
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးလောကကတော့ ထုံးစံအတိုင်း အဖွတွေ၊ ကောလာဟလတွေနဲ့ ရှုပ်မြဲ ရှုပ်ဆဲပါ။
ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းကတော့သူ မက်ဒရစ်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချထားပါတယ်။
ရီးရဲလ် နဲ့ ဇီဒန်း တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပြင်သစ်လူမျိုးဟာအခုရာသီ အကုန်မှာ အသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းက အခုရက်ပိုင်း မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။
၂၀၁၆ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ ချန်ပီယံလိဂ် ၃နှစ် ဆက်တိုက် ဆုဖလား ရယူပြီးနောက် ဇီဒန်းက ရီးရဲလ်တွင် ဒုတိယအကြိမ်မြောက် လာရောက်နည်းပြနေတာ ဖြစ်ပါတယ်။
သူမတိုင်ခင် နည်းပြ လိုပီတီဂူနှင့် ဆန်တီယာဂို ဆိုလာရီတို့ကိုင်တွယ်ခဲ့ပေမယ့် မကြာမီမှာပဲ ဥက္ကဌ ပီရက်ဇ်ရဲ့ ဖယ်ရှားခြင်း ခံရပြီး အသင်းနဲ့လမ်းခွဲပြီး တစ်နှစ်အကြာမှာဇီဒန်း ပြန်ရောက်လာခဲ့ပါတယ်။
ဘီလ်ဘာအို အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ ဇီဒန်း က “ကျွန်တော်အခုထွက်သွားမယ်ဆိုတဲ့ စကားကို ကစားသမားတွေကို ဘယ်လိုပြောပြရမလဲ?အခုအချိန်မှာ ဆုဖလားရဖို့ အရာအားလုံးကို လုပ်ဆောင်နေပါတယ်။
ဒါနဲ့ စကားမစပ် ကျွန်တော် ထွက်သွားမယ်လို့ ပြောခဲ့တာလား”
“ကလပ်အပြင်ဘက်မှာ ရှိတဲ့လူတွေက သူတို့ ကြိုက်နှစ်သက်တာကို ပြောဆိုနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော်ကတော့ ကစားသမားတွေကို ဘယ်တော့မှ ပြောဆိုမှာမဟုတ်ပါဘူး။”
“ရာသီအကုန်မှာတော့ ကျွန်တော်တို့ ဘာတွေဖြစ်မလဲဆိုတာကို တွေ့မြင်ရမှာပါ။
ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ နောက်ဆုံးပွဲကို ကစားဖို့ အာရုံစူးစိုက်နေပါတယ်။
ကျွန်တော့်ရဲ့အနာဂတ်အကြောင်းကို ဆက်ပြီးပြောနေလို့ မရပါဘူး။
ရာသီရဲ့နောက်ဆုံးပွဲစဉ်က ဒါထက်ပိုပြီး အရေးကြီးပါတယ်”လို့ ပြောဆိုထားပါတယ်။
ဇီဒန်းရဲ့ အသင်းဟာ လာလီဂါ နောက်ဆုံး ပွဲစဉ် အဖြစ် လာမယ့်တနင်္ဂနွေတွင် ဗီလာရီးရဲလ်နဲ့ အိမ်ကွင်းမှာ ဧည်ခံကစား သွားမှာ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေကာလာဟလသတင္းေတြကို ျငင္းဆန္ထားတဲ့ ဇီဒန္း
ေဘာလုံးေလာကကေတာ့ ထုံးစံအတိုင္း အဖြေတြ၊ ေကာလာဟလေတြနဲ႔ ရႈပ္ၿမဲ ရႈပ္ဆဲပါ။ ရီးရဲလ္မက္ဒရစ္ နည္းျပ ဇီဒန္းကေတာ့သူ မက္ဒရစ္ကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြကို ပယ္ခ်ထားပါတယ္။
ရီးရဲလ္ နဲ႔ ဇီဒန္း တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ လာမယ့္ရာသီအကုန္မွာ ကုန္ဆုံးမွာျဖစ္ၿပီး ျပင္သစ္လူမ်ိဳးဟာအခုရာသီ အကုန္မွာ အသင္းက ထြက္ခြာေတာ့မယ္ဆိုတဲ့ သတင္းက အခုရက္ပိုင္း မွာ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနတာျဖစ္ပါတယ္။
၂၀၁၆ခုႏွစ္ကေန ၂၀၁၈ခုႏွစ္အထိ ခ်န္ပီယံလိဂ္ ၃ႏွစ္ ဆက္တိုက္ ဆုဖလား ရယူၿပီးေနာက္ ဇီဒန္းက ရီးရဲလ္တြင္ ဒုတိယအႀကိမ္ေျမာက္ လာေရာက္နည္းျပေနတာ ျဖစ္ပါတယ္။
သူမတိုင္ခင္ နည္းျပ လိုပီတီဂူႏွင့္ ဆန္တီယာဂို ဆိုလာရီတို႔ကိုင္တြယ္ခဲ့ေပမယ့္ မၾကာမီမွာပဲ ဥကၠဌ ပီရက္ဇ္ရဲ႕ ဖယ္ရွားျခင္း ခံရၿပီး အသင္းနဲ႔လမ္းခြဲၿပီး တစ္ႏွစ္အၾကာမွာဇီဒန္း ျပန္ေရာက္လာခဲ့ပါတယ္။
ဘီလ္ဘာအို အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရတဲ့ ပြဲအၿပီးမွာ ဇီဒန္း က “ကြၽန္ေတာ္အခုထြက္သြားမယ္ဆိုတဲ့ စကားကို ကစားသမားေတြကို ဘယ္လိုေျပာျပရမလဲ?အခုအခ်ိန္မွာ ဆုဖလားရဖို႔ အရာအားလုံးကို လုပ္ေဆာင္ေနပါတယ္။ဒါနဲ႔ စကားမစပ္ ကြၽန္ေတာ္ ထြက္သြားမယ္လို႔ ေျပာခဲ့တာလား”
“ကလပ္အျပင္ဘက္မွာ ရွိတဲ့လူေတြက သူတို႔ ႀကိဳက္ႏွစ္သက္တာကို ေျပာဆိုႏိုင္ပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ကစားသမားေတြကို ဘယ္ေတာ့မွ ေျပာဆိုမွာမဟုတ္ပါဘူး။”
“ရာသီအကုန္မွာေတာ့ ကြၽန္ေတာ္တို႔ ဘာေတြျဖစ္မလဲဆိုတာကို ေတြ႕ျမင္ရမွာပါ။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ ေနာက္ဆုံးပြဲကို ကစားဖို႔ အာ႐ုံစူးစိုက္ေနပါတယ္။ကြၽန္ေတာ့္ရဲ႕အနာဂတ္အေၾကာင္းကို ဆက္ၿပီးေျပာေနလို႔ မရပါဘူး။ရာသီရဲ႕ေနာက္ဆုံးပြဲစဥ္က ဒါထက္ပိုၿပီး အေရးႀကီးပါတယ္”လို႔ ေျပာဆိုထားပါတယ္။
ဇီဒန္းရဲ႕ အသင္းဟာ လာလီဂါ ေနာက္ဆုံး ပြဲစဥ္ အျဖစ္ လာမယ့္တနဂၤေႏြတြင္ ဗီလာရီးရဲလ္နဲ႔ အိမ္ကြင္းမွာ ဧည္ခံကစား သြားမွာ ျဖစ္ပါတယ္။