ကျောင်းသားလေးတွေရဲ့ လှောင်ပြောင်ခံလိုက်ရတဲ့ ဂျာမနီကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာမနီအသင်းကတော့ အင်္ဂလန်နဲ့ကစားမယ့်ပွဲမတိုင်ခင် အင်္ဂလန်မြေကို ခြေချမိတယ်ဆိုရင်ပဲ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ စတင်ရင်ဆိုင်ခဲ့ရပါတယ်။

ဂျိုအာချင်လိုးရဲ့ ဂျာမနီအသင်းဟာ ဝင်ဘလေကွင်းမှာ အင်္ဂလန်နဲ့ကစားမယ့် ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအတွက်

မနေ့က လန်ဒန်မြို့ကို ရောက်ရှိခဲ့ကြပြီး သူတို့နေထိုင်မယ့် ဟိုတယ်ကို သွားရာလမ်းမှာ ကျောင်းသား၊ ကျောင်းသူလေးတွေက သောင်းသောင်းဖြဖြနဲ့တညီတညာတည်း “မင်းတို့တွေက ဘယ်သူတွေလဲ”လို့ အော်ဟစ်ကြိုဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

ကလေးတွေပုံစံကြည့်ရတာတော့ အသက်ဆယ်နှစ်ကျော်ကျော်ဝန်းကျင်လောက်ပဲရှိပုံရပြီး သူတို့က ဘယ်လိုကနေသတင်းရသွားလဲတော့မသိပါဘူး၊

ဂျာမနီကစားသမားတွေမှာနေမယ့် ဟိုတယ်ရှေ့မှာ ကြိုစောင့်ပြီးတော့ အခုလို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာပါပဲ။

၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းကို ကလေးတွေက “မင်းတို့က ဘယ်သူလဲ”လို့ ဝိုင်းအော်နေကြပေမယ့် ဂျာမန်ကစားသမားတွေကတော့ လူကြီးပီပီ သည်းခံနိုင်စွမ်းရှိခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဝင်ဘလေမှာကစားမယ့်ပွဲကျရင်လည်း အခုထက်ပိုဆိုးတဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါပြီ။

ဂျာမနီအသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း (၁၁)နှစ်အကြာ အင်္ဂလန်အသင်းနဲ့ နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး

၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ယူရိုပြိုင်ပွဲနှစ်ခုပေါင်း ရှုံးထွက်အဆင့်တွေမှာ အင်္ဂလန်နဲ့ ဆုံတွေ့ခဲ့တဲ့(၄)ကြိမ်မှာ အကြိမ်တိုင်းအနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေက်ာင္းသားေလးေတြရဲ႕ ေလွာင္ေျပာင္ခံလိုက္ရတဲ့ ဂ်ာမနီကစားသမားမ်ား

ဂ်ာမနီအသင္းကေတာ့ အဂၤလန္နဲ႔ကစားမယ့္ပြဲမတိုင္ခင္ အဂၤလန္ေျမကို ေျခခ်မိတယ္ဆိုရင္ပဲ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ စတင္ရင္ဆိုင္ခဲ့ရပါတယ္။ ဂ်ိဳအာခ်င္လိုးရဲ႕ ဂ်ာမနီအသင္းဟာ ဝင္ဘေလကြင္းမွာ အဂၤလန္နဲ႔ကစားမယ့္ ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအတြက္ မေန႔က လန္ဒန္ၿမိဳ႕ကို ေရာက္ရွိခဲ့ၾကၿပီး သူတို႔ေနထိုင္မယ့္ ဟိုတယ္ကို သြားရာလမ္းမွာ ေက်ာင္းသား၊ ေက်ာင္းသူေလးေတြက ေသာင္းေသာင္းျဖျဖနဲ႔တညီတညာတည္း “မင္းတို႔ေတြက ဘယ္သူေတြလဲ”လို႔ ေအာ္ဟစ္ႀကိဳဆိုခဲ့ၾကတာပဲျဖစ္ပါတယ္။

ကေလးေတြပုံစံၾကည့္ရတာေတာ့ အသက္ဆယ္ႏွစ္ေက်ာ္ေက်ာ္ဝန္းက်င္ေလာက္ပဲရွိပုံရၿပီး သူတို႔က ဘယ္လိုကေနသတင္းရသြားလဲေတာ့မသိပါဘူး၊ ဂ်ာမနီကစားသမားေတြမွာေနမယ့္ ဟိုတယ္ေရွ႕မွာ ႀကိဳေစာင့္ၿပီးေတာ့ အခုလို ေႏြးေႏြးေထြးေထြး ႀကိဳဆိုခဲ့ၾကတာပါပဲ။

၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံအသင္းကို ကေလးေတြက “မင္းတို႔က ဘယ္သူလဲ”လို႔ ဝိုင္းေအာ္ေနၾကေပမယ့္ ဂ်ာမန္ကစားသမားေတြကေတာ့ လူႀကီးပီပီ သည္းခံႏိုင္စြမ္းရွိခဲ့ပါတယ္။ ဂ်ာမနီအသင္းဟာ ဝင္ဘေလမွာကစားမယ့္ပြဲက်ရင္လည္း အခုထက္ပိုဆိုးတဲ့ ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။

ဂ်ာမနီအသင္းဟာ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း (၁၁)ႏွစ္အၾကာ အဂၤလန္အသင္းနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ၿပီး ၁၉၆၆ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက (၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ကမာၻ႔ဖလားနဲ႔ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္း ရႈံးထြက္အဆင့္ေတြမွာ အဂၤလန္နဲ႔ ဆုံေတြ႕ခဲ့တဲ့(၄)ႀကိမ္မွာ အႀကိမ္တိုင္းအႏိုင္ရခဲ့ပါတယ္။