ကျုပ်သာဆိုဒီဂီယာကို သတ်ပစ်မိမှာဘဲ….ရွိုင်ကိန်း

Photo- Internet
Photo- Internet

မန်ယူအသင်းကွင်းလယ်လူဟောင်း ရွိုင်ကိန်းက အဲဗာတန်နဲ့ပွဲမှာဆိုးရွားတဲ့အမှားကျူးလွန်ခဲ့တဲ့ ဒီဂီယာအပေါ်ဒေါသထွက်နေပြီး သူသာဆိုရင် ပထမပိုင်းပြီးချိန်မှာ ဒီဂီယာကိုသတ်လိုက်မှာဘဲ လို့ပြောသွားပါတယ်။ ကိန်းဟာ ဒီပွဲအတွက် Sky Sports သတင်းဋ္ဌာနရဲ့ဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်ခဲ့တာပါ။

ဒီဂီယာဟာ နောက်တန်းကပြန်ပေးတဲ့ဘောလုံးကို ကန်တင်ဖို့အချိန်ဆွဲခဲ့ပြီး သူကန်တင်လိုက်တဲ့အချိန်မှာ ကယ်ဗက်လီဝန်က ခုန်ပြီးခြေထောက်ဆန့်ကာတားဆီးရာမှာ ကံကောင်းထောက်မပြီးဂိုးဝင်သွားခဲ့ပါတယ်။ ဒါဟာပွဲချိန် ၃ မိနစ်မှာတင် ဖြစ်ခဲ့လို့ မန်ယူဟာပွဲစကတည်းက စိတ်ဓါတ်ကျစရာအဖြစ်နဲ့ကြုံလိုက်ရတာပါ။ ဒါကြောင့် မန်ယူပရိသတ်တွေဟာလည်း အွန်လိုင်းပေါ်မှာဒီဂီယာကိုဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

Photo- Internet

ဒီအမှားကြောင့် ပြီးခဲ့တဲ့ရာသီကနေစတွက်ကြည့်မယ်ဆိုရင် ဒီဂီယာဟာသူ့အမှားကြောင့် ပြိုင်ဘက်ကိုတိုက်ရိုက်ဂိုးပေးလိုက်ရမှုပေါင်း ၇ ကြိမ်ရှိပြီဖြစ်လို့ နယူးကာဆယ်က ဒူဘရာကာနဲ့ အာဆင်နယ်က ဘန်းလီနိုတို့နဲ့အတူ အမှားအများဆုံးဂိုးသမားအဖြစ် ပူးတွဲရပ်တည်ခဲ့တဲ့ မှတ်တမ်းဆိုးကိုရရှိခဲ့ပါတယ်။

Photo- Internet

ရွိုင်ကိန်းက”ကျုပ်သာဆို ပထမပိုင်းအပြီးမှာ ဒီဂီယာကိုသတ်မိမှာဗျ။ ဘောလုံးကန်တင်ပေးဖို့အတွက် သူအချိန်ဆွဲလွန်းခဲ့တယ်။ ဒီကောင်ဘာတွေလုပ်နေတာလဲ။ ထိပ်ဆုံး ၄ သင်းဝင်ရေးအတွက် သိပ်ကိုအရေးပါတဲ့အချိန်မှာ သူ့လုပ်ရပ်ဟာ မာန်တက်နေသလိုဖြစ်နေတယ်။ ဒါကြောင့် သူ့ကိုကိုယ့်ဘာသာဘဲ တရားစီရင်လိုက်ချင်တာ” လို့ ပြောသွားပါတယ်။

Photo- Internet

ဒီဂီယာဟာ နောက်ပိုင်းမှာအမှားများနေတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရသလို စပိန်အသင်းမှာလည်း ချဲလ်ဆီးက ကီပါနဲ့ တစ်လှည့်စီကစားခဲ့ရပါတယ်။ သူဟာမန်ယူမှာလစာအများဆုံးရသူဖြစ်ပြီး တစ်ပတ်ကိုပေါင် ၃၅၀၀၀၀ အထိရရှိနေကြောင်းလည်း သိရပါတယ်။

Photo- Internet

Zawgyi





