ကျောင်းသားဘဝတုန်းက ဒီယေဂိုကော်စတာကို နှာခေါင်းရိုးကျိုးအောင် လုပ်ခဲ့ဖူးတဲ့တိုမိုရီ

photo-the sun

photo-gettyimages

မကြာသေးခင်ကပဲ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ်ခြင်းခံခဲ့ရတဲ့ ချဲလ်ဆီးလူငယ်နောက်ခံလူတိုမိုရီက လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ အသင်းတိုက်စစ်မှုးဟောင်းဒီယေကိုကော်စတာရဲ့နှာခေါင်းရိုးကျိုးအောင် မတော်တဆလုပ်ခဲ့မိတဲ့အကြောင်းကို ပြန်ပြောင်းဖွင့်ဟလိုက်ပါတယ်။ အဲဒီအချိန်က ဆယ်ကျော်သက်အရွယ်သာ ရှိသေးတဲ့တိုမိုရီဟာ ယာယီနည်းပြဟောင်းဂတ်စ်ဟစ်ဒင့်ရဲ့ဖိတ်ခေါ်မှုနဲ့ အသင်းကြီးလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပြီး အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှုးဟောင်းကော်စတာကို အမှုမဲ့အမှတ်မဲ့နဲ့ ဒဏ်ရာရစေခဲ့တာပါ။ ကော်စတာအနေနဲ့ တိုမိုရီကြောင့် နှာခါင်းရိုးကျိုးသွားခဲ့ပေမယ့် နယူးကာဆယ်နဲ့ပွဲကို မျက်နှာဖုံးအကာနဲ့ဝင်ရောက်ကစားနိုင်ခဲ့ပြီး ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

photo-gettyimages

”အဲဒီအချိန်က ကျွန်တော်ကျောင်းတက်နေတုန်းရှိသေးတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်လုပ်ခဲ့တာကို မသိပါဘူး။ မတော်တဆဖြစ်သွားခဲ့တာပါ။ ကျွန်တော်တို့ခေါင်းယှဉ်တိုက်ခဲ့ကြပြီး သူဂိုးသွင်းဖု့ိလုပ်တာကို ကျွန်တော်တားဆီးရတာပါ။ ကျွန်တော့်ခေါင်းနောက်ဖက်နဲ့ သူဆောင့်မိတာဖြစ်ပြီး နှာခေါင်းကျိုးသွားခဲ့ပါတယ်။ ကျွန်တော်လုပ်ခဲ့တာကို နောက်တစ်နေ့ သတင်းစာတွေထဲ ပါလာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်တမင်ရည်ရွယ်လုပ်တာလို့ လူတွေက ထင်နေကြပြီး ကျွန်တော့်ဆီ မက်ဆေ့ချ်တွေအများကြီးရောက်လာခဲ့တာပါ။ ကျွန်တော် ကျောင်းကိုရောက်သွားတော့ လူတွေက အဲဒီအကြောင်းမေးကြတယ်။ အဲဒါဖြစ်ပြီးတဲ့နောက် လေ့ကျင့်ရေးကွင်းမှာ ကော်စတာက ကျွန်တော့်ကို ကန်ကျောက်တာတော့ မလုပ်ဘူးဗျ”လို့ တိုမိုရီက ပြန်ပြောင်းပြောခဲ့တာပါ။

photo-gettyimages

အခုချိန်မှာ ၂၁ ရှိပြီဖြစ်တဲ့တိုမိုရီဟာ ၈ နှစ်အရွယ်ကတည်းက ချဲလ်ဆီးကိုရောက်နေခဲ့ပြီး ယူအီးအက်ဖ်အေလူငယ်လိဂ်နဲ့ အက်ဖ်အေလူငယ်ဖလားတို့မှာ ၂ နှစ်ဆက်ဗိုလ်စွဲခဲ့တဲ့အကယ်ဒမီအသင်းတွေမှာ ပါဝင်ခဲ့တာပါ။ ၂၀၁၇ ကတည်းက ဘရိုက်တန်၊ဟားလ်စီးတီးနဲ့ဒါဘီတို့မှာ အငှားသွားကစားခဲ့ပြီးတဲ့နောက် အခုရာသီမှာတော့ ချဲလ်ဆီးအသင်းကြီးမှာ စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။

[Zawgyi]

ေက်ာင္းသားဘ၀တုန္းက ဒီေယဂိုေကာ္စတာကို ႏွာေခါငး္ရိုးက်ိဳးေအာင္ လုပ္ခဲ့ဖူးတဲ့တိုမိုရီ

