ကျေးဇူးတရားသိတတ်တဲ့ရော်နယ်ဒိုရဲ့ ကျေးဇူးမမေ့သော နောက်ထပ်ပုံပြင်တစ်ပုဒ်

Photo Credit

Photo Credit

ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်တစ်ခုမှာ သူ ငယ်ရွယ်စဉ် ပိုက်ဆံလည်းမရှိ ဗိုက်ဆာနေချိန်မှာ ဟမ်ဘာဂါကျွေးခဲ့တဲ့ မက်ဒေါ်နယ်ဆိုင်က ဝန်ထမ်းတွေကို ပြန်ရှာနေတယ်ဆိုတဲ့အကြောင်း ဖွင့်ဟခဲ့ပြီး ကျေးဇူးတရားသိတတ်သူအဖြစ် ပရိသတ်တွေက ချီးကျူးခဲ့ပါတယ်။

Photo Credit

အခုလည်း ရော်နယ်ဒိုရဲ့ကျေးဇူးတရားသိတတ်ပုံက ပြောစမတ်ဖြစ်နေပါတယ်။ သူဟာ မါဒိုင်ရာဆိုတဲ့ကျွန်းမြို့လေးကနေ ယနေ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာတဲ့အထိ ကြိုးစားလာခဲ့ရာမှာ ကျေးဇူးတရားကိုလည်း သူ ဘယ်တော့မှမမေ့ခဲ့ပါဘူး။

Photo Credit

ပြီးခဲ့တဲ့သောကြာနေ့က အသင်းဟောင်း စပို့တင်းလစ္စဘွန်းကွင်းမှာ လက်ရွေးစင်အသင်းပွဲစဉ်အဖြစ် လူဇင်ဘတ်နဲ့ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမတိုင်ခင် ပေါ်တူဂီအသင်းက သူတို့ရဲ့အသင်းခေါင်းဆောင် အံ့အားသင့်သွားအောင် သူမသိတဲ့အစီအစဉ်လေးတစ်ခု ဖန်တီးခဲ့ပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ အဲဒီပွဲမတိုင်ခင်လေးမှာပဲ အော်ရယ်လီယိုပါရဲရားဆိုတဲ့ဆရာဟောင်းကို မထင်မှတ်ဘဲ ပြန်ဆုံတွေ့ခဲ့ရတာဖြစ်ပြီး ငယ်ရွယ်စဉ်ဘဝမှာ သူ့ကို မြေတောင်မြှောက်ပေးခဲ့သူကို ဝမ်းသာအားရပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

Photo Credit

သူဟာ အချိန်လည်းသိပ်မရတော့လို့ ပါရဲရားနဲ့ စကားအနည်းငယ်ပြောကာ ပွေ့ဖက်နှုတ်ဆက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူအပါအဝင် ပေါ်တူဂီအသင်းအဖွဲ့သားတွေအားလုံး လက်မှတ်ရေးထိုးထားတဲ့ လက်ရွေးစင်အသင်းအင်္ကျီဂျာစီလက်ဆောင်ပေးခဲ့ပါတယ်။

Photo Credit

ဂန္ထဝင်ကြီးနဲ့ ဆရာဖြစ်သူတို့ကြား ပတ်သက်ဆက်နွယ်မှုကတော့ ရော်နယ်ဒိုအတွက် အတော်လေးအရေးပါတဲ့အနေအထားဖြစ်ပြီး ပါရဲရားက စပို့တင်းလစ္စဘွန်းအသင်းအတွက် အရည်အသွေးမြင့်လူငယ်ကစားသမားတွေရှာဖွေရေး ဒါရိုက်တာအဖြစ် အဲဒီအချိန်တုန်းက ဆောင်ရွက်ခဲ့တာပါ။

Photo Credit

ပါရဲရားဟာ ၁၉၉၇ ခုနှစ်က အသက် ၁၂နှစ်အရွယ် ရော်နယ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းဒါရိုက်တာတွေ ခေါ်ယူချင်လာအောင် အကောင်းဆုံးကြိုးစားခဲ့သူဖြစ်ပြီး မါဒိုင်ရာကျွန်းမြို့လေးကနေ စပို့တင်းလစ္စဘွန်းအသင်းကို ၂၅ ယူရိုတည်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီလိုအသင်းတာဝန်ရှိသူတွေဆီ ရော်နယ်ဒိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ အချက်အလက်တွေမပေးပို့ခင် ပါရဲရားဟာ ရော်နယ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းရဲ့ပြီးပြည့်စုံတဲ့ဘောလုံးအဆောက်အဦစင်တာဆီ ဖိတ်ခေါ်ပြသခဲ့ပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ သူ့ဖခင် အလုပ်လုပ်နေတဲ့ အန်ဒိုရင်ညာအသင်းမှာ စတင်ကစားခဲ့ပြီး အသက် ၁၀နှစ်အရွယ်မှာ ကလပ်အသင်းအများစုရဲ့စောင့်ကြည့်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ပါရဲရားကလည်း ရော်နယ်ဒိုအပြင် ပေါ်တူဂီဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ လူးဝစ်ဖီဂိုနဲ့ ရီကာဒိုကွာရက်စ်မာတို့ကိုလည်း အရောင်တင်ပေးခဲ့သူဖြစ်ပါတယ်။

Photo Credit

Zawgyi

ေက်းဇူးတရားသိတတ္တဲ့ေရာ္နယ္ဒိုရဲ႕ ေက်းဇူးမေမ့ေသာ ေနာက္ထပ္ပုံျပင္တစ္ပုဒ္

ေပၚတူဂီအသင္းေခါင္းေဆာင္ေရာ္နယ္ဒိုဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တ့ဲအင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ သူ ငယ္ရြယ္စဥ္ ပိုက္ဆံလည္းမရွိ ဗုိက္ဆာေနခ်ိန္မွာ ဟမ္ဘာဂါေကၽြးခဲ့တဲ့ မက္ေဒၚနယ္ဆုိင္က ၀န္ထမ္းေတြကို ျပန္ရွာေနတယ္ဆုိတဲ့အေၾကာင္း ဖြင့္ဟခဲ့ၿပီး ေက်းဇူးတရားသိတတ္သူအျဖစ္ ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ပါတယ္။
အခုလည္း ေရာ္နယ္ဒိုရဲ႕ေက်းဇူးတရားသိတတ္ပုံက ေျပာစမတ္ျဖစ္ေနပါတယ္။ သူဟာ မါဒိုင္ရာဆုိတ့ဲကၽြန္းၿမိဳ႕ေလးကေန ယေန႔ ကမၻာ့အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္လာတ့ဲအထိ ႀကိဳးစားလာခဲ့ရာမွာ ေက်းဇူးတရားကိုလည္း သူ ဘယ္ေတာ့မွမေမ့ခဲ့ပါဘူး။
ၿပီးခဲ့တဲ့ေသာၾကာေန႔က အသင္းေဟာင္း စပို႔တင္းလစၥဘြန္းကြင္းမွာ လက္ေရြးစင္အသင္းပဲြစဥ္အျဖစ္ လူဇင္ဘတ္နဲ႔ကစားခ့ဲ့တဲ့ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမတုိင္ခင္ ေပၚတူဂီအသင္းက သူတုိ႔ရဲ႕အသင္းေခါင္းေဆာင္ အံ့အားသင့္သြားေအာင္ သူမသိတဲ့အစီအစဥ္ေလးတစ္ခု ဖန္တီးခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ အဲဒီပြဲမတုိင္ခင္ေလးမွာပဲ ေအာ္ရယ္လီယိုပါရဲရားဆိုတဲ့ဆရာေဟာင္းကို မထင္မွတ္ဘဲ ျပန္ဆုံေတြ႕ခဲ့ရတာျဖစ္ၿပီး ငယ္ရြယ္စဥ္ဘ၀မွာ သူ႕ကို ေျမေတာင္ေျမႇာက္ေပးခဲ့သူကို ၀မ္းသာအားရေပြ႕ဖက္ႏႈတ္ဆက္ခဲ့ပါတယ္။
သူဟာ အခ်ိန္လည္းသိပ္မရေတာ့လုိ႔ ပါရဲရားနဲ႔ စကားအနည္းငယ္ေျပာကာ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ သူအပါအ၀င္ ေပၚတူဂီအသင္းအဖြဲ႕သားေတြအားလုံး လက္မွတ္ေရးထုိးထားတ့ဲ လက္ေရြးစင္အသင္းအက်ႌဂ်ာစီလက္ေဆာင္ေပးခဲ့ပါတယ္။
ဂႏၳ၀င္ႀကီးနဲ႔ ဆရာျဖစ္သူတုိ႔ၾကား ပတ္သက္ဆက္ႏြယ္မႈကေတာ့ ေရာ္နယ္ဒိုအတြက္ အေတာ္ေလးအေရးပါတဲ့အေနအထားျဖစ္ၿပီး ပါရဲရားက စပို႔တင္းလစၥဘြန္းအသင္းအတြက္ အရည္အေသြးျမင့္လူငယ္ကစားသမားေတြရွာေဖြေရး ဒါ႐ိုက္တာအျဖစ္ အဲဒီအခ်ိန္တုန္းက ေဆာင္ရြက္ခ့ဲတာပါ။
ပါရဲရားဟာ ၁၉၉၇ ခုႏွစ္က အသက္ ၁၂ႏွစ္အရြယ္ ေရာ္နယ္ဒိုကို စပို႔တင္းလစၥဘြန္းအသင္းဒါ႐ိုက္တာေတြ ေခၚယူခ်င္လာေအာင္ အေကာင္းဆုံးႀကိဳးစားခဲ့သူျဖစ္ၿပီး မါဒုိင္ရာကၽြန္းၿမိဳ႕ေလးကေန စပို႔တင္းလစၥဘြန္းအသင္းကို ၂၅ ယူ႐ိုတည္းနဲ႔ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။
အဲဒီလုိအသင္းတာ၀န္ရွိသူေတြဆီ ေရာ္နယ္ဒိုနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြ၊ အခ်က္အလက္ေတြမေပးပို႔ခင္ ပါရဲရားဟာ ေရာ္နယ္ဒုိကို စပို႔တင္းလစၥဘြန္းအသင္းရဲ႕ၿပီးျပည့္စုံတဲ့ေဘာလုံးအေဆာက္အဦစင္တာဆီ ဖိတ္ေခၚျပသခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ သူ႕ဖခင္ အလုပ္လုပ္ေနတဲ့ အန္ဒိုရင္ညာအသင္းမွာ စတင္ကစားခဲ့ၿပီး အသက္ ၁၀ႏွစ္အရြယ္မွာ ကလပ္အသင္းအမ်ားစုရဲ႕ေစာင့္ၾကည့္ျခင္းခံခဲ့ရပါတယ္။ ပါရဲရားကလည္း ေရာ္နယ္ဒိုအျပင္ ေပၚတူဂီဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ လူး၀စ္ဖီဂိုနဲ႔ ရီကာဒိုကြာရက္စ္မာတုိ႔ကိုလည္း အေရာင္တင္ေပးခဲ့သူျဖစ္ပါတယ္။