ကံကောင်းလို့ “ဟီးရိုးကနေ ဇီးရိုးမဖြစ်ခဲ့တဲ့” စတာလင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းတိုက်စစ်မှာခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမားစတာလင်ဟာ ဂျာမနီကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ

အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် သူ့အမှားကြောင့် ချေပဂိုးပြန်ပေးရမလိုဖြစ်ခဲ့တာကြောင့် ကံကောင်းလို့သာ ‘ဟီးရိုးကနေ ဇီးရိုး’မဖြစ်ခဲ့တာပါ။

ပွဲချိန်(၇၅)မိနစ်မှာ ဘယ်နောက်ခံလူလုခ်ရှောရဲ့ ပေးပို့မှုကနေ စတာလင်က အပိုင်ပိတ်သွင်းပြီး ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ (၃)ဂိုးမြောက်အဖြစ် သွင်းယူခဲ့တာဖြစ်ပြီး

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်းလိုင်နီကာနောက်ပိုင်း

နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ အင်္ဂလန်အသင်းရဲ့ (၃)ဂိုးသွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲပြီးခါနီး (၈၁)မိနစ်လောက်မှာ စတာလင်ရဲ့ကြီးမားတဲ့အမှားကြောင့် အင်္ဂလန်အသင်း ဂိုးပေးရလုနီးပါးဖြစ်ခဲ့ရပြီး ကံကောင်းလို့သာ ချေပဂိုးမပေးခဲ့ရတာပါ။

စတာလင်ရဲ့ မသေသပ်တဲ့ Back Pass ကြောင့် ဟားဗက်ဇ်က ကြားဖြတ်ဆွဲယူပြီး မူလာဆီ ထိုးပေးလိုက်တာကနေ မူလာဟာ ဂိုးသမားတစ်ယောက်ချင်းအတွေ့မှာ

အပိုင်ကန်သွင်းခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဂျာမနီအသင်း ချေပဂိုးမရခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ အင်္ဂလန်အသင်းက (၁-ဝ)ဂိုးနဲ့သာ ဦးဆောင်ထားနေတာကြောင့် တကယ်လို့ မူလာရဲ့ဂိုးသာဝင်ခဲ့ရင် ပွဲအခြေအနေက ကြီးမားတဲ့အလှည့်အပြောင်းဖြစ်သွားနိုင်ပြီး

စတာလင်ဟာ တရားခံအဖြစ်တောင် သတ်မှတ်ခံရမယ့်အနေအထားမျိုးပါပဲ။

စတာလင်လည်း မူလာရဲ့ကန်သွင်းချက် လွဲချော်သွားတာကို မြင်လိုက်ရတော့မှ အကြီးအကျယ်စိတ်သက်သာရာရသွားတာကို ရုပ်သံမြင်ကွင်းမှာ ပရိသတ်တွေအထင်အရှားတွေ့လိုက်ရမှာပါ။

ဒါပေမဲ့ ဝါရင့်တိုက်စစ်ကစားသမား မူလာရဲ့ လွဲချော်မှုနဲ့အတူ မိနစ်ပိုင်းအကြာမှာပဲ အင်္ဂလန်အသင်းက ဟယ်ရီကိန်း ဒုတိယမြောက်ဂိုးသွင်းယူခဲ့တာကြောင့်

အင်္ဂလန်အသင်းဟာ ရာဇဝင်ပြိုင်ဘက်ဂျာမနီအသင်းကို အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် စတာလင်ဂိုးသွင်းတိုင်း အင်္ဂလန်အသင်း ဘယ်တော့မှမရှုံးသေးတဲ့မှတ်တမ်းကောင်းကလည်း ဆက်လက်တည်မြဲနေဆဲပါပဲ။

၂၀၁၅ ခုနှစ်တုန်းက အက်စ်တိုးနီးယားနဲ့ပွဲမှာ အင်္ဂလန်အသင်းကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့သူ စတာလင်ဟာ

နိုင်ငံအသင်းအတွက် (၁၇)ဂိုးသွင်းယူထားပြီး အဲဒီပွဲတိုင်း အင်္ဂလန်အသင်းအနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကံေကာင္းလို႔ “ဟီး႐ိုးကေန ဇီး႐ိုးမျဖစ္ခဲ့တဲ့” စတာလင္

အဂၤလန္အသင္းတိုက္စစ္မွာေျခစြမ္းျပေနတဲ့ ေတာင္ပံတိုက္စစ္ကစားသမားစတာလင္ဟာ ဂ်ာမနီကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ အသင္းအတြက္ အဖြင့္ဂိုးသြင္းယူခဲ့ေပမယ့္ သူ႔အမွားေၾကာင့္ ေခ်ပဂိုးျပန္ေပးရမလိုျဖစ္ခဲ့တာေၾကာင့္ ကံေကာင္းလို႔သာ ‘ဟီး႐ိုးကေန ဇီး႐ိုး’မျဖစ္ခဲ့တာပါ။

ပြဲခ်ိန္(၇၅)မိနစ္မွာ ဘယ္ေနာက္ခံလူလုခ္ေရွာရဲ႕ ေပးပို႔မႈကေန စတာလင္က အပိုင္ပိတ္သြင္းၿပီး ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕ (၃)ဂိုးေျမာက္အျဖစ္ သြင္းယူခဲ့တာျဖစ္ၿပီး ၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အဂၤလန္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းလိုင္နီကာေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ အဂၤလန္အသင္းရဲ႕ ဦးဆုံး(၃)ဂိုးသြင္းယူခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါေပမဲ့ ပြဲၿပီးခါနီး (၈၁)မိနစ္ေလာက္မွာ စတာလင္ရဲ႕ႀကီးမားတဲ့အမွားေၾကာင့္ အဂၤလန္အသင္း ဂိုးေပးရလုနီးပါးျဖစ္ခဲ့ရၿပီး ကံေကာင္းလို႔သာ ေခ်ပဂိုးမေပးခဲ့ရတာပါ။

စတာလင္ရဲ႕ မေသသပ္တဲ့ Back Pass ေၾကာင့္ ဟားဗက္ဇ္က ၾကားျဖတ္ဆြဲယူၿပီး မူလာဆီ ထိုးေပးလိုက္တာကေန မူလာဟာ ဂိုးသမားတစ္ေယာက္ခ်င္းအေတြ႕မွာ အပိုင္ကန္သြင္းခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့လို႔ ဂ်ာမနီအသင္း ေခ်ပဂိုးမရခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ အဂၤလန္အသင္းက (၁-ဝ)ဂိုးနဲ႔သာ ဦးေဆာင္ထားေနတာေၾကာင့္ တကယ္လို႔ မူလာရဲ႕ဂိုးသာဝင္ခဲ့ရင္ ပြဲအေျခအေနက ႀကီးမားတဲ့အလွည့္အေျပာင္းျဖစ္သြားႏိုင္ၿပီး စတာလင္ဟာ တရားခံအျဖစ္ေတာင္ သတ္မွတ္ခံရမယ့္အေနအထားမ်ိဳးပါပဲ။

စတာလင္လည္း မူလာရဲ႕ကန္သြင္းခ်က္ လြဲေခ်ာ္သြားတာကို ျမင္လိုက္ရေတာ့မွ အႀကီးအက်ယ္စိတ္သက္သာရာရသြားတာကို ႐ုပ္သံျမင္ကြင္းမွာ ပရိသတ္ေတြအထင္အရွားေတြ႕လိုက္ရမွာပါ။ ဒါေပမဲ့ ဝါရင့္တိုက္စစ္ကစားသမား မူလာရဲ႕ လြဲေခ်ာ္မႈနဲ႔အတူ မိနစ္ပိုင္းအၾကာမွာပဲ အဂၤလန္အသင္းက ဟယ္ရီကိန္း ဒုတိယေျမာက္ဂိုးသြင္းယူခဲ့တာေၾကာင့္ အဂၤလန္အသင္းဟာ ရာဇဝင္ၿပိဳင္ဘက္ဂ်ာမနီအသင္းကို အႏိုင္ရခဲ့ပါတယ္။

ဒါ့အျပင္ စတာလင္ဂိုးသြင္းတိုင္း အဂၤလန္အသင္း ဘယ္ေတာ့မွမရႈံးေသးတဲ့မွတ္တမ္းေကာင္းကလည္း ဆက္လက္တည္ၿမဲေနဆဲပါပဲ။ ၂၀၁၅ ခုႏွစ္တုန္းက အက္စ္တိုးနီးယားနဲ႔ပြဲမွာ အဂၤလန္အသင္းကစားသမားဘ၀ ပထမဆုံးဂိုးသြင္းယူခဲ့သူ စတာလင္ဟာ ႏိုင္ငံအသင္းအတြက္ (၁၇)ဂိုးသြင္းယူထားၿပီး အဲဒီပြဲတိုင္း အဂၤလန္အသင္းအႏိုင္ရခဲ့ပါတယ္။