ကော်တင်ညိုရဲ့ ဘာစီလိုနာကစားသမားဘ၀ အဆုံးသတ်ဖို့သေချာနေ

PC ; AP

ဘရာဇီးကွင်းလယ်လူကော်တင်ညိုရဲ့ ဘာစီလိုနာကစားသမားဘဝကတော့ အဆုံးသတ်ဖို့သေချာသလောက်ရှိနေပြီလို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ရေးသားလိုက်ပါတယ်။ကော်တင်ညိုဟာ ၂၀၁၈ ဇန်နဝါရီဈေးကွက်မှ လီဗာပူးကနေ ဘာစီလိုနာကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့သူပါ။ဒါပေမဲ့ ပေါင် ၁၄၅သန်းတန်ကစားသမားဟာ ဘာစီလိုနာအတွက် ၃၈ပွဲမှာ ၁၁ဂိုးသွင်း၊၅ကြိမ်သာဖန်တီးမှုလုပ်နိုင်ခဲ့တာကြောင့် နည်းပြနဲ့ပရိသတ်တွေရဲ့ ယုံကြည်မှုကိုမရခဲ့ပါဘူး။

PC ; Getty

ဒါကြောင့် ပြီးခဲ့တဲ့နွေဈေးကွက်မှာ ဘိုင်ယန်မြူးနစ်ကို အငှားချခံခဲ့ရပါတယ်။မြူးနစ်အခြေစိုက်ကလပ်မှာ ၈ပွဲကစား ၂ဂိုးသွင်း၊၃ကြိမ်ဖန်တီးပြီးခြေစွမ်းပြထားပေမယ့် မိခင်ကလပ်ဘာကာကတော့ ပြန်လည်ခေါ်ယူဖို့ဆန္ဒမရှိဘူးဖြစ်နေပါတယ်။သူတို့အနေနဲ့ အက်သလက်တီကိုတိုက်စစ်မှူး ဂရေ့ဇ်မန်းကို ခေါ်ယူထားပြီးဖြစ်နေသလို လူငယ်ကြယ်ပွင့်ဖာတီခြေစွမ်းပြလာတာကြောင့်လည်း ကော်တင်ညိုကိုမလိုအပ်တော့တာဖြစ်မယ်လို့ စပိန်မီဒီယာတစ်ချို့ကဆိုပါတယ်။

PC ; Getty

ဘိုင်ယန်မြူးနစ်အနေနဲ့ သူ့ကိုအပြီးသတ်ခေါ်ယူချင်ရင်တော့ ပေါင် ၁၀၄သန်းပေးချေရလိမ့်မယ်လို့ သိရပါတယ်။Daily Mail သတင်းစာရဲ့နောက်ဆက်တွဲသတင်းတစ်ရပ်မှာ ဖေါ်ပြထားတာကတော့ ကာလရှည်အနားယူခဲ့ရတဲ့ နောက်ခံလူအမ်တီတီ ပြန်ကစားနိုင်တော့မယ်ဆိုတဲ့သတင်းပါ။ပြင်သစ်နောက်ခံလူဟာ ဂီတာဖေးနဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့နောက် ၅လကြာအနားယူခဲ့ရပါတယ်။

PC ; Getty

အခုတော့ ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့ အမ်တီတီဟာ အီဘာနဲ့ပွဲမှာ ကစားဖို့ရှိနေတယ်လို့ရေးသားထားတာပါ။ဒါဟာ ပီကေးပွဲပယ်ခံထားရတဲ့ ဘာစီလိုနာအတွက် သတင်းကောင်းတစ်ရပ်ဖြစ်နေတာတော့ သေချာပါတယ်။

(zawgyi)

ဘရာဇီးကြင္းလယ္လူေကာ္တင္ညိဳရဲ႕ ဘာစီလိုနာကစားသမားဘ၀ကေတာ့ အဆံုးသတ္ဖို႔ေသခ်ာသေလာက္ရွိေနၿပီလို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေရးသားလိုက္ပါတယ္။ေကာ္တင္ညိဳဟာ ၂၀၁၈ ဇန္န၀ါရီေစ်းကြက္မွ လီဗာပူးကေန ဘာစီလိုနာကို ျမင့္မားတဲ့ေျပာင္းေရႊ႔ေၾကးနဲ႔ေရာက္ရွိလာခဲ့သူပါ။ဒါေပမဲ့ ေပါင္ ၁၄၅သန္းတန္ကစားသမားဟာ ဘာစီလိုနာအတြက္ ၃၈ပြဲမွာ ၁၁ဂိုးသြင္း၊၅ႀကိမ္သာဖန္တီးမႈလုပ္ႏိုင္ခဲ့တာေၾကာင့္ နည္းျပနဲ႔ပရိသတ္ေတြရဲ႕ ယံုၾကည္မႈကိုမရခဲ့ပါဘူး။ဒါေၾကာင့္ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ ဘိုင္ယန္ျမဴးနစ္ကို အငွားခ်ခံခဲ့ရပါတယ္။ျမဴးနစ္အေျခစိုက္ကလပ္မွာ ၈ပြဲကစား ၂ဂိုးသြင္း၊၃ႀကိမ္ဖန္တီးၿပီးေျခစြမ္းျပထားေပမယ့္ မိခင္ကလပ္ဘာကာကေတာ့ ျပန္လည္ေခၚယူဖို႔ဆႏၵမရွိဘူးျဖစ္ေနပါတယ္။သူတို႔အေနနဲ႔ အက္သလက္တီကိုတိုက္စစ္မွဴး ဂေရ႕ဇ္မန္းကို ေခၚယူထားၿပီးျဖစ္ေနသလို လူငယ္ၾကယ္ပြင့္ဖာတီေျခစြမ္းျပလာတာေၾကာင့္လည္း ေကာ္တင္ညိဳကိုမလိုအပ္ေတာ့တာျဖစ္မယ္လို႔ စပိန္မီဒီယာတစ္ခ်ိဳ႔ကဆိုပါတယ္။ဘိုင္ယန္ျမဴးနစ္အေနနဲ႔ သူ႔ကိုအၿပီးသတ္ေခၚယူခ်င္ရင္ေတာ့ ေပါင္ ၁၀၄သန္းေပးေခ်ရလိမ့္မယ္လို႔ သိရပါတယ္။Daily Mail သတင္းစာရဲ႕ေနာက္ဆက္တြဲသတင္းတစ္ရပ္မွာ ေဖၚျပထားတာကေတာ့ ကာလရွည္အနားယူခဲ့ရတဲ့ ေနာက္ခံလူအမ္တီတီ ျပန္ကစားႏိုင္ေတာ့မယ္ဆိုတဲ့သတင္းပါ။ျပင္သစ္ေနာက္ခံလူဟာ ဂီတာေဖးနဲ႔ပြဲမွာ ဒူးဒဏ္ရာရခဲ့တဲ့ေနာက္ ၅လၾကာအနားယူခဲ့ရပါတယ္။အခုေတာ့ ဒဏ္ရာကေနျပန္လည္သက္သာလာၿပီျဖစ္တဲ့ အမ္တီတီဟာ အီဘာနဲ႔ပြဲမွာ ကစားဖို႔ရွိေနတယ္လို႔ေရးသားထားတာပါ။ဒါဟာ ပီေကးပြဲပယ္ခံထားရတဲ့ ဘာစီလိုနာအတြက္ သတင္းေကာင္းတစ္ရပ္ျဖစ္ေနတာေတာ့ ေသခ်ာပါတယ္။