ကောင်းမွန်တဲ့အကြောင်းပြချက်နဲ့ ဂျူဗင်တပ်အင်္ကျီဝတ်ဆင်လေ့ကျင့်ခဲ့တဲ့ ပေါ့ဂ်ဘာ

photo-metro

photo-instagram

မန်ယူကွင်းလယ်လူပေါ့ဂ်ဘာတစ်ယောက် ဂျူဗင်တပ်အင်္ကျီနဲ့ဝတ်ဆင်လေ့ကျင့်နေတာကို ဆိုရှယ်မီဒီယာထက်မှာ တွေ့လိုက်ရလို့ ပရိသတ်တွေအတွက် သု့ိလောသို့လော ဖြစ်သွားစေမှာပါ။ လက်ရှိမှာလည်း အဲဒီပြင်သစ်သားရဲ့မန်ယူအနာဂါတ်ဟာ မသေချာသေးဘဲ သူနဲ့သတင်းထွက်နေတဲ့အသင်းတွေထဲမှာ သူ့ရဲ့အသင်းဟောင်းဂျူဗင်တပ်လည်း ပါဝင်ပါတယ်။ ပေ့ါဂ်ဘာဟာ အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ကြေးနဲ့ မန်ယူကိုပြန်ရောက်မလာခင် ဂျူဗင်တပ်မှာ ၂၀၁၂ ကနေ ၂၀၁၆ အထိကစားခဲ့ပြီး စီးရီးအေချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့တာပါ။

photo-the sun

သူ့ရဲ့Instagram အကောင့်မှာတင်တဲ့ဗီဒီယိုဖိုင်မှာလည်း ပေါ့ဂ်ဘာဟာ မာတူဒီနာမည်နဲ့နံပါတ်ပါတဲ့ ဂျူဗင်တပ်အင်္ကျီကို ဝတ်ဆင်ပြီး အိမ်မှာ လေ့ကျင့်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပေါ့ဂ်ဘာက သူနဲ့ မန်ယူအသင်းဖော်လင်ဒီလော့ဖ်(အက်ဒယ်ရဲ့ဆမ်ဒိုးရီးယားအင်္ကျီနဲ့တွေ့ရ)တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လက်ရွေးစင်အသင်းဖော်တွေကို အားပေးတာသက်သက်ပါပဲလို့ ရှင်းပြခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ပြင်သစ်အသင်းဖော်ဖြစ်တဲ့ ဂျူဗင်တပ်ကွင်းလယ်လူမာတူဒီနဲ့ လင်ဒီလော့ဖ်ရဲ့ဆွီဒင်အသင်းဖော်ဖြစ်တဲ့ ဆမ်ဒိုးရီးယားကွင်းလယ်လူအက်ဒယ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ စီးရီးအေကစားသမားတွေ ဖြစ်ကြပါတယ်။ အဲဒီလိုအားပေးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း မာတူဒီက ပေါ့ဂ်ဘာရဲ့Instagram ပို့စ်မှာ reply လုပ်ထားတာ တွေ့ရပါတယ်။ ခြေချင်းဝတ်ခွဲစိတ်ခဲ့ရမှုကြောင့် ပေ့ါဂ်ဘာဟာ မန်ယူအတွက် ဒီဇင်ဘာ ၂၆ ကတည်းက ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ အသင်းဖော်တွေနဲ့အတူ ပြန်လည်လေ့ကျင့်နိုင်တော့မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်ယူက လေ့ကျင့်ခန်းအစီအစဉ်ကို ဖျက်လိုက်ပါတယ်။

[Zawgyi]

ေကာင္းမြန္တဲ့အေၾကာင္းျပခ်က္နဲ႔ ဂ်ဴဗင္တပ္အက်ၤီ၀တ္ဆင္ေလ့က်င့္ခဲ့တဲ့ ေပါ့ဂ္ဘာ

မန္ယူကြင္းလယ္လူေပါ့ဂ္ဘာတစ္ေယာက္ ဂ်ဴဗင္တပ္အက်ၤီနဲ႔၀တ္ဆင္ေလ့က်င့္ေနတာကို ဆုိရွယ္မီဒီယာထက္မွာ ေတြ႕လိုက္ရလုိ႔ ပရိသတ္ေတြအတြက္ သု႔ိေလာသုိ႔ေလာ ျဖစ္သြားေစမွာပါ။ လက္ရွိမွာလည္း အဲဒီျပင္သစ္သားရဲ႕မန္ယူအနာဂါတ္ဟာ မေသခ်ာေသးဘဲ သူနဲ႔သတင္းထြက္ေနတဲ့အသင္းေတြထဲမွာ သူ႔ရဲ႕အသင္းေဟာင္းဂ်ဴဗင္တပ္လည္း ပါ၀င္ပါတယ္။ ေပ့ါဂ္ဘာဟာ အဲဒီအခ်ိန္က ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ မန္ယူကိုျပန္ေရာက္မလာခင္ ဂ်ဴဗင္တပ္မွာ ၂၀၁၂ ကေန ၂၀၁၆ အထိကစားခဲ့ၿပီး စီးရီးေအခ်န္ပီယံ ၄ ႀကိမ္ျဖစ္ခဲ့တာပါ။

သူ႔ရဲ႕Instagram အေကာင့္မွာတင္တဲ့ဗီဒီယုိဖိုင္မွာလည္း ေပါ့ဂ္ဘာဟာ မာတူဒီနာမည္နဲ႔နံပါတ္ပါတဲ့ ဂ်ဴဗင္တပ္အက်ၤီကို ၀တ္ဆင္ၿပီး အိမ္မွာ ေလ့က်င့္ေနတာကုိ ေတြ႕ရပါတယ္။ ဒါေပမဲ့လည္း ေပါ့့ဂ္ဘာက သူနဲ႔ မန္ယူအသင္းေဖာ္လင္ဒီေလာ့ဖ္(အက္ဒယ္ရဲ႕ဆမ္ဒိုးရီးယားအက်ၤီနဲ႔ေတြ႕ရ)တုိ႔ဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ လက္ေရြးစင္အသင္းေဖာ္ေတြကို အားေပးတာသက္သက္ပါပဲလုိ႔ ရွင္းျပခဲ့ပါတယ္။

ေပါ့ဂ္ဘာရဲ႕ျပင္သစ္အသင္းေဖာ္ျဖစ္တဲ့ ဂ်ဴဗင္တပ္ကြင္းလယ္လူမာတူဒီနဲ႔ လင္ဒီေလာ့ဖ္ရဲ႕ဆြီဒင္အသင္းေဖာ္ျဖစ္တဲ့ ဆမ္ဒိုးရီးယားကြင္းလယ္လူအက္ဒယ္တို႔ဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့ စီးရီးေအကစားသမားေတြ ျဖစ္ၾကပါတယ္။ အဲဒီလိုအားေပးမႈအတြက္ ေက်းဇူးတင္ေၾကာင္းလည္း မာတူဒီက ေပါ့ဂ္ဘာရဲ႕Instagram ပို႔စ္မွာ reply လုပ္ထားတာ ေတြ႕ရပါတယ္။ ေျခခ်င္း၀တ္ခြဲစိတ္ခဲ့ရမႈေၾကာင့္ ေပ့ါဂ္ဘာဟာ မန္ယူအတြက္ ဒီဇင္ဘာ ၂၆ ကတည္းက ကစားေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ အခုေတာ့ အသင္းေဖာ္ေတြနဲ႔အတူ ျပန္လည္ေလ့က်င့္ႏိုင္ေတာ့မွာျဖစ္ေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ မန္ယူက ေလ့က်င့္ခန္းအစီအစဥ္ကို ဖ်က္လိုက္ပါတယ္။