‘ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ’အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြွေးမြီပြဿနာတွေအပါအဝင် ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အခုဆိုရင် ကတ်တလန်အစိုးရက နူးကမ့်ကွင်းထဲမှာ ပရိသတ်(၃၀,၀၀၀)သာကြည့်ရှုခွင့်ပြုခဲ့တာကြောင့် အသင်းအတွက် နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရပါပြီ။

စပိန်အစိုးရတာဝန်ရှိသူတွေက ဒီရာသီမှာ ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့အိမ်ကွင်းမှာ ပရိသတ်အရေအတွက်(၆၀%)အထိဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့ပေမယ့်

ကတ်တလန်ဒေမှာ ကိုဗစ်ရောဂါအခြေအနေက တည်ငြိမ်မှုမရှိသေးလို့ ဒေသတွင်းအာဏာပိုင်တွေက အဲဒီလောက်ရာခိုင်နှုန်းအထိ ပရိသတ်ကြည့်ရှုခွင့်မပေးခဲ့ပါဘူး။

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ ကစားမယ့်ပွဲကျရင် ပရိသတ်(၆၀,၀၀၀)လောက်အထိ ကြည့်ရှုဖို့မျှော်လင့်နေပြီး ကွင်းဝင်ကြေးကနေ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတချို့ကိုဖြေရှင်းနိုင်ဖို့ စီစဉ်ထားပေမယ့်

အခု ကတ်တလန်အစိုးရက ပရိသတ်(၃၀,၀၀၀)သာကြည့်ရှုခွင့်ပေးခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းရဲ့ကြွေးမြီစုစုပေါင်းက ပေါင်(၁)ဘီလီယံအထိရှိနေသလို အဲဒါကြောင့်ပဲ အဓိက,ကစားသမားမက်ဆီကို လာလီဂါအဖွဲ့ချုပ်ဆီမှာ စာရင်းမသွင်းနိုင်လို့

အလွတ်နဲ့လက်လွှတ်ဆုံးရှုံးခဲ့ရသလို ဘဏ္ဍာရေးအခြေအနေပိုမဆိုးလာဖို့ ဂရစ်ဇ်မန်းကိုလည်း အသင်းဟောင်းအက်သလက်တီကိုအသင်းဆီ အငှားနဲ့လက်လွှတ်ခံခဲ့ရပြီး အဲဒီအတွက် ပေါင်သန်း(၇၀)လောက်နစ်နာခဲ့ရပါတယ်။

အခုလည်း ကတ်တလန်အစိုးရက နူးကမ့်ကွင်းထဲမှာ ပရိသတ်ကြည့်ရှုခွင့်ကို အကန့်အသတ်နဲ့သာခွင့်ပြုခဲ့တာကြောင့် အဲဒီဆုံးဖြတ်ချက်က ဘာစီလိုနာအသင်းတာဝန်ရှိသူတွေအတွက် မကျေမနပ်ဖြစ်စရာပါပဲ။

စပိန်နိုင်ငံဝန်ကြီးချုပ်ပတ်ဒရိုဆန်းချက်ဇ်က အမိုးဖွင့်ကွင်းတွေမှာ ပရိသတ်အရေအတွက်(၆၀%)၊ မိုးလုံလေလုံးကွင်းမှာဆိုရင် ပရိသတ်(၄၀%)ကွင်းထဲဝင်ကြည့်ဖို့ခွင့်ပြုထားပေမယ့်

ကတ်တလန်ဒေသအစိုးရက စပိန်အစိုးရရဲ့သတ်မှတ်ချက်အတိုင်း လိုက်နာစရာမလိုတဲ့ ကိုယ်ပိုင်အာဏာရှိသလို အနေအထားအပေါ်မူတည်ပြီး ကိုယ့်စိတ်ကြိုက် အမိန့်ထုတ်ပြန်ခွင့်ရှိတာကြောင့်

အခုလောလောဆယ် ကိုဗစ်ရောဂါအခြေအနေအရ နူးကမ့်ကွင်းထဲမှာ ပရိသတ်အများကြီးဝင်ကြည့်ဖို့မဖြစ်နိုင်သေးတဲ့အတွက် ပရိသတ်အရေအတွက်ကို (၃၅%)သာဝင်ရောက်ကြည့်ရှုဖို့ ကန့်သတ်ခဲ့တာပါ။

နူးကမ့်ကွင်းဟာ ပရိသတ်အရေအတွက် (၉၉,၃၅၄)ဦးအထိဝင်ဆံ့ပြီး ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းတစ်ကွင်းဖြစ်သလို တကယ်လို့ ပရိသတ်(၆၀%)သာကြည့်ခွင့်ရမယ်ဆိုရင် လာမယ့်စက်တာဘာ(၁၄)ရက်ကျရင် ဘိုင်ယန်မြူးနစ်နဲ့ကစားမယ့်အိမ်ကွင်းပွဲမှာ ပရိသတ်(၆၀,၀၀၀)အထိကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဘာစီလိုနာတာဝန်ရှိသူတွေကတော့ ကတ်တလန်အစိုးရရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်နေပြီး ဒါက အသင်းရဲ့ဝင်ငွေကို ထိခိုက်စေတဲ့အပြင် အိမ်ကွင်းပွဲတွေမှာ ပရိသတ်အားပေးမှု လျော့နည်းသွားစေမှာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

‘ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာ’အျဖစ္နဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာ

ေႂကြးၿမီျပႆနာေတြအပါအဝင္ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ အခုဆိုရင္ ကတ္တလန္အစိုးရက ႏူးကမ့္ကြင္းထဲမွာ ပရိသတ္(၃၀,၀၀၀)သာၾကည့္ရႈခြင့္ျပဳခဲ့တာေၾကာင့္ အသင္းအတြက္ ေနာက္ထပ္ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ရပါၿပီ။ စပိန္အစိုးရတာဝန္ရွိသူေတြက ဒီရာသီမွာ ကလပ္အသင္းေတြအေနနဲ႔ သူတို႔ရဲ႕အိမ္ကြင္းမွာ ပရိသတ္အေရအတြက္(၆၀%)အထိဝင္ေရာက္ၾကည့္ရႈခြင့္ေပးခဲ့ေပမယ့္ ကတ္တလန္ေဒမွာ ကိုဗစ္ေရာဂါအေျခအေနက တည္ၿငိမ္မႈမရွိေသးလို႔ ေဒသတြင္းအာဏာပိုင္ေတြက အဲဒီေလာက္ရာခိုင္ႏႈန္းအထိ ပရိသတ္ၾကည့္ရႈခြင့္မေပးခဲ့ပါဘူး။

ဘာစီလိုနာအသင္းဟာ အိမ္ကြင္းႏူးကမ့္မွာ ကစားမယ့္ပြဲက်ရင္ ပရိသတ္(၆၀,၀၀၀)ေလာက္အထိ ၾကည့္ရႈဖို႔ေမွ်ာ္လင့္ေနၿပီး ကြင္းဝင္ေၾကးကေန အသင္းရဲ႕ဘ႑ာေရးအခက္အခဲတခ်ိဳ႕ကိုေျဖရွင္းႏိုင္ဖို႔ စီစဥ္ထားေပမယ့္ အခု ကတ္တလန္အစိုးရက ပရိသတ္(၃၀,၀၀၀)သာၾကည့္ရႈခြင့္ေပးခဲ့လို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ ဘာစီလိုနာအသင္းရဲ႕ေႂကြးၿမီစုစုေပါင္းက ေပါင္(၁)ဘီလီယံအထိရွိေနသလို အဲဒါေၾကာင့္ပဲ အဓိက,ကစားသမားမက္ဆီကို လာလီဂါအဖြဲ႕ခ်ဳပ္ဆီမွာ စာရင္းမသြင္းႏိုင္လို႔ အလြတ္နဲ႔လက္လႊတ္ဆုံးရႈံးခဲ့ရသလို ဘ႑ာေရးအေျခအေနပိုမဆိုးလာဖို႔ ဂရစ္ဇ္မန္းကိုလည္း အသင္းေဟာင္းအက္သလက္တီကိုအသင္းဆီ အငွားနဲ႔လက္လႊတ္ခံခဲ့ရၿပီး အဲဒီအတြက္ ေပါင္သန္း(၇၀)ေလာက္နစ္နာခဲ့ရပါတယ္။

အခုလည္း ကတ္တလန္အစိုးရက ႏူးကမ့္ကြင္းထဲမွာ ပရိသတ္ၾကည့္ရႈခြင့္ကို အကန႔္အသတ္နဲ႔သာခြင့္ျပဳခဲ့တာေၾကာင့္ အဲဒီဆုံးျဖတ္ခ်က္က ဘာစီလိုနာအသင္းတာဝန္ရွိသူေတြအတြက္ မေက်မနပ္ျဖစ္စရာပါပဲ။ စပိန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ပတ္ဒ႐ိုဆန္းခ်က္ဇ္က အမိုးဖြင့္ကြင္းေတြမွာ ပရိသတ္အေရအတြက္(၆၀%)၊ မိုးလုံေလလုံးကြင္းမွာဆိုရင္ ပရိသတ္(၄၀%)ကြင္းထဲဝင္ၾကည့္ဖို႔ခြင့္ျပဳထားေပမယ့္ ကတ္တလန္ေဒသအစိုးရက စပိန္အစိုးရရဲ႕သတ္မွတ္ခ်က္အတိုင္း လိုက္နာစရာမလိုတဲ့ ကိုယ္ပိုင္အာဏာရွိသလို အေနအထားအေပၚမူတည္ၿပီး ကိုယ့္စိတ္ႀကိဳက္ အမိန႔္ထုတ္ျပန္ခြင့္ရွိတာေၾကာင့္ အခုေလာေလာဆယ္ ကိုဗစ္ေရာဂါအေျခအေနအရ ႏူးကမ့္ကြင္းထဲမွာ ပရိသတ္အမ်ားႀကီးဝင္ၾကည့္ဖို႔မျဖစ္ႏိုင္ေသးတဲ့အတြက္ ပရိသတ္အေရအတြက္ကို (၃၅%)သာဝင္ေရာက္ၾကည့္ရႈဖို႔ ကန႔္သတ္ခဲ့တာပါ။

ႏူးကမ့္ကြင္းဟာ ပရိသတ္အေရအတြက္ (၉၉,၃၅၄)ဦးအထိဝင္ဆံ့ၿပီး ကမာၻ႔အႀကီးဆုံးေဘာလုံးကြင္းတစ္ကြင္းျဖစ္သလို တကယ္လို႔ ပရိသတ္(၆၀%)သာၾကည့္ခြင့္ရမယ္ဆိုရင္ လာမယ့္စက္တာဘာ(၁၄)ရက္က်ရင္ ဘိုင္ယန္ျမဴးနစ္နဲ႔ကစားမယ့္အိမ္ကြင္းပြဲမွာ ပရိသတ္(၆၀,၀၀၀)အထိၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ ဘာစီလိုနာတာဝန္ရွိသူေတြကေတာ့ ကတ္တလန္အစိုးရရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္ေနၿပီး ဒါက အသင္းရဲ႕ဝင္ေငြကို ထိခိုက္ေစတဲ့အျပင္ အိမ္ကြင္းပြဲေတြမွာ ပရိသတ္အားေပးမႈ ေလ်ာ့နည္းသြားေစမွာျဖစ္တယ္လို႔ ေဝဖန္ခဲ့ၾကပါတယ္။