
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဟာ အင်တာမီလန်ကွင်းလယ်လူအဲရစ်ဆင်ရဲ့ကျန်းမာရေးအခြေအနေ ရာနှုန်းပြည့်မကောင်းမချင်း အသင်းအတွက်ပါဝင်ကစားခွင့်ပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူအဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ယူရို-၂၀၂၀ အုပ်စုပွဲစဉ်အဖြစ် ဖင်လန်နဲ့ကစားခဲ့တဲ့ပွဲမှာ ရုတ်တရက်နှလုံးခုန်ရပ်သွားတာကြောင့် ဆေးအဖွဲ့က အရေးပေါ်ရှေးဦးသူနာပြုစုခဲ့ရပြီး
ဆေးရုံချက်ချင်းတင်ပို့ခဲ့ရသလို အဲဒီအဖြစ်အပျက်ကြောင့် အဲရစ်ဆင်ဟာ ဒိန်းမတ်အသင်းရဲ့ယူရိုလက်ကျန်ပွဲတွေအားလုံးမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် အဲရစ်ဆင်ဟာ အခုလောလောဆယ် ICD (Implantable Cardioverter Defibrillator)လို့ခေါ်တဲ့ နှလုံးခုန်စက်အသေးစားလေးတစ်ခု တပ်ဆင်ထားရပြီး အီတလီဘောလုံးအဖွဲ့ချုပ်ကတော့ အဲဒီ ICD မပါဘဲ လှုပ်ရှားနိုင်မှသာ အဲရစ်ဆင်ကို ဘောလုံးကစားခွင့်ပေးသွားမှာဖြစ်ပါတယ်။
စီးရီးအေမှာ ရုတ်တရက်နှလုံးခုန်ရပ်သွားလို့ ဘောလုံးသမားတွေ အသက်အန္တရာယ်ဆုံးရှုံးရတဲ့အဖြစ်ဆိုးမျိုး မဖြစ်ရအောင်
အီတလီဘောလုံးအဖွဲ့ချုပ်က နှလုံးရောဂါခံစားဖူးတဲ့ကစားသမားတွေ စီးရီးအေမှာ ဆက်လက်ကစားခွင့် ပိတ်ပင်တဲ့စည်းမျဉ်းကို ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ချမှတ်ခဲ့တာဖြစ်ပါတယ်။
FIGC ရဲ့ဒါရိုက်တာတစ်ဦးဖြစ်သူ ဖရန်ကိုဘရာကိုနာရိုက “အခုလောလောဆယ်တော့ အဲရစ်ဆင်ဟာ စီးရီးအေမှာကစားခွင့်ရမှာ မဟုတ်သေးပါဘူး။
အခြေအနေပြန်လည်တိုးတက်လာပြီး ICD စက်မလိုတော့တဲ့အချိန်မှသာ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းအတွက် ပါဝင်ကစားခွင့်ပြုမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အေဂျက်စ်အသင်းက မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဒါလေဘလင်းဟာ ၂၀၁၉ ခုနှစ်တုန်းက အဲရစ်ဆင်လိုပဲ ရုတ်တရက်နှလုံးခုန်ရပ်သွားတာကြောင့် ICD စက်တပ်ဆင်ခဲ့ရပြီး ဘောလုံးပြန်ကစားခဲ့ပေမယ့် FIGC ကတော့ အဲဒီလိုအရဲစွန့်ပြီးတော့ အဲရစ်ဆင်ကို ဘောလုံးပြန်ကစားခွင့်ပြုဖို့ မရှိပါဘူး။
အခုအချိန်မှာ တချို့က အဲရစ်ဆင်အနေနဲ့ ဘောလုံးသမားဘဝကနေအနားယူသင့်တယ်လို့ တိုက်တွန်းနေတဲ့အတွက် ဘလင်းက မကျေမနပ်ဖြစ်နေပြီး သူက”ဒီနေ့ဒီအချိန်မှာ ဘောလုံးသမားဘဝကို ကျွန်တော်ဘယ်လိုဖြတ်သန်းနေလဲဆိုတာကြည့်ပါ။
အဲဒါကြောင့် အဲရစ်ဆင်နဲ့ပတ်သက်လို့ ဘာမှမပြောဘဲ သူ့ဘာသာအေးအေးဆေးဆေးနေခွင့်ပေးပါလို့ ကျွန်တော်တောင်းဆိုလိုက်ပါတယ်။
ကျွန်တော့်တုန်းက အေဂျက်စ်အသင်းက ဆေးအဖွဲ့နဲ့ဆေးရုံကဆရာဝန်တွေရဲ့ထောက်ခံချက်ရပြီး ကိုယ်တိုင်ကလည်း ဘောလုံးပြန်ကစားဖို့အသင့်ဖြစ်နေချိန်မှာ အေဂျက်စ်အသင်းအတွက် ပြန်ကစားခဲ့တာပါပဲ။
ထိပ်တန်းအဆင့်မှာ ကျွန်တော် မကစားနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။
အရေးကြီးဆုံးက ခေါင်းထဲမှာ ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေးရှိနေဖို့ပဲ လိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
က်န္းမာေရးအေျခအေန စိတ္မခ်ရမခ်င္း အင္တာမီလန္အတြက္ ကစားခြင့္ရမွာမဟုတ္တဲ့ အဲရစ္ဆင္
အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္(FIGC)ဟာ အင္တာမီလန္ကြင္းလယ္လူအဲရစ္ဆင္ရဲ႕က်န္းမာေရးအေျခအေန ရာႏႈန္းျပည့္မေကာင္းမခ်င္း အသင္းအတြက္ပါဝင္ကစားခြင့္ေပးမွာမဟုတ္ဘူးလို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒိန္းမတ္လက္ေ႐ြးစင္ကြင္းလယ္လူအဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂၀ အုပ္စုပြဲစဥ္အျဖစ္ ဖင္လန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားတာေၾကာင့္ ေဆးအဖြဲ႕က အေရးေပၚေရွးဦးသူနာျပဳစုခဲ့ရၿပီး ေဆး႐ုံခ်က္ခ်င္းတင္ပို႔ခဲ့ရသလို အဲဒီအျဖစ္အပ်က္ေၾကာင့္ အဲရစ္ဆင္ဟာ ဒိန္းမတ္အသင္းရဲ႕ယူ႐ိုလက္က်န္ပြဲေတြအားလုံးမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။
ဒါ့အျပင္ အဲရစ္ဆင္ဟာ အခုေလာေလာဆယ္ ICD (Implantable Cardioverter Defibrillator)လို႔ေခၚတဲ့ ႏွလုံးခုန္စက္အေသးစားေလးတစ္ခု တပ္ဆင္ထားရၿပီး အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ အဲဒီ ICD မပါဘဲ လႈပ္ရွားႏိုင္မွသာ အဲရစ္ဆင္ကို ေဘာလုံးကစားခြင့္ေပးသြားမွာျဖစ္ပါတယ္။ စီးရီးေအမွာ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားလို႔ ေဘာလုံးသမားေတြ အသက္အႏၲရာယ္ဆုံးရႈံးရတဲ့အျဖစ္ဆိုးမ်ိဳး မျဖစ္ရေအာင္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က ႏွလုံးေရာဂါခံစားဖူးတဲ့ကစားသမားေတြ စီးရီးေအမွာ ဆက္လက္ကစားခြင့္ ပိတ္ပင္တဲ့စည္းမ်ဥ္းကို ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္ကတည္းက ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
FIGC ရဲ႕ဒါ႐ိုက္တာတစ္ဦးျဖစ္သူ ဖရန္ကိုဘရာကိုနာ႐ိုက “အခုေလာေလာဆယ္ေတာ့ အဲရစ္ဆင္ဟာ စီးရီးေအမွာကစားခြင့္ရမွာ မဟုတ္ေသးပါဘူး။ အေျခအေနျပန္လည္တိုးတက္လာၿပီး ICD စက္မလိုေတာ့တဲ့အခ်ိန္မွသာ အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းအတြက္ ပါဝင္ကစားခြင့္ျပဳမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေအဂ်က္စ္အသင္းက မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္းဒါေလဘလင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက အဲရစ္ဆင္လိုပဲ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားတာေၾကာင့္ ICD စက္တပ္ဆင္ခဲ့ရၿပီး ေဘာလုံးျပန္ကစားခဲ့ေပမယ့္ FIGC ကေတာ့ အဲဒီလိုအရဲစြန႔္ၿပီးေတာ့ အဲရစ္ဆင္ကို ေဘာလုံးျပန္ကစားခြင့္ျပဳဖို႔ မရွိပါဘူး။
အခုအခ်ိန္မွာ တခ်ိဳ႕က အဲရစ္ဆင္အေနနဲ႔ ေဘာလုံးသမားဘဝကေနအနားယူသင့္တယ္လို႔ တိုက္တြန္းေနတဲ့အတြက္ ဘလင္းက မေက်မနပ္ျဖစ္ေနၿပီး သူက”ဒီေန႔ဒီအခ်ိန္မွာ ေဘာလုံးသမားဘဝကို ကြၽန္ေတာ္ဘယ္လိုျဖတ္သန္းေနလဲဆိုတာၾကည့္ပါ။ အဲဒါေၾကာင့္ အဲရစ္ဆင္နဲ႔ပတ္သက္လို႔ ဘာမွမေျပာဘဲ သူ႔ဘာသာေအးေအးေဆးေဆးေနခြင့္ေပးပါလို႔ ကြၽန္ေတာ္ေတာင္းဆိုလိုက္ပါတယ္။ ကြၽန္ေတာ့္တုန္းက ေအဂ်က္စ္အသင္းက ေဆးအဖြဲ႕နဲ႔ေဆး႐ုံကဆရာဝန္ေတြရဲ႕ေထာက္ခံခ်က္ရၿပီး ကိုယ္တိုင္ကလည္း ေဘာလုံးျပန္ကစားဖို႔အသင့္ျဖစ္ေနခ်ိန္မွာ ေအဂ်က္စ္အသင္းအတြက္ ျပန္ကစားခဲ့တာပါပဲ။ ထိပ္တန္းအဆင့္မွာ ကြၽန္ေတာ္ မကစားႏိုင္စရာ ဘာအေၾကာင္းမွ မရွိပါဘူး။ အေရးႀကီးဆုံးက ေခါင္းထဲမွာ ဘာမွမစဥ္းစားဘဲ ေအးေအးေဆးေဆးရွိေနဖို႔ပဲ လိုပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။