
Photo Credit
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို စုပေါင်းကာကွယ်တားဆီးရာမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကစားဆိုသွားပါတယ်။ ဘရာဇီးအသင်းခေါင်းဆောင် နေမာလို နာမည်ကြီးဘောလုံးသမားတွေအပါအဝင် ကမ္ဘာ့လူဦးရေအများစုဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုနှုန်း လျော့ကျနိုင်ရေးအတွက် ကိုယ့်အိမ်မှာပဲ သီးသန့်နေထိုင်နေကြပါတယ်။
Photo Credit
ဒါပေမဲ့ ဆရာဝန်နဲ့ သူနာပြုတွေကတော့ Covid-19 ကို ရှေ့တန်းကနေ ဦးဆောင်တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ယခုတစ်ပတ်အစောပိုင်းက Lockdown လုပ်ထားရတဲ့ အီတလီနဲ့ စပိန်နိုင်ငံတို့မှာ ဆိုရှယ်မီဒီယာကနေ ကျန်းမာရေးဝန်ထမ်းတွေကို အသိအမှတ်ပြုကျေးဇူးတင်တဲ့ပို့စ်တွေ အများအပြားတင်ခဲ့ပါတယ်။ နေမာကလည်း သူ့ရဲ့လူမှုမီဒီယာအကောင့်ကနေ ဗီဒီယိုဖိုင်နဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်စကားဆိုခဲ့တာပါ။
Photo Credit
”ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ဘဝတွေကို စွန့်စားပြီး ရောဂါကာကွယ်တားဆီးရေးမှာ ရှေ့တန်းကနေ ပါဝင်တိုက်ပွဲဝင်နေတဲ့အတွက် ကျေးဇူးအထူးပါ။ #StayHome”လို့ နေမာက ပြောကြားခဲ့ပါတယ်။
Photo Credit
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာမှာ ၂၄၆၀၀၀ ကျော် ရောဂါပိုးကူးစက်ခံထားရပြီး ကွယ်လွန်သူကလည်း တစ်သောင်းကျော်ရှိနေပြီဖြစ်ပါတယ်။ အဲဒီကပ်ရောဂါကြောင့် ၂၀၁၉-၂၀ ဥရောပဘောလုံးရာသီအများစုလည်း ရပ်နားထားရပြီး ဘယ်အချိန်ပြန်စမလဲဆိုတာလည်း မရေရာတဲ့အနေအထားဖြစ်နေပါတယ်။
Photo Credit
ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေက အစောဆုံးဧပြီလအထိ ရပ်နားထားပြီး လက်ရွေးစင်ပွဲတွေလည်း ရပ်နားထားရပါတယ်။ နေမာကလည်း ပီအက်စ်ဂျီအသင်းအတွက် နောက်ဆုံးပွဲပါဝင်ကစားမှုအဖြစ် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-အကျော့မှာ ဒေါ့မွန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲဖြစ်ပြီး မတ်လ ၁၁ရက်နေ့က ပရိသတ်မပါဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
Photo Credit
Zawgyi
က်န္းမာေရး၀န္ထမ္းေတြကို ေနမာ ေက်းဇူးတင္စကားဆုိ
ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ေနမာက ကို႐ိုနာဗုိင္းရပ္စ္ကပ္ေရာဂါကို စုေပါင္းကာကြယ္တားဆီးရာမွာ ေရွ႕တန္းကေန ပါ၀င္ေနတဲ့ က်န္းမာေရး၀န္ထမ္းေတြကို ေက်းဇူးတင္ကစားဆုိသြားပါတယ္။ ဘရာဇီးအသင္းေခါင္းေဆာင္ ေနမာလုိ နာမည္ႀကီးေဘာလုံးသမားေတြအပါအ၀င္ ကမၻာ့လူဦးေရအမ်ားစုဟာ ကို႐ိုနာဗုိင္းရပ္စ္ပ်ံ႕ပြားမႈႏႈန္း ေလ်ာ့က်ႏိုင္ေရးအတြက္ ကိုယ့္အိမ္မွာပဲ သီးသန္႔ေနထိုင္ေနၾကပါတယ္။
ဒါေပမဲ့ ဆရာ၀န္နဲ႔ သူနာျပဳေတြကေတာ့ Covid-19 ကို ေရွ႕တန္းကေန ဦးေဆာင္တုိက္ပြဲ၀င္ေနရဆဲျဖစ္ၿပီး ယခုတစ္ပတ္အေစာပိုင္းက Lockdown လုပ္ထားရတဲ့ အီတလီနဲ႔ စပိန္ႏိုင္ငံတုိ႔မွာ ဆုိရွယ္မီဒီယာကေန က်န္းမာေရး၀န္ထမ္းေတြကို အသိအမွတ္ျပဳေက်းဇူးတင္တဲ့ပုိ႔စ္ေတြ အမ်ားအျပားတင္ခဲ့ပါတယ္။ ေနမာကလည္း သူ႕ရဲ႕လူမႈမီဒီယာအေကာင့္ကေန ဗီဒီယိုဖိုင္နဲ႔အတူ က်န္းမာေရး၀န္ထမ္းေတြကို ေက်းဇူးတင္စကားဆုိခဲ့တာပါ။
”က်န္းမာေရး၀န္ထမ္းေတြအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ခင္ဗ်ားတို႔ရဲ႕ဘ၀ေတြကို စြန္႔စားၿပီး ေရာဂါကာကြယ္တားဆီးေရးမွာ ေရွ႕တန္းကေန ပါ၀င္တုိက္ပြဲ၀င္ေနတဲ့အတြက္ ေက်းဇူးအထူးပါ။ #StayHome”လုိ႔ ေနမာက ေျပာၾကားခဲ့ပါတယ္။
ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ကမၻာမွာ ၂၄၆၀၀၀ ေက်ာ္ ေရာဂါပိုးကူးစက္ခံထားရၿပီး ကြယ္လြန္သူကလည္း တစ္ေသာင္းေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ အဲဒီကပ္ေရာဂါေၾကာင့္ ၂၀၁၉-၂၀ ဥေရာပေဘာလုံးရာသီအမ်ားစုလည္း ရပ္နားထားရၿပီး ဘယ္အခ်ိန္ျပန္စမလဲဆုိတာလည္း မေရရာတဲ့အေနအထားျဖစ္ေနပါတယ္။
ပရီးမီးယားလိဂ္၊ လာလီဂါနဲ႔ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲေတြက အေစာဆုံးဧၿပီလအထိ ရပ္နားထားၿပီး လက္ေရြးစင္ပဲြေတြလည္း ရပ္နားထားရပါတယ္။ ေနမာကလည္း ပီအက္စ္ဂ်ီအသင္းအတြက္ ေနာက္ဆုံးပြဲပါ၀င္ကစားမႈအျဖစ္ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့မွာ ေဒါ့မြန္ကို ၂-၀ ဂုိးနဲ႔အႏိုင္ရခဲ့တဲ့ပြဲျဖစ္ၿပီး မတ္လ ၁၁ရက္ေန႔က ပရိသတ္မပါဘဲ က်င္းပခဲ့တာျဖစ္ပါတယ္။