

လီဗာပူးသာ ဆဲလ်ဘက်လို ပထမပိုင်းအပြီးမှာ ကင်မရာသမားတွေကို အဝတ်လဲခန်းထဲ ဝင်ခွင့်ပေးရင် အသင်းကနေ သူ ထွက်သွားမယ်လို့ နည်းပြဂျာဂင်ကလော့ပ်က ဒေါသတကြီးပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ ဆဲလ်ဘက်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးဟာ ၄-၃ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပထမပိုင်း ၃၆ မိနစ်အတွင်းမှာတင် မာနေး၊ရောဘတ်ဆန်၊ဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့ သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ဆဲလ်ဘက်ဟာ ပထမပိုင်းမှာ ချေပဂိုး ၁ဂိုး ဒုတိယပိုင်းမှာ ၂ဂိုးသွင်းပြီး ၃-၃ ဖြစ်ခဲ့သလို ဆာလက်ရဲ့ဒုတိယဂိုးကြောင့် အနိုင်ရခဲ့တာပါ။နောက်တစ်နေ့မှာတော့ ပထမပိုင်းအပြီး ဆဲလ်ဘက်အသင်းရဲ့ အဝတ်လဲခန်းပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ဆဲလ်ဘက်နည်းပြမာဆက်ချ်က ၃-၁ဂိုးနဲ့ ပထမပိုင်းအပြီးမှာ သူ့အသင်းရဲ့ ခြေစွမ်းနဲ့ ဒုတိယပိုင်းအတွက်လှုံ့ဆော်မှုလုပ်နေတာတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ကလော့ပ်ကတော့ အဲဒီလို ရိုက်ကူးမှုတွေကို သည်းမခံနိုင်ဘူးလို့ ပြောဆိုလိုက်တာပါ။“ တကယ်လို့ လီဗာပူးတီဗွီသာ ကျွန်တော့်ကို ဒီလိုအချိန်မျိုးမှာ ဒါမျိုးဗွီဒီယိုရိုက်လာရင် အသင်းကနေ ထွက်သွားမှာပါ။အဲဒါ အမှန်ပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာလည်း အဲဒါအကုန်ပဲ ”လို့ ဂျာဂင်ကလော့ပ်က ဖွင့်ဟလိုက်တာပါ။
(zawgyi)
လီဗာပူးသာ ဆဲလ္ဘက္လို ပထမပိုင္းအၿပီးမွာ ကင္မရာသမားေတြကို အ၀တ္လဲခန္းထဲ ၀င္ခြင့္ေပးရင္ အသင္းကေန သူ ထြက္သြားမယ္လို႔ နည္းျပဂ်ာဂင္ကေလာ့ပ္က ေဒါသတႀကီးေျပာဆိုလိုက္ပါတယ္။ၿပီးခဲ့တဲ့ ဆဲလ္ဘက္နဲ႔ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လီဗာပူးဟာ ၄-၃ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ပထမပိုင္း ၃၆ မိနစ္အတြင္းမွာတင္ မာေနး၊ေရာဘတ္ဆန္၊ဆာလက္တို႔ရဲ႕သြင္းဂိုးေတြနဲ႔ သက္ေသာင့္သက္သာ ဦးေဆာင္ႏိုင္ခဲ့တာပါ။ဒါေပမဲ့ ဆဲလ္ဘက္ဟာ ပထမပိုင္းမွာ ေခ်ပဂိုး ၁ဂိုး ဒုတိယပိုင္းမွာ ၂ဂိုးသြင္းၿပီး ၃-၃ ျဖစ္ခဲ့သလို ဆာလက္ရဲ႕ဒုတိယဂိုးေၾကာင့္ အႏိုင္ရခဲ့တာပါ။ေနာက္တစ္ေန႔မွာေတာ့ ပထမပိုင္းအၿပီး ဆဲလ္ဘက္အသင္းရဲ႕ အ၀တ္လဲခန္းပံုရိပ္ေတြဟာ ဆိုရွယ္မီဒီယာေတြေပၚမွာ ပ်ံ႔ႏွံ႔လာခဲ့ပါတယ္။ဆဲလ္ဘက္နည္းျပမာဆက္ခ်္က ၃-၁ဂိုးနဲ႔ ပထမပိုင္းအၿပီးမွာ သူ႔အသင္းရဲ႕ ေျခစြမ္းနဲ႔ ဒုတိယပိုင္းအတြက္လံႈ႔ေဆာ္မႈလုပ္ေနတာေတြကို ရိုက္ကူးထားတာျဖစ္ပါတယ္။ဒါေပမဲ့ ကေလာ့ပ္ကေတာ့ အဲဒီလို ရိုက္ကူးမႈေတြကို သည္းမခံႏိုင္ဘူးလို႔ ေျပာဆိုလိုက္တာပါ။“ တကယ္လို႔ လီဗာပူးတီဗီြသာ ကၽြန္ေတာ့္ကို ဒီလိုအခ်ိန္မ်ိဳးမွာ ဒါမ်ိဳးဗီြဒီယိုရိုက္လာရင္ အသင္းကေန ထြက္သြားမွာပါ။အဲဒါ အမွန္ပဲ။ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ေျပာခ်င္တာလည္း အဲဒါအကုန္ပဲ ”လို႔ ဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟလိုက္တာပါ။