မၾကာေသးခင္ကပဲ အဂၤလန္လက္ေရြးစင္အသင္းႀကီးမွာ စတင္ေရြးခ်ယ္ျခင္းခံခဲ့ရတဲ့ ခ်ဲလ္ဆီးလူငယ္ေနာက္ခံလူတိုမိုရီက ေလ့က်င့္ေရးအစီအစဥ္တစ္ခုမွာ အသင္းတုိက္စစ္မႈးေဟာင္းဒီေယကိုေကာ္စတာရဲ႕ႏွာေခါင္းရိုးက်ိဳးေအာင္ မေတာ္တဆလုပ္ခဲ့မိတဲ့အေၾကာင္းကို ျပန္ေျပာင္းဖြင့္ဟလိုက္ပါတယ္။ အဲဒီအခ်ိန္က ဆယ္ေက်ာ္သက္အရြယ္သာ ရွိေသးတဲ့တိုမိုရီဟာ ယာယီနည္းျပေဟာင္းဂတ္စ္ဟစ္ဒင့္ရဲ႕ဖိတ္ေခၚမႈနဲ႔ အသင္းႀကီးေလ့က်င့္ေရးအစီအစဥ္မွာ ပါ၀င္ခြင့္ရခဲ့ၿပီး အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မႈးေဟာင္းေကာ္စတာကို အမႈမဲ့အမွတ္မဲ့နဲ႔ ဒဏ္ရာရေစခဲ့တာပါ။ ေကာ္စတာအေနနဲ႔ တုိမိုရီေၾကာင့္ ႏွာခါင္းရိုးက်ိဳးသြားခဲ့ေပမယ့္ နယူးကာဆယ္နဲ႔႔ပြဲကို မ်က္ႏွာဖုံးအကာနဲ႔၀င္ေရာက္ကစားႏိုင္ခဲ့ၿပီး ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

”အဲဒီအခ်ိန္က ကၽြန္ေတာ္ေက်ာင္းတက္ေနတုန္းရွိေသးတယ္။ ေလ့က်င့္ေရးကြင္းမွာ ကၽြန္ေတာ္လုပ္ခဲ့တာကို မသိပါဘူး။ မေတာ္တဆျဖစ္သြားခဲ့တာပါ။ ကၽြန္ေတာ္တုိ႔ေခါင္းယွဥ္တုိက္ခဲ့ၾကၿပီး သူဂိုးသြင္းဖု႔ိလုပ္တာကို ကၽြန္ေတာ္တားဆီးရတာပါ။ ကၽြန္ေတာ့္ေခါင္းေနာက္ဖက္နဲ႔ သူေဆာင့္မိတာျဖစ္ၿပီး ႏွာေခါင္းက်ိဳးသြားခဲ့ပါတယ္။ ကၽြန္ေတာ္လုပ္ခဲ့တာကို ေနာက္တစ္ေန႔ သတင္းစာေတြထဲ ပါလာတဲ့အထိ ကၽြန္ေတာ္မသိခဲ့ပါဘူး။ ကၽြန္ေတာ္တမင္ရည္ရြယ္လုပ္တာလုိ႔ လူေတြက ထင္ေနၾကၿပီး ကၽြန္ေတာ့္ဆီ မက္ေဆ့ခ်္ေတြအမ်ားႀကီးေရာက္လာခဲ့တာပါ။ ကၽြန္ေတာ္ ေက်ာင္းကုိေရာက္သြားေတာ့ လူေတြက အဲဒီအေၾကာင္းေမးၾကတယ္။ အဲဒါျဖစ္ၿပီးတဲ့ေနာက္ ေလ့က်င့္ေရးကြင္းမွာ ေကာ္စတာက ကၽြန္ေတာ့္ကို ကန္ေက်ာက္တာေတာ့ မလုပ္ဘူးဗ်”လို႔ တုိမိုရီက ျပန္ေျပာင္းေျပာခဲ့တာပါ။

အခုခ်ိန္မွာ ၂၁ ရွိၿပီျဖစ္တဲ့တိုမိုရီဟာ ၈ ႏွစ္အရြယ္ကတည္းက ခ်ဲလ္ဆီးကိုေရာက္ေနခဲ့ၿပီး ယူအီးအက္ဖ္ေအလူငယ္လိဂ္နဲ႔ အက္ဖ္ေအလူငယ္ဖလားတို႔မွာ ၂ ႏွစ္ဆက္ဗုိလ္စြဲခဲ့တဲ့အကယ္ဒမီအသင္းေတြမွာ ပါ၀င္ခဲ့တာပါ။ ၂၀၁၇ ကတည္းက ဘရိုက္တန္၊ဟားလ္စီးတီးနဲ႔ဒါဘီတုိ႔မွာ အငွားသြားကစားခဲ့ၿပီးတဲ့ေနာက္ အခုရာသီမွာေတာ့ ခ်ဲလ္ဆီးအသင္းႀကီးမွာ စတင္ပါ၀င္ခြင့္ရခဲ့ပါတယ္။