ကျည်ဆန်ပါတဲ့ စာအိတ်နဲ့ အင်တာမီလန်နည်းပြ ကွန်တီခြိမ်းခြောက်ခံရ

Photo- Internet
Photo- Internet

အင်တာမီလန်အသင်းနည်းပြ ကွန်တီကို ကျည်ဆန်တစ်တောင့် ပါဝင်တဲ့စာအိတ်ပို့ဆောင်ပြိး ခြိမ်းခြောက်ခံခဲ့ရမှုကို ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီစာအိတ်ထဲမှာ အခြားသောခြိမ်းခြောက်မှုတွေလည်း ပါဝင်ခဲ့ပြီး စာအိတ်ပို့တဲ့သူကိုတော့ မသိရသေးဘဲ စုံစမ်းမှုတွေပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အင်တာမီလန်အသင်းကလည်း စိုးရိမ်စိတ်တွေတိုးပွားလာခဲ့ပြီး ကလပ်အတွင်းမှာလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ဒါ့အပြင် ကွန်တီအတွက် သူ့နေအိမ်နဲ့ လေ့ကျင့်ရေးကွင်းမှာပါ လုံခြုံရေးတင်းကျပ်စွာ ချထားပေးထားတယ်လို့လည်း အီတလီသတင်းစာတစ်စောင်က ဖော်ပြသွားပါတယ်။

Photo- Internet

ရဲတပ်ဖွဲ့ဟာ စာအိတ်မှာပါတဲ့ လက်ဗွေရာကို စစ်ဆေးနေပြီး ပေးပို့တဲ့သူ ဘယ်သူဆိုတာသိရဖို့နဲ့ ဘာကြောင့် ပေးပို့ခဲ့တယ်ဆိုတာ သိရဖို့ကြိုးစားနေပါတယ်။ ဒီအခြေအနေကို ကွန်တီကလည်း စိုးရိမ်ပြီးသူ့မိသားစု လုံခြုံရေးအတွက်အစီအစဉ်တွေ ကိုအလျင်အမြန်ပြုလုပ်ခဲ့ပါတယ်။

Photo- Internet

ဒီလိုပြုလုပ်ရာမှာ ကွန်တီဟာ သူ့နေအိမ်ရှေ့ကလမ်းမပေါ်ကို ဗီဒီယိုကနေတစ်ဆင့်စောင့်ကြည့်မှုလည်း ပါဝင်ခဲ့ပြီး နောက်ထပ်ပေးပို့လာမယ့်အရေးအတွက် လေ့ကျင့်ရေးကွင်းမှာလည်း လုံခြုံရေးကင်မရာတွေကို ထပ်မံတပ်ဆင်ထားခဲ့ပါတယ်။ လက်ရှိသုံးသပ်မှုအရ စာအိတ်ပေးပို့သူဟာ အာရုံစူးစိုက်မှုခံယူချင်တဲ့ သူတစ်ဦးသာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Photo- Internet

ဒါပေမယ့်လည်း သတိဆိုတာပိုတယ်မရှိလို့ အင်တာမီလန်ရော ကွန်တီပါ သတိဝီရိယနဲ့ နေထိုင်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အင်တာမီလန်ကိုတာဝန်ယူခဲ့ပေမယ့် ရလဒ်တွေကောင်းအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

Photo- Internet

Zawgyi

က်ည္ဆန္ပါတဲ႔ စာအိတ္နဲ႔ အင္တာမီလန္နည္းျပ ကြန္တီၿခိမ္းေျခာက္ခံရ

အင္တာမီလန္အသင္းနည္းျပ ကြန္တီကို က်ည္ဆန္တစ္ေတာင့္ ပါ၀င္တဲ႔စာအိတ္ပို႔ေဆာင္ၿပိး ၿခိမ္းေျခာက္ခံခဲ့ရမႈကို ရဲတပ္ဖြဲ႔က စုံစမ္းမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဒီစာအိတ္ထဲမွာ အျခားေသာၿခိမ္းေျခာက္မႈေတြလည္း ပါ၀င္ခဲ့ၿပီး စာအိတ္ပို႔တဲ႔သူကိုေတာ႔ မသိရေသးဘဲ စုံစမ္းမႈေတြျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ အင္တာမီလန္အသင္းကလည္း စိုးရိမ္စိတ္ေတြတိုးပြားလာခဲ့ၿပီး ကလပ္အတြင္းမွာလုံၿခံဳေရးကို တိုးျမွင့္ေဆာင္ရြက္လ်က္ရွိပါတယ္။ဒါ့အျပင္ ကြန္တီအတြက္ သူ႔ေနအိမ္နဲ႔ ေလ႔က်င့္ေရးကြင္းမွာပါ လုံၿခံဳေရးတင္းက်ပ္စြာ ခ်ထားေပးထားတယ္လို႔လည္း အီတလီသတင္းစာတစ္ေစာင္က ေဖာ္ျပသြားပါတယ္။

ရဲတပ္ဖြဲ႔ဟာ စာအိတ္မွာပါတဲ႔ လက္ေဗြရာကို စစ္ေဆးေနၿပီး ေပးပို႔တဲ႔သူ ဘယ္သူဆိုတာသိရဖို႔နဲ႔ ဘာေၾကာင့္ ေပးပို႔ခဲ့တယ္ဆိုတာ သိရဖို႔ႀကိဳးစားေနပါတယ္။ ဒီအေျခအေနကို ကြန္တီကလည္း စိုးရိမ္ၿပီးသူ႔မိသားစု လုံၿခံဳေရးအတြက္အစီအစဥ္ေတြ ကိုအလ်င္အျမန္ျပဳလုပ္ခဲ့ပါတယ္။

ဒီလိုျပဳလုပ္ရာမွာ ကြန္တီဟာ သူ႔ေနအိမ္ေရွ႕ကလမ္းမေပၚကို ဗီဒီယိုကေနတစ္ဆင့္ေစာင့္ၾကည့္မႈလည္း ပါ၀င္ခဲ့ၿပီး ေနာက္ထပ္ေပးပို႔လာမယ္႔အေရးအတြက္ ေလ႔က်င့္ေရးကြင္းမွာလည္း လုံၿခံဳေရးကင္မရာေတြကို ထပ္မံတပ္ဆင္ထားခဲ့ပါတယ္။ လက္ရွိသုံးသပ္မႈအရ စာအိတ္ေပးပို႔သူဟာ အာရုံစူးစိုက္မႈခံယူခ်င္တဲ႔ သူတစ္ဦးသာျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။

ဒါေပမယ္႔လည္း သတိဆိုတာပိုတယ္မရွိလို႔ အင္တာမီလန္ေရာ ကြန္တီပါ သတိ၀ီရိယနဲ႔ ေနထိုင္ဖို႔ ရဲတပ္ဖြဲ႔က သတိေပးထားပါတယ္။ ကြန္တီဟာ ၿပီးခဲ့တဲ႔ ေႏြရာသီကမွ အင္တာမီလန္ကိုတာ၀န္ယူခဲ့ေပမယ္႔ ရလဒ္ေတြေကာင္းေအာင္ စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။