ကဲခဲ့တဲ့ ကိစ္စအတွက် အားလုံးကို တောင်းပန်စကား ဆိုတဲ့ ရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီ ကောင်တီ နည်းပြ ဝိန်းရွန်းနီ ဟာ အမျိုးသမီး ၃ ဦး နဲ့ ဟိုတယ် အတွင်း အိပ်စက် ခဲ့တဲ့ ဓါတ်ပုံတွေ နဲ့ ပတ်သက်ပြီး မိသားစု နဲ့ မိတ်ဆွေတွေ ၊ ပရိသတ်တွေ ကို တရားဝင် တောင်းပန် စကား ပြောဆိုထား ပါတယ်။

ဝိန်းရွန်းနီဟာရီးရဲလ်ဘက်တစ်အား၁-ဝဂိုးနဲ့အနိုင်ရရှိတဲ့ရာသီကြိုခြေစမ်းပွဲစဉ်အပြီး Sky Sports နှင့်အင်တာဗျူးမှာဇနီးသည်ကောလင်းနှင့်မိသားစုဝင်များကိုတောင်းပန်ခဲ့တာလည်းဖြစ်ပါတယ်။

ရွန်းနီက “အမှားတစ်ခုလုပ်ခဲ့ပါတယ်။

ကျွန်တော့်သူငယ်ချင်းနှစ်ဦးနဲ့အတူသီးသန့်ပါတီပွဲကိုတက်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့်ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေအတွက် ကျွန်တော့်မိသားစုနဲ့ကလပ်ကိုတောင်းပန်ပါတယ်။”

“အဲဒီ အဖြစ်အပျက်ကိုချန်ထားပြီးရှေ့ဆက် လျှောက်လှမ်းသွားချင်ပါတယ်။

ကလပ်နဲ့သင့်တော်တဲ့နေရာသို့ရောက်အောင် ပို့ဆောင်ဖို့အခွင့်အရေးပေးတဲ့ကလပ်ကို ကျေးဇူးတင်ပါတယ်။

အဲဒီအတွက်လည်းကျွန်တော့်ဘက်ကကိုယ်စွမ်းရှိသမျှ ကြိုးစားသွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါဘီကောင်တီ အသင်းဘက်က ရွန်းနီကို အရေးယူနိုင်လောက်တယ် ဆိုပြီး ဝေဖန်ပြောဆိုတာတွေရှိပေမယ့် အနေအထား က အေးဆေးဖြစ်နေပါတယ်။

ဇနီးသည်ကောလင်းကလည်းဝိန်းရွန်းနီအပေါ်ပြဿနာမရှာ အပြစ်တစ်စုံတစ်ရာမြင်ခြင်းမရှိဘဲ အပြည့်အဝ ထောက်ခံအားပေးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကဲခဲ့တဲ့ ကိစၥအတြက္ အားလုံးကို ေတာင္းပန္စကား ဆိုတဲ့ ႐ြန္းနီ

ဒါဘီ ေကာင္တီ နည္းျပ ဝိန္း႐ြန္းနီ ဟာ အမ်ိဳးသမီး ၃ ဦး နဲ႔ ဟိုတယ္ အတြင္း အိပ္စက္ ခဲ့တဲ့ ဓါတ္ပုံေတြ နဲ႔ ပတ္သက္ၿပီး မိသားစု နဲ႔ မိတ္ေဆြေတြ ၊ ပရိသတ္ေတြ ကို တရားဝင္ ေတာင္းပန္စကား ေျပာဆိုထားပါတယ္။

ဝိန္း႐ြန္းနီဟာရီးရဲလ္ဘက္တစ္အား၁-ဝဂိုးနဲ႔အႏိုင္ရရွိတဲ့ရာသီႀကိဳေျခစမ္းပြဲစဥ္အၿပီး Sky Sports ႏွင့္အင္တာဗ်ဴးမွာဇနီးသည္ေကာလင္းႏွင့္မိသားစုဝင္မ်ားကိုေတာင္းပန္ခဲ့တာလည္းျဖစ္ပါတယ္။

႐ြန္းနီက “အမွားတစ္ခုလုပ္ခဲ့ပါတယ္။ကြၽန္ေတာ့္သူငယ္ခ်င္းႏွစ္ဦးနဲ႔အတူသီးသန႔္ပါတီပြဲကိုတက္ခဲ့ပါတယ္။အဲဒီျဖစ္ရပ္ေၾကာင့္ျဖစ္ေပၚလာတဲ့အျဖစ္အပ်က္ေတြအတြက္ကြၽန္ေတာ့္မိသားစုနဲ႔ကလပ္ကိုေတာင္းပန္ပါတယ္။”

“အဲဒီ အျဖစ္အပ်က္ကိုခ်န္ထားၿပီးေရွ႕ဆက္ ေလွ်ာက္လွမ္းသြားခ်င္ပါတယ္။ကလပ္နဲ႔သင့္ေတာ္တဲ့ေနရာသို႔ေရာက္ေအာင္ပို႔ေဆာင္ဖို႔အခြင့္အေရးေပးတဲ့ကလပ္ကိုေက်းဇူးတင္ပါတယ္။အဲဒီအတြက္လည္းကြၽန္ေတာ့္ဘက္ကကိုယ္စြမ္းရွိသမွ်ႀကိဳးစားသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါဘီေကာင္တီ အသင္းဘက္က ႐ြန္းနီကို အေရးယူႏိုင္ေလာက္တယ္ ဆိုၿပီး ေဝဖန္ေျပာဆိုတာေတြရွိေပမယ့္ အေနအထားက ေအးေဆးျဖစ္ေနပါတယ္။ ဇနီးသည္ေကာလင္းကလည္းဝိန္း႐ြန္းနီအေပၚျပႆနာမရွာ အျပစ္တစ္စုံတစ္ရာျမင္ျခင္းမရွိဘဲ အျပည့္အဝ ေထာက္ခံအားေပးထားပါတယ္။