ကျည်ကာကားတောင်းတဲ့ ဘောလုံးသမားနဲ့ ဘောလုံးလောကရဲ့ ထူးခြားဇာတ်လမ်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေရဲ့ဘဝမှာ ကလပ်အသင်းတွေ၊ ကြော်ငြာတွေနဲ့ အလုပ်သဘော စာချုပ်ချုပ်ဆိုနေကြတာ ပုံမှန်အနေအထားပါပဲ။

ဒါပေမယ့် တစ်ခါတလေမှာ ဘောလုံးသမားအချို့နဲ့ ကလပ်အသင်းတွေအကြား စာချုပ်ပါအချက်အလက်တွေထဲမှာ ပရိသတ်တွေ လုံး၀ ထင်မှတ်မထားတဲ့ အချက်အလက်တွေ ပါဝင်နေတာကို SunSport ကဖော်ပြလိုက်ပါတယ်။

သူတို့ဖော်ပြချက်အရ အခုခေတ် နာမည်ာကီးဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ လီဝန်ဒေါစကီးတို့အပြင် အရင်ခေတ် ဘောလုံးသမား တစ်ချို့နဲ့ သူတို့ရဲ့ ကလပ်အသင်းတွေအကြား ထူးထူးခြားခြား အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မက်ဆီ

မက်ဆီနဲ့ ဘာစီလိုနာအကြားမှာ ပေါင်သန်းရာချီတန်ကြေးရှိတဲ့ စာချုပ်ရှိတာ အားလုံးအသိပါပဲ။ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာတောင် မက်ဆီက အသင်းကို ထွက်ခွာခွင့် တရားဝင်ပြောခဲ့ပါသေးတယ်။

ဘာစီလိုနာဟာ စပိန်နိုင်ငံရဲ့ ကာတလန်ဒေသမှာရှိပြီး စပိန်ပါလီမန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ခွဲထွက်ရေးတောင်းဆိုထားတဲ့ ဒေသပါ။

ကာတလန်သားတွေက သူတို့အနေနဲ့ နိုင်ငံတစ်ခုထူထောင်လိုနေကြပြီး မက်ဆီနဲ့စာချုပ်မှာ ထူးခြားတဲ့ စာပိုဒ်တစ်ခုအဖြစ် ထည့်သွင်းထားတာကတော့ တကယ်လို့သာ ကာတလန်ဒေသဟာ ကိုယ်ပိုင်နိုင်ငံတစ်ခုဖြစ်လာပြီဆိုရင် မက်ဆီအနေနဲ့ ဘာစီလိုနာကနေ အချိန်မရွေး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တယ်ဆိုတဲ့အချက်ပါပဲ။

အခုတော့ မက်ဆီရဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ သူတို့နိုင်ငံခွဲမထွက်နိုင်ခဲ့ပါဘူး။

လီဝန်ဒေါစကီး

ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှုးတွေထဲမှာပါတဲ့ လီဝန်ဒေါစကီးဟာ ဒေ့ါမန်ကနေ ဘိုင်ယန်မြူးနစ်ကို မပြောင်းသေးခင် ရီးရဲလ်က ခေါ်ယူဖို့ နီးစပ်ခဲ့သေးတာပါ။

အဲ့အချိန်တုန်းက လီဝန်ဒေါစကီးကို ရီးရဲလ်က တပတ်လစာ ပေါင် ၁၆၆၀၀၀နဲ့ ကမ်းလှမ်းခဲ့တဲ့အတွက် ဘိုင်ယန်ထက် လစာ ပိုပေးထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်ဖက်က ချုပ်ဆိုလိုတဲ့ စာချုပ်ထဲမှာ ကစားသမားကို မပြုလုပ်ဖို့ တားမြစ်ထားတဲ့ ထူးခြား အချက်အလက်တွေ ရှိခဲ့ပါတယ်။

အဲ့ဒါတွေကတော့ တောင်တက်ခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်း၊ စကိတ်စီးခြင်း၊ မော်တော်ဘုတ်နဲ့ သွားလာခြင်းစတဲ့ ကိစ္စရက်တွေကို မပြုလုပ်ဖို့ တားမြစ်ထားတာပါ။

ရီးရဲလ်ရဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် လီဝန်ဒေါစကီးတစ်ယောက် ဘိုင်ယန်ကို ရောက်သွားတာ ဖြစ်နိုင်ပါတယ်။

ဟွန်ဒါ

ဒီဂျပန်ကစားသမားကတော့ အာရှက ကမ္ဘောဒီးယားအသင်းမှာလည်း နည်းပြလုပ်ပေးခဲ့တဲ့သူဆိုတော့ ပရိသတ်တွေနဲ့ မစိမ်းပါဘူး။ ဟွန်ဒါဟာ ၂၀၂၀ ဇန်နဝါရီတုန်းက ဘရာဇီးကလပ် Botafogo အသင်းမှာ သွားကစားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံရဲ့ ရီယိုဒီဂျေနီရိုးမြို့က ဒုစရိုက်မြို့တော်လို့ နာမည်ကြီးတဲ့အတွက် မြို့ခံကလပ်အသင်းမှာ ကစားရမယ့် ဟွန်ဒါဟာ Botafogo ကို ထူးခြားတဲ့ တောင်းဆိုချက်အနေနဲ့ သူ့စီးဖို့ ကျည်ကာကားတစ်စီး သုံးဖို့ပေးထားဖို့ ပြောခဲ့ပါတယ်။

