‘ကျောင်းတော်’ကတည်းက ရန်စရှိခဲ့ကြတဲ့ ဆန်ချိုနဲ့ဖိုဒန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနက်ဖြန်ကျရင် မန်ချက်စတာဒါဘီပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး

မန်စီးတီးလူငယ်ကစားသမားဟောင်းဆန်ချိုကတော့ သူနဲ့ကျောင်းတော်က ရန်စရှိခဲ့ဖူးတဲ့ဖိုဒန်နဲ့ပြန်လည်ဆုံတွေ့ရဖို့ရှိနေပါပြီ။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ဝက်ဖို့ဒ်လူငယ်အကယ်ဒမီမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိလူငယ်ကစားသမားဘဝဖြတ်သန်းခဲ့ပြီး အဲဒီနောက်မှ မန်စီးတီးအကယ်ဒမီကိုရောက်ရှိခဲ့တာဖြစ်သလို ၂၀၁၇ ခုနှစ်မှာ ဒေ့ါမွန်အသင်းက သူ့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဆန်ချိုနဲ့ဖိုဒန်တို့ဟာ မန်စီးတီးအကယ်ဒမီအသင်းမှာအတူကစားခဲ့ဖူးပြီး တစ်ခါတုန်းကပွဲစဉ်တစ်ခုမှာ

ဆန်ချိုက ဖိုဒန်ကို လက်ဆွဲမနှုတ်ဆက်ခဲ့တဲ့အတွက် ဖိုဒန်အပေါ် ဆန်ချိုတစ်ယောက် ငယ်ငယ်တည်းကဘာတွေအမြင်မကြည်ဖြစ်နေဆဲဆိုတာ စဉ်းစားစရာပါပဲ။

Twitter ပေါ်မှာ ရေပန်းစားနေတဲ့ရုပ်သံဖိုင်အရ UEFA လူငယ်အဆင့်ပြိုင်ပွဲအဖြစ် အက်သလက်တီကိုနဲ့ကစားခဲ့တဲ့ပွဲမှာ နည်းပြက ဆန်ချိုအစားဖိုဒန်ကို လူစားလဲခဲ့ပြီး

ဆန်ချိုဟာ ထုံးစံအတိုင်းလက်ဆွဲနှုတ်ဆက်ရမှာဖြစ်ပေမယ့် မသိချင်ယောင်ဆောင်ခဲ့လို့ ဖိုဒန်တစ်ယောက် အံ့အားသင့်တဲ့ပုံစံဖြစ်သွားတာကို တွေ့ရမှာပါ။

ဆန်ချိုအနေနဲ့ လူစားလဲခံခဲ့ရလို့ မကျေမနပ်ဖြစ်ခဲ့တာလားဆိုတာတော့ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒီကစားသမားနှစ်ယောက်ဟာ ဒေ့ါမွန်၊ မန်စီးတီးအသင်းတို့အတွက် ခြေစွမ်းကောင်းတွေဆက်တိုက်ပြသခဲ့ပြီး

ဆန်ချိုဟာ ဒေ့ါမွန်အသင်းရဲ့အဓိက,ကစားသမားဖြစ်ခဲ့သလို ဖိုဒန်ကလည်း စီနီယာဖြစ်တဲ့ စတာလင်ကို အရန်ခုံရောက်သွားအောင်စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပါတယ်။

ဆန်ချိုက စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့အတွက် ဒေ့ါမွန်အသင်းဆီပြောင်းရွှေ့ခဲ့ပေမယ့် ဖိုဒန်ကတော့ မန်စီးတီးအသင်းမှာဆက်နေပြီး ပွဲထွက်ခွင့်ရအောင်ကြိုးစားဖို့ဆုံးဖြတ်ခဲ့တာပါ။

အခုအချိန်မှာ သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဖြစ်နေသလို အင်္ဂလန်အသင်းအတွက်ကစားခွင့်ရတဲ့ပွဲတွေမှာ နှစ်ယောက်သား ရယ်ရယ်မောမောဖြစ်နေတဲ့ပုံတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ဖိုဒန်ဟာ မန်စီးတီးတိုက်စစ်မှာအဓိက,ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိနေပြီး ဒီရာသီပြိုင်ပွဲစုံမှာ (၁၂)ပွဲကစား၊ (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန်ချိုကတော့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့ချိန်ကစလို့ ပရီးမီးယားလိဂ်မှာရုန်းကန်နေရပြီး

သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဆိုတဲ့မှတ်တမ်းဆိုးပိုင်ဆိုင်ထားသလို နောက်ပိုင်းမှာ ပွဲထွက်ခွင့်ပါပျောက်ဆုံးလာတာကြောင့် အခုဆိုရင် အင်္ဂလန်အသင်းလူစာရင်းမှာတောင် အရွေးမခံရတဲ့အထိဖြစ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

‘ေက်ာင္းေတာ္’ကတည္းက ရန္စရွိခဲ့ၾကတဲ့ ဆန္ခ်ိဳနဲ႔ဖိုဒန္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မနက္ျဖန္က်ရင္ မန္ခ်က္စတာဒါဘီပြဲအျဖစ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ မန္စီးတီးနဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး မန္စီးတီးလူငယ္ကစားသမားေဟာင္းဆန္ခ်ိဳကေတာ့ သူနဲ႔ေက်ာင္းေတာ္က ရန္စရွိခဲ့ဖူးတဲ့ဖိုဒန္နဲ႔ျပန္လည္ဆုံေတြ႕ရဖို႔ရွိေနပါၿပီ။ အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဆန္ခ်ိဳဟာ ဝက္ဖို႔ဒ္လူငယ္အကယ္ဒမီမွာ ၂၀၀၇ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိလူငယ္ကစားသမားဘဝျဖတ္သန္းခဲ့ၿပီး အဲဒီေနာက္မွ မန္စီးတီးအကယ္ဒမီကိုေရာက္ရွိခဲ့တာျဖစ္သလို ၂၀၁၇ ခုႏွစ္မွာ ေဒ့ါမြန္အသင္းက သူ႔ကိုေခၚယူခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဆန္ခ်ိဳနဲ႔ဖိုဒန္တို႔ဟာ မန္စီးတီးအကယ္ဒမီအသင္းမွာအတူကစားခဲ့ဖူးၿပီး တစ္ခါတုန္းကပြဲစဥ္တစ္ခုမွာ ဆန္ခ်ိဳက ဖိုဒန္ကို လက္ဆြဲမႏႈတ္ဆက္ခဲ့တဲ့အတြက္ ဖိုဒန္အေပၚ ဆန္ခ်ိဳတစ္ေယာက္ ငယ္ငယ္တည္းကဘာေတြအျမင္မၾကည္ျဖစ္ေနဆဲဆိုတာ စဥ္းစားစရာပါပဲ။

Twitter ေပၚမွာ ေရပန္းစားေနတဲ့႐ုပ္သံဖိုင္အရ UEFA လူငယ္အဆင့္ၿပိဳင္ပြဲအျဖစ္ အက္သလက္တီကိုနဲ႔ကစားခဲ့တဲ့ပြဲမွာ နည္းျပက ဆန္ခ်ိဳအစားဖိုဒန္ကို လူစားလဲခဲ့ၿပီး ဆန္ခ်ိဳဟာ ထုံးစံအတိုင္းလက္ဆြဲႏႈတ္ဆက္ရမွာျဖစ္ေပမယ့္ မသိခ်င္ေယာင္ေဆာင္ခဲ့လို႔ ဖိုဒန္တစ္ေယာက္ အံ့အားသင့္တဲ့ပုံစံျဖစ္သြားတာကို ေတြ႕ရမွာပါ။

ဆန္ခ်ိဳအေနနဲ႔ လူစားလဲခံခဲ့ရလို႔ မေက်မနပ္ျဖစ္ခဲ့တာလားဆိုတာေတာ့ သူကိုယ္တိုင္ပဲသိပါလိမ့္မယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ဒီကစားသမားႏွစ္ေယာက္ဟာ ေဒ့ါမြန္၊ မန္စီးတီးအသင္းတို႔အတြက္ ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသခဲ့ၿပီး ဆန္ခ်ိဳဟာ ေဒ့ါမြန္အသင္းရဲ႕အဓိက,ကစားသမားျဖစ္ခဲ့သလို ဖိုဒန္ကလည္း စီနီယာျဖစ္တဲ့ စတာလင္ကို အရန္ခုံေရာက္သြားေအာင္စြမ္းေဆာင္ရည္ေကာင္းေတြျပသခဲ့ပါတယ္။

ဆန္ခ်ိဳက စိန္ေခၚမႈအသစ္ေတြရင္ဆိုင္ဖို႔အတြက္ ေဒ့ါမြန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ဖိုဒန္ကေတာ့ မန္စီးတီးအသင္းမွာဆက္ေနၿပီး ပြဲထြက္ခြင့္ရေအာင္ႀကိဳးစားဖို႔ဆုံးျဖတ္ခဲ့တာပါ။ အခုအခ်ိန္မွာ သူတို႔ႏွစ္ေယာက္က သူငယ္ခ်င္းေကာင္းေတြျဖစ္ေနသလို အဂၤလန္အသင္းအတြက္ကစားခြင့္ရတဲ့ပြဲေတြမွာ ႏွစ္ေယာက္သား ရယ္ရယ္ေမာေမာျဖစ္ေနတဲ့ပုံေတြကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ဖိုဒန္ဟာ မန္စီးတီးတိုက္စစ္မွာအဓိက,ကစားသမားအျဖစ္ပါဝင္ခြင့္ရရွိေနၿပီး ဒီရာသီၿပိဳင္ပြဲစုံမွာ (၁၂)ပြဲကစား၊ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမဲ့ ဆန္ခ်ိဳကေတာ့ ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကစလို႔ ပရီးမီးယားလိဂ္မွာ႐ုန္းကန္ေနရၿပီး သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိဆိုတဲ့မွတ္တမ္းဆိုးပိုင္ဆိုင္ထားသလို ေနာက္ပိုင္းမွာ ပြဲထြက္ခြင့္ပါေပ်ာက္ဆုံးလာတာေၾကာင့္ အခုဆိုရင္ အဂၤလန္အသင္းလူစာရင္းမွာေတာင္ အေ႐ြးမခံရတဲ့အထိျဖစ္ေနပါၿပီ။