‘ကျွန်တော်က စံချိန်တွေနောက် မလိုက်ဘူး၊စံချိန်တွေကသာ ကျွန်တော့်နောက်လိုက်နေတာ’- စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

ကလပ်နဲ့နိုင်ငံအတွက် သူ့ရဲ့ ၇၀၀ မြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီးနောက် စီရော်နယ်ဒိုက သူ့အနေနဲ့ စံချိန်မှတ်တမ်းတွေနောက်ကို လိုက်နေတာမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲဒီပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ယူကရိန်းနဲ့ခြေစစ်ပွဲစဉ်မှာ ဒုတိယပိုင်းပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် အဲဒီစံချိန်မှတ်တမ်းကို ရရှိခဲ့တာပါ။ နိုင်ငံအသင်းအတွက် သူ့ရဲ့၉၅ ဂိုးမြောက်လည်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီရှုံးနိမ့်ခဲ့ပေမယ့် ပွဲအပြီးမှာ စီရော်နယ်ဒိုရဲ့စံချိန်မှတ်တမ်းကသာ အားလုံးအတွက် တစ်ခုတစ်ရပြောစရာဖြစ်ခဲ့ပါတယ်။

photo-reuters

”ဒီမှတ်တမ်းကို လူတိုင်းတော့ ဘယ်ရနိုင်မလဲ။ အခုလို ကျွန်တော်ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေ၊မိတ်ဆွေတွေနဲ့ နည်းပြတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မနိုင်ခဲ့လို့ စိတ်ပျက်ရပါတယ်။ ဒါပေမဲ့ အသင်းအတွက်တော့ ဂုဏ်ယူရပါတယ်”လို့ စီရော်နယ်ဒိုက ပြောသွားခဲ့တာပါ။ စီရော်နယ်ဒိုဟာ ပီလီနဲ့ရိုမာရီယိုတို့လိုပဲ ကစားသမားဘ၀ ဂိုး ၇၀၀ ပြည့်ခဲ့တာဖြစ်ပြီး အဲဒီလိုစွမ်းဆောင်နိုင်တဲ့ ၆ ယောက်မြောက်ကစားသမားဖြစ်လာခဲ့တာပါ။

photo-EPA

”ကျွန်တော့်မှာ စံချိန်မှတ်တမ်းဘယ်လောက်များများရှိသလဲဆိုတာ မသိပါဘူး။ ဒီအချိန်လေးကို ကျွန်တော်ကျေနပ်ခံစားရမှာပါ။ ဒီအထင်ကြီးဖွယ်မှတ်တမ်းရောက်အောင် ကူညီပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ စံချိန်မှတ်တမ်းတွေကတော့ သူ့အလိုလိုကိုရောက်လာတာပါ။ ကျွန်တော်က သူတို့ကို ရှာဖွေနေတာမဟုတ်ပါဘူး။ စံချိန်တွေကသာ ကျွန်တော့်ကိုရှာဖွေနေတာပါ။ ဘာစွဲလမ်းမှုမှမရှိဘဲနဲ့ သူတို့ဟာ အလိုလိုဖြစ်လာတာပါ”လို့ စီရော်နယ်ဒိုက ဆက်ပြောခဲ့ပါတယ်။

[Zawgyi]

‘ကၽြန္ေတာ္က စံခ်ိန္ေတြေနာက္ မလုိက္ဘူး၊စံခ်ိန္ေတြကသာ ကၽြန္ေတာ့္ေနာက္လိုက္ေနတာ’- စီေရာ္နယ္ဒုိ

ကလပ္နဲ႔ႏိုင္ငံအတြက္ သူ႔ရဲ႕ ၇၀၀ ေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုက သူ႔အေနနဲ႔ စံခ်ိန္မွတ္တမ္းေတြေနာက္ကို လုိက္ေနတာမဟုတ္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္။ အဲဒီေပၚတူဂီအသင္းေခါငး္ေဆာင္ဟာ ယူကရိန္းနဲ႔ေျခစစ္ပြဲစဥ္မွာ ဒုတိယပိုင္းပင္နယ္တီကို ဂိုးအျဖစ္ေျပာင္းလဲႏုိင္ခဲ့တာေၾကာင့္ အဲဒီစံခ်ိန္မွတ္တမ္းကို ရရွိခဲ့တာပါ။ ႏိုင္ငံအသင္းအတြက္ သူ႔ရဲ႕၉၅ ဂိုးေျမာက္လည္း ျဖစ္ပါတယ္။ အဲဒီပြဲမွာ ေပၚတူဂီရႈံးနိမ့္ခဲ့ေပမယ့္ ပြဲအၿပီးမွာ စီေရာ္နယ္ဒိုရဲ႕စံခ်ိန္မွတ္တမ္းကသာ အားလုံးအတြက္ တစ္ခုတစ္ရေျပာစရာျဖစ္ခဲ့ပါတယ္။

”ဒီမွတ္တမ္းကို လူတိုင္းေတာ့ ဘယ္ရႏိုင္မလဲ။ အခုလို ကၽြန္ေတာ္ျဖစ္လာေအာင္ ကူညီေပးခဲ့ၾကတဲ့ အသင္းေဖာ္ေတြ၊မိတ္ေဆြေတြနဲ႔ နည္းျပေတြကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္တို႔မႏိုင္ခဲ့လို႔ စိတ္ပ်က္ရပါတယ္။ ဒါေပမဲ့ အသင္းအတြက္ေတာ့ ဂုဏ္ယူရပါတယ္”လုိ႔ စီေရာ္နယ္ဒိုက ေျပာသြားခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ ပီလီနဲ႔ရိုမာရီယုိတုိ႔လိုပဲ ကစားသမားဘ၀ ဂိုး ၇၀၀ ျပည့္ခဲ့တာျဖစ္ၿပီး အဲဒီလိုစြမ္းေဆာင္ႏိုင္တဲ့ ၆ ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့တာပါ။

”ကၽြန္ေတာ့္မွာ စံခ်ိန္မွတ္တမ္းဘယ္ေလာက္မ်ားမ်ားရွိသလဲဆုိတာ မသိပါဘူး။ ဒီအခ်ိန္ေလးကို ကၽြန္ေတာ္ေက်နပ္ခံစားရမွာပါ။ ဒီအထင္ႀကီးဖြယ္မွတ္တမ္းေရာက္ေအာင္ ကူညီေပးခဲ့တဲ့သူေတြကုိ ေက်းဇူးတင္ပါတယ္။ စံခ်ိန္မွတ္တမ္းေတြကေတာ့ သူ႔အလိုလုိကိုေရာက္လာတာပါ။ ကၽြန္ေတာ္က သူတုိ႔ကို ရွာေဖြေနတာမဟုတ္ပါဘူး။ စံခ်ိန္ေတြကသာ ကၽြန္ေတာ့္ကိုရွာေဖြေနတာပါ။ ဘာစြဲလမ္းမႈမွမရွိဘဲနဲ႔ သူတုိ႔ဟာ အလုိုလိုျဖစ္လာတာပါ”လုိ႔ စီေရာ္နယ္ဒိုက ဆက္ေျပာခဲ့ပါတယ္။