ကလပ်အသင်းဖက်ကလည်း စီစဉ်ပေးခဲ့ပြီး ဟွန်ဒါ အဆင်ပြေခဲ့ပါတယ်။

ရီဒွန်ဒို

ရီးရဲလ်နဲ့ အေစီမီလန်ကွင်းလယ်ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ရီဒွန်ဒိုဟာ ခြေစွမ်းအပြင် သူ့ရဲ့ ရုပ်ရည်ကြေင့် အမျိုးသမီးပရီသတ်တွေကြားမှာ ပိုရေပန်းစားပါတယ်။ ဆံပင်အရှည်ထားတဲ့ ရီဒွန်ဒိုတစ်ယောက် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းမှာ မပါဖြစ်ခဲ့ပုံက ဆံပင်ကိစ္စကြောင့်ပါပဲ။

အဲ့အချိန်တုန်းက အာဂျင်တီးနားနည်းပြ ဘီယယ်ဆာ (လက်ရှိ လိဒ်နည်းပြ) က လက်ရွေးစင်အသင်းအတွက် လိင်တူချစ်သူကစားသမားတွေကို မရွေးချယ်သလို ဆံပင်အရှည်ထားတဲ့ ကစားသမားတွေကို ဆံပင်ညှပ်ခိုင်းတဲ့ စည်းကမ်းတွေ ထုတ်ထားခဲ့ပြီး ဆံပင်ညှပ်ဖို့ ငြင်းဆန်ခဲ့တဲ့ ရီဒွန်ဒိုဟာ ခြေစွမ်းကောင်းရဲ့သားနဲ့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

က်ည္ကာကားေတာင္းတဲ့ ေဘာလုံးသမားနဲ႔ ေဘာလုံးေလာကရဲ႕ ထူးျခားဇာတ္လမ္းမ်ား

ေဘာလုံးသမားေတြရဲ႕ဘဝမွာ ကလပ္အသင္းေတြ၊ ေၾကာ္ျငာေတြနဲ႔ အလုပ္သေဘာ စာခ်ဳပ္ခ်ဳပ္ဆိုေနၾကတာ ပုံမွန္အေနအထားပါပဲ။ ဒါေပမယ့္ တစ္ခါတေလမွာ ေဘာလုံးသမားအခ်ိဳ႕နဲ႔ ကလပ္အသင္းေတြအၾကား စာခ်ဳပ္ပါအခ်က္အလက္ေတြထဲမွာ ပရိသတ္ေတြ လုံး၀ ထင္မွတ္မထားတဲ့ အခ်က္အလက္ေတြ ပါဝင္ေနတာကို SunSport ကေဖာ္ျပလိုက္ပါတယ္။ သူတို႔ေဖာ္ျပခ်က္အရ အခုေခတ္ နာမည္ာကီးေဘာလုံးသမားေတြျဖစ္တဲ့ မက္ဆီ၊ လီဝန္ေဒါစကီးတို႔အျပင္ အရင္ေခတ္ ေဘာလုံးသမား တစ္ခ်ိဳ႕နဲ႔ သူတို႔ရဲ႕ ကလပ္အသင္းေတြအၾကား ထူးထူးျခားျခား အခ်က္အလက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

မက္ဆီ

မက္ဆီနဲ႔ ဘာစီလိုနာအၾကားမွာ ေပါင္သန္းရာခ်ီတန္ေၾကးရွိတဲ့ စာခ်ဳပ္ရွိတာ အားလုံးအသိပါပဲ။ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာေတာင္ မက္ဆီက အသင္းကို ထြက္ခြာခြင့္ တရားဝင္ေျပာခဲ့ပါေသးတယ္။ ဘာစီလိုနာဟာ စပိန္ႏိုင္ငံရဲ႕ ကာတလန္ေဒသမွာရွိၿပီး စပိန္ပါလီမန္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ခြဲထြက္ေရးေတာင္းဆိုထားတဲ့ ေဒသပါ။
ကာတလန္သားေတြက သူတို႔အေနနဲ႔ ႏိုင္ငံတစ္ခုထူေထာင္လိုေနၾကၿပီး မက္ဆီနဲ႔စာခ်ဳပ္မွာ ထူးျခားတဲ့ စာပိုဒ္တစ္ခုအျဖစ္ ထည့္သြင္ းထားတာကေတာ့ တကယ္လို႔သာ ကာတလန္ေဒသဟာ ကိုယ္ပိုင္ႏိုင္ငံတစ္ခုျဖစ္လာၿပီဆိုရင္ မက္ဆီအေနနဲ႔ ဘာစီလိုနာကေန အခ်ိန္မေ႐ြး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္တယ္ဆိုတဲ့အခ်က္ပါပဲ။ အခုေတာ့ မက္ဆီရဲ႕ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ သူတို႔ႏိုင္ငံခြဲမထြက္ႏိုင္ခဲ့ပါဘူး။

လီဝန္ေဒါစကီး

ဥေရာပရဲ႕ အေကာင္းဆုံးတိုက္စစ္မႈးေတြထဲမွာပါတဲ့ လီဝန္ေဒါစကီးဟာ ေဒ့ါမန္ကေန ဘိုင္ယန္ျမဴးနစ္ကို မေျပာင္းေသးခင္ ရီးရဲလ္က ေခၚယူဖို႔ နီးစပ္ခဲ့ေသးတာပါ။ အဲ့အခ်ိန္တုန္းက လီဝန္ေဒါစကီးကို ရီးရဲလ္က တပတ္လစာ ေပါင္ ၁၆၆၀၀၀နဲ႔ ကမ္းလွမ္းခဲ့တဲ့အတြက္ ဘိုင္ယန္ထက္ လစာ ပိုေပးထားတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ရီးရဲလ္ဖက္က ခ်ဳပ္ဆိုလိုတဲ့ စာခ်ဳပ္ထဲမွာ ကစားသမားကို မျပဳလုပ္ဖို႔ တားျမစ္ထားတဲ့ ထူးျခား အခ်က္အလက္ေတြ ရွိခဲ့ပါတယ္။

အဲ့ဒါေတြကေတာ့ ေတာင္တက္ျခင္း၊ ေမာ္ေတာ္ဆိုင္ကယ္စီးျခင္း၊ စကိတ္စီးျခင္း၊ ေမာ္ေတာ္ဘုတ္နဲ႔ သြားလာျခင္းစတဲ့ ကိစၥရက္ေတြကို မျပဳလုပ္ဖို႔ တားျမစ္ထားတာပါ။ ရီးရဲလ္ရဲ႕ တားျမစ္ကန႔္သတ္ခ်က္ေတြေၾကာင့္ လီဝန္ေဒါစကီးတစ္ေယာက္ ဘိုင္ယန္ကို ေရာက္သြားတာ ျဖစ္ႏိုင္ပါတယ္။

ဟြန္ဒါ

ဒီဂ်ပန္ကစားသမားကေတာ့ အာရွက ကေမာၻဒီးယားအသင္းမွာလည္း နည္းျပလုပ္ေပးခဲ့တဲ့သူဆိုေတာ့ ပရိသတ္ေတြနဲ႔ မစိမ္းပါဘူး။ ဟြန္ဒါဟာ ၂၀၂၀ ဇန္နဝါရီတုန္းက ဘရာဇီးကလပ္ Botafogo အသင္းမွာ သြားကစားခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံရဲ႕ ရီယိုဒီေဂ်နီ႐ိုးၿမိဳ႕က ဒုစ႐ိုက္ၿမိဳ႕ေတာ္လို႔ နာမည္ႀကီးတဲ့အတြက္ ၿမိဳ႕ခံကလပ္အသင္းမွာ ကစားရမယ့္ ဟြန္ဒါဟာ Botafogo ကို ထူးျခားတဲ့ ေတာင္းဆိုခ်က္အေနနဲ႔ သူ႔စီးဖို႔ က်ည္ကာကားတစ္စီး သုံးဖို႔ေပးထားဖို႔ ေျပာခဲ့ပါတယ္။ ကလပ္အသင္းဖက္ကလည္း စီစဥ္ေပးခဲ့ၿပီး ဟြန္ဒါ အဆင္ေျပခဲ့ပါတယ္။

ရီဒြန္ဒို

ရီးရဲလ္နဲ႔ ေအစီမီလန္ကြင္းလယ္ကစားသမားေဟာင္းျဖစ္ခဲ့တဲ့ ရီဒြန္ဒိုဟာ ေျခစြမ္းအျပင္ သူ႔ရဲ႕ ႐ုပ္ရည္ေၾကင့္ အမ်ိဳးသမီးပရီသတ္ေတြၾကားမွာ ပိုေရပန္းစားပါတယ္။ ဆံပင္အရွည္ထားတဲ့ ရီဒြန္ဒိုတစ္ေယာက္ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အာဂ်င္တီးနားအသင္းမွာ မပါျဖစ္ခဲ့ပုံက ဆံပင္ကိစၥေၾကာင့္ပါပဲ။ အဲ့အခ်ိန္တုန္းက အာဂ်င္တီးနားနည္းျပ ဘီယယ္ဆာ (လက္ရွိ လိဒ္နည္းျပ) က လက္ေ႐ြးစင္အသင္းအတြက္ လိင္တူခ်စ္သူကစားသမားေတြကို မေ႐ြးခ်ယ္သလို ဆံပင္အရွည္ထားတဲ့ ကစားသမားေတြကို ဆံပင္ညႇပ္ခိုင္းတဲ့ စည္းကမ္းေတြ ထုတ္ထားခဲ့ၿပီး ဆံပင္ညႇပ္ဖို႔ ျငင္းဆန္ခဲ့တဲ့ ရီဒြန္ဒိုဟာ ေျခစြမ္းေကာင္းရဲ႕သားနဲ႔ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။