ကျောနံပါတ် ၇ ကျိန်စာမမိချင်လို့ ၁၈ ကိုရွေးခဲ့တာလို့ ဖာနန်ဒက်စ်ပြော

Photo- Internet
Photo- Internet

မန်ယူအသင်း ကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်က အသင်းသစ်မှာကျောနံပါတ် ၁၈ ကိုရွေးခဲ့တာဟာ နံပါတ် ၇ ကျိန်စာကို မမိချင်လို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့်တင်းလစ္စဘွန်းအသင်းကနေ စုစုပေါင်းတန်ကြေးပေါင် ၆၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး ၅ နှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သူဖြစ်ပါတယ်။

သူဟာ စပို့တင်းမှာရှိတုန်းက နံပါတ် ၈ ကိုဝတ်ဆင်ခဲ့သူဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းမှာတော့ ၁၆ ကိုရယူထားပါတယ်။ မန်ယူအသင်းမှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ခဲ့တဲ့ ဂျော့ဘတ်စ်၊ဘရိုင်ယန်ရော့ဘ်ဆန်၊ ဒေးဗစ်ဘက်ဟမ်းနဲ့ စီရော်နယ်ဒိုတို့ဟာ အကြီးအကျယ်အောင်မြင်ခဲ့ကြပေမယ့် သူတို့နောက်ပိုင်းမှာတော့ အဲဒီနံပါတ်ဟာကျိန်စာသင့်သလိုဖြစ်ခဲ့ပြီး ဝတ်ဆင်ခဲ့တဲ့သူတိုင်းအောင်မြင်ခဲ့ခြင်း မရှိတော့ပါဘူး။

Photo- Internet

နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ စီရော်နယ်ဒိုနောက်ပိုင်းမှာ ဗလန်စီယာ၊ မိုက်ကယ်အိုဝင်၊ ဒီမာရီယာ၊ ဒီပေး၊ အလက်ဆစ်ဆန်းချက်ဇ် အစရှိသူတို့ဝတ်ဆင်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ဘဲ သူတို့ရဲ့အရင်ခြေစွမ်းတွေတောင် ပျောက်ဆုံးခဲ့ကြတာတွေ့ရပါတယ်။ စခိုးလ်ဟာ ၁၉၉၆ ကနေဒီနံပါတ်ကို စတင်ဝတ်ဆင်ခဲ့ပြီး ၁၅ နှစ်ကြာမြင့်ခဲ့ပါတယ်။

Photo- Internet

ဒါကြောင့်လည်း ဖာနန်ဒက်စ်ဟာသူလေးစားအားကျခဲ့ရတဲ့ မန်ယူကွင်းလယ်လူဟောင်းပေါလ်စခိုးလ်ဝတ်ဆင်ခဲ့တဲ့ နံပါတ ၁၈ ကိုသာရယူခဲ့တာဖြစ်ပါတယ်။ သူက”ကျောနံပါတ် ၁၈ ကိုရယူရတဲ့ အကြောင်းအရင်းအများကြီးရှိပါတယ်။ ဒီနံပါတ်ကို ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပါတယ်။ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံးနံပါတ် ၈ ကိုကျွန်တော်ဝတ်ခဲ့ပါတယ်။

Photo- Internet

ဒီနံပါတ်ဟာ ကျွန်တော့်အဖေ ကစားသမားဘဝက၀တ်ခဲ့တဲ့နံပါတ်ဖြစ်သလို မွေးနေ့လည်းဖြစ်ပါတယ်။ နံပါတ် ၁၈ ကတော့ ကျွန်တော့်မိန်းမရဲ့မွေးနေ့လေ။ ဒါ့အပြင် ပေါလ်စခိုးလ်ကို အားကျပြီးကြီးပြင်းလာရလို့လည်းကြိုက်တာပါ။ ဒီနံပါတ်ကြောင့် တာဝန်အများကြီး ရှိလာမှာကိုလည်းသိပါတယ်။ နံပါတ် ၇ ကတော့တကယ့်နံပါတ်ဖြစ်ပြီး စီရော်နယ်ဒိုနောက်ပိုင်း ဘယ်သူမှမအောင်မြင်တော့ဘူးလို့ ပြောကြတာကြောင့်လည်း ၁၈ ကိုရွေးခဲ့တာပါ” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ေက်ာနံပါတ္ ၇ က်ိန္စာမမိခ်င္လို႔ ၁၈ ကိုေရြးခဲ့တာလို႔ ဖာနန္ဒက္စ္ေျပာ

မန္ယူအသင္း ကြင္းလယ္လူသစ္ ဘရူႏိုဖာနန္ဒက္စ္က အသင္းသစ္မွာေက်ာနံပါတ္ ၁၈ ကိုေရြးခဲ့တာဟာ နံပါတ္ ၇ က်ိန္စာကို မမိခ်င္လို႔ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ စပို္႔တင္းလစၥဘြန္းအသင္းကေန စုစုေပါင္းတန္ေၾကးေပါင္ ၆၈ သန္းနဲ႔ေျပာင္းေရြႊ႕လာခဲ့ၿပီး ၅ ႏွစ္ခြဲစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သူျဖစ္ပါတယ္။

သူဟာ စပို႔တင္းမွာရွိတုန္းက နံပါတ္ ၈ ကို၀တ္ဆင္ခဲ့သူျဖစ္ၿပီး ေပၚတူဂီလက္ေရြးစင္အသင္းမွာေတာ႔ ၁၆ ကိုရယူထားပါတယ္။ မန္ယူအသင္းမွာ ေက်ာနံပါတ္ ၇ ကို၀တ္ဆင္ခဲ့တဲ႔ ေဂ်ာ႔ဘတ္စ္၊ဘရိုင္ယန္ေရာ႔ဘ္ဆန္၊ ေဒးဗစ္ဘက္ဟမ္းနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ အႀကီးအက်ယ္ေအာင္ျမင္ခဲ့ၾကေပမယ္႔ သူတို႔ေနာက္ပိုင္းမွာေတာ႔ အဲဒီနံပါတ္ဟာက်ိန္စာသင့္သလိုျဖစ္ခဲ့ၿပီး ၀တ္ဆင္ခဲ့တဲ႔သူတိုင္းေအာင္ျမင္ခဲ့ျခင္း မရွိေတာ႔ပါဘူး။

ေနာက္ဆုံး၀တ္ဆင္ခဲ့တဲ႔ စီေရာ္နယ္ဒိုေနာက္ပိုင္းမွာ ဗလန္စီယာ၊ မိုက္ကယ္အို၀င္၊ ဒီမာရီယာ၊ ဒီေပး၊ အလက္ဆစ္ဆန္းခ်က္ဇ္ အစရွိသူတို႔၀တ္ဆင္ခဲ့ေပမယ္႔ ေအာင္ျမင္ျခင္းမရွိခဲ့ဘဲ သူတို႔ရဲ႕အရင္ေျခစြမ္းေတြေတာင္ ေပ်ာက္ဆုံးခဲ့ၾကတာေတြ႔ရပါတယ္။ စခိုးလ္ဟာ ၁၉၉၆ ကေနဒီနံပါတ္ကို စတင္၀တ္ဆင္ခဲ့ၿပီး ၁၅ ႏွစ္ၾကာျမင့္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဖာနန္ဒက္စ္ဟာသူေလးစားအားက်ခဲ့ရတဲ႔ မန္ယူကြင္းလယ္လူေဟာင္းေပါလ္စခိုးလ္၀တ္ဆင္ခဲ့တဲ႔ နံပါတ ၁၈ ကိုသာရယူခဲ့တာျဖစ္ပါတယ္။ သူက”ေက်ာနံပါတ္ ၁၈ ကိုရယူရတဲ႔ အေၾကာင္းအရင္းအမ်ားႀကီးရွိပါတယ္။ ဒီနံပါတ္ကို က်ြန္ေတာ္ကိုယ္တိုင္လည္းႀကိဳက္ပါတယ္။ၿပီးခဲ့တဲ႔ ၃ ႏွစ္လုံးလုံးနံပါတ္ ၈ ကိုက်ြန္ေတာ္၀တ္ခဲ့ပါတယ္။

ဒီနံပါတ္ဟာ က်ြန္ေတာ္႔အေဖ ကစားသမားဘ၀က၀တ္ခဲ့တဲ႔နံပါတ္ျဖစ္သလို ေမြးေန႔လည္းျဖစ္ပါတယ္။ နံပါတ္ ၁၈ ကေတာ႔ က်ြန္ေတာ္႔မိန္းမရဲ႕ေမြးေန႔ေလ။ ဒါ့အျပင္ ေပါလ္စခိုးလ္ကို အားက်ၿပီးႀကီးျပင္းလာရလို႔လည္းႀကိဳက္တာပါ။ ဒီနံပါတ္ေၾကာင့္ တာ၀န္အမ်ားႀကီး ရွိလာမွာကိုလည္းသိပါတယ္။ နံပါတ္ ၇ ကေတာ႔တကယ္႔နံပါတ္ျဖစ္ၿပီး စီေရာ္နယ္ဒိုေနာက္ပိုင္း ဘယ္သူမွမေအာင္ျမင္ေတာ႔ဘူးလို႔ ေျပာၾကတာေၾကာင့္လည္း ၁၈ ကိုေရြးခဲ့တာပါ” လို႔ေျပာသြားပါတယ္။