ကလေးဘ၀ သူ့ရဲ့ပွဲဦးထွက်မှာ ၁၆ ဂိုးသွင်းခဲ့တဲ့ ဂရင်းဝုဒ်ရဲ့မယုံနိုင်ဖွယ်ဇာတ်လမ်းတစ်ပုဒ်

photo-sport bible

photo-social media

ငယ်ရွယ်တဲ့မေဆန်ဂရင်းဝုဒ်ကို ဘယ်လိုရှာဖွေတွေ့ရှိခဲ့သလဲဆိုတဲ့ မယုံနိုင်ဖွယ်ဇာတ်လမ်းတစ်ပုဒ်ကို မန်ယူအသင်းနည်းပြအဖွဲ့ဝင်ဟောင်းတစ်ယောက်က ပြန်ပြောင်းဖွင့်ဟလိုက်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ မန်ယူရဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့တာပါ။ အဲဒီဆယ်ကျော်သက်လေးဟာ အယ်ခမာနဲ့ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ကာ အိုးလ်ထရက်ဖို့ဒ်က အဲဗာတန်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း လူစားဝင်လာပြီး မန်ယူအတွက် ချေပဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။

photo-social media

တစ်ချိန်က မန်ယူအသင်းဖွံ့ဖြိုးမှုစင်တာမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ မာ့ခ်စီနီယာဟာ ၆ နှစ်အရွယ်ပဲရှိသေးတဲ့ ဂရင်းဝုဒ်ရဲ့ကြီးမားတဲ့အရည်အသွေးကို ဘရက်ဖို့ဒ်က ဘောလုံးကွင်းတစ်ခုမှာ စတင်မြင်တွေ့ခဲ့တာပါ။ ဒေသတွင်း အသင်းတစ်သင်းဖြစ်တဲ့ Idle Juniors အတွက် သူ့ရဲ့ official ပွဲဦးထွက်မှာ ဂရင်းဝုဒ်ဟာ ၁၆ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီပွဲမှာ ၁၆-၁ ဂိုးရလဒ်နဲ့အနိုင်ရခဲ့တာပါ။ ”သူမကစားသေးတဲ့အချိန်ကတည်းက ကင်းထောက်တွေက သတိထားမိခဲ့တာပါ။ အဲဒီနေ့မှာပဲ သူတု့ိက တခြားကစားသမားတစ်ယောက်ကို စောင့်ကြည့်ခဲ့တာပါ။ ဂရင်းဝုဒ်ကတော့ Idle Juniors လို့အမည်ရတဲ့ ဘရက်ဖို့ဒ်ရဲ့ဒေသတွင်းအသင်းတစ်သင်းမှာ ကစားခဲ့ချင်တာပါ။  ဒါပေမဲ့ သူက ကစားခွင့်ရမယ့်အရွယ်မပြည့်သေးလို့ ကွင်းဘေးမှာပဲ ဟိုကန်ဒီကန်လုပ်နေခဲ့ရပြီး သူ့ရဲ့ ၆ နှစ်ပြည့်မွေးနေ့အတွက် စောင့်နေခဲ့ရတာပါ။ ၆ နှစ်ပြည့်ပြည့်ချင်းပဲ သူ့ရဲ့ပထမဆုံးပွဲကိုစောင့်ကြည့်ခဲ့ကြပါတယ်။  သူကစားတဲ့အသင်းက တစ်ခါမှ မနိုင်ဖူးသေးပါဘူး။ ဂိုးတောင်သွင်းနိုင်ရဲ့လားဆိုတာ ကျွန်တော်လည်း သေချာမသိတာပါ။ အဲဒီနောက် ဂရင်းဝုဒ်က သူ့ရဲ့ပွဲဦးထွက်မှာပဲ ၁၆ ဂိုးသွင်းလိုက်ပြီး ၁၆-၁ နဲ့အနိုင်ရသွားပါတယ်။ ၆ နှစ်အရွယ် ဂရင်းဝုဒ်အကြောင်းဟာ ဒေသတွင်းသတင်းစာမှာ ပါသွားခဲ့ပါတယ်”လို့ မာ့ခ်စီနီယာက goal ဘောလုံးဝက်ဘ်ဆိုဒ်က ဖွင့်ဟခဲ့တာပါ။

photo-gettyimages

အဲဒီနောက်မှာတော့ ဂရင်းဝုဒ်ဟာ မန်ယူရဲ့ဖွံ့ဖြိုးမှုစင်တာကို ရောက်လာခဲ့ပါတယ်။ ၆ နှစ်အရွယ်ကတည်းက မန်ယူမှာ ရှိနေခဲ့တာဖြစ်ပြီး မန်ယူလူငယ်အသင်းတွေမှာ ဂိုးသွင်းခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။

[Zawgyi]

ကေလးဘ၀ သူ႔ရဲ႕ပြဲဦးထြက္မွာ ၁၆ ဂိုးသြင္းခဲ့တဲ့ ဂရင္း၀ုဒ္ရဲ႕မယုံႏိုင္ဖြယ္ဇာတ္လမ္းတစ္ပုဒ္

ငယ္ရြယ္တ့ဲေမဆန္ဂရင္း၀ုဒ္ကို ဘယ္လုိရွာေဖြေတြ႕ရွိခဲ့သလဲဆုိတဲ့ မယုံႏိုင္ဖြယ္ဇာတ္လမ္းတစ္ပုဒ္ကို မန္ယူအသင္းနည္းျပအဖြဲ႕၀င္ေဟာင္းတစ္ေယာက္က ျပန္ေျပာင္းဖြင့္ဟလိုက္ပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ဂရင္း၀ုဒ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ မန္ယူရဲ႕သူရဲေကာင္းတစ္ေယာက္ျဖစ္လာခဲ့တာပါ။ အဲဒီဆယ္ေက်ာ္သက္ေလးဟာ အယ္ခမာနဲ႔ ယူရိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲမွာ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့ကာ အုုိးလ္ထရက္ဖုိ႔ဒ္က အဲဗာတန္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း လူစား၀င္လာၿပီး မန္ယူအတြက္ ေခ်ပဂိုးသြင္းေပးခဲ့တာ ျဖစ္ပါတယ္။

တစ္ခ်ိန္က မန္ယူအသင္းဖြံ႕ၿဖိဳးမႈစင္တာမွာ အလုပ္လုပ္ခဲ့ဖူးတဲ့ မာ့ခ္စီနီယာဟာ ၆ ႏွစ္အရြယ္ပဲရွိေသးတဲ့ ဂရင္း၀ုဒ္ရဲ႕ႀကီးမားတဲ့အရည္အေသြးကို ဘရက္ဖုိ႔ဒ္က ေဘာလုံးကြင္းတစ္ခုမွာ စတင္ျမင္ေတြ႕ခဲ့တာပါ။ ေဒသတြင္း အသင္းတစ္သင္းျဖစ္တဲ့ Idle Juniors အတြက္ သူ႔ရဲ႕ official ပြဲဦးထြက္မွာ ဂရင္း၀ုဒ္ဟာ ၁၆ ဂိုးသြင္းႏိုင္ခဲ့ၿပီး အဲဒီပြဲမွာ ၁၆-၁ ဂိုးရလဒ္နဲ႔အႏိုင္ရခဲ့တာပါ။ ”သူမကစားေသးတဲ့အခ်ိန္ကတည္းက ကင္းေထာက္ေတြက သတိထားမိခဲ့တာပါ။ အဲဒီေန႔မွာပဲ သူတု႔ိက တျခားကစားသမားတစ္ေယာက္ကို ေစာင့္ၾကည့္ခဲ့တာပါ။ ဂရင္း၀ုဒ္ကေတာ့ Idle Juniors လုိ႔အမည္ရတဲ့ ဘရက္ဖုိ႔ဒ္ရဲ႕ေဒသတြင္းအသင္းတစ္သင္းမွာ ကစားခဲ့ခ်င္တာပါ။  ဒါေပမဲ့ သူက ကစားခြင့္ရမယ့္အရြယ္မျပည့္ေသးလို႔ ကြင္းေဘးမွာပဲ ဟိုကန္ဒီကန္လုပ္ေနခဲ့ရၿပီး သူ႔ရဲ႕ ၆ ႏွစ္ျပည့္ေမြးေန႔အတြက္ ေစာင့္ေနခဲ့ရတာပါ။ ၆ ႏွစ္ျပည့္ျပည့္ခ်င္းပဲ သူ႔ရဲ႕ပထမဆံုးပြဲကိုေစာင့္ၾကည့္ခဲ့ၾကပါတယ္။  သူကