေျခစြမ္းအေပၚ သံသယမရွိယံုၾကည္ေနပါတယ္။” ႀကီးမားတဲ့ တစ္ခ်ိဳ႔အစိတ္အပိုင္းေတြမွာ ကၽြန္ေတာ္တို႔ေကာင္းေနသလို တစ္ခ်ိဳ႔အပိုင္းေတြမွာလည္း တိုးတက္လာဖို႔ရွိေနပါတယ္။ဒါဟာ ကြာျခားမႈေတြရဲ႕အေျဖပါပဲ။မႏွစ္က မန္စီးတီး၊လီဗာပူးတို႔နဲ႔ ဘာေၾကာင့္အမွတ္ေတြကြာခဲ့တာလဲဆိုတဲ့ အေၾကာင္းရင္းပါပဲ။အဓိကအေၾကာင္းအရာထဲမွာ ကၽြန္ေတာ္တို႔ တစ္လွမ္းၿပီးတစ္လွမ္းသြားေနၿပီထင္ပါတယ္။ဒီပြဲမွာ အေသးစိတ္ေျပာစရာေတြအမ်ားႀကီးရွိပါတယ္။ဒါေပမဲ့ ကၽြန္ေတာ္တို႔မွာ ရွိႏိုင္တဲ့အရည္အေသြးမ်ိဳး မရခဲ့ဘူးလို႔ခံစားရပါတယ္။ဒီလိုပြဲမ်ိဳးမွာ အႏိုင္ ဒါမွမဟုတ္ အရံႈးဆိုတာ ဘာမဆိုျဖစ္သြားႏိုင္ပါတယ္။လက္ရွိအခ်ိန္မွာ အေရးအႀကီးဆံုးကေတာ့ မခံစားရတာၾကာၿပီျဖစ္တဲ့ရံႈးနိမ့္မႈကို ေတြ႔ႀကံဳလိုက္ရတဲ့အတြက္ တံု႔ျပန္ျပႏိုင္ဖို႔ပါပဲ။ကၽြန္ေတာ္တို႔ေျခစြမ္းကေတာ့ ကြာျခားမႈေတြကိုက်ဥ္းေျမာင္းပစ္ေနပါၿပီ ” လို႔ လမ္းပတ္က ဖြင့္ဟသြားပါတယ္။ဒီပြဲမွာ မန္စီးတီးဟာ ေဘာလံုးပိုင္ဆိုင္မႈ ၄၆.၇၄ ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး နည္းျပဂြါဒီယိုလာတာ၀န္ယူခဲ့တဲ့ ပရီးမီးယားလိဂ္ ၃၈၁ပြဲမွာ အနည္းဆံုးပိုင္ဆိုင္မႈျဖစ္ခဲ့ပါတယ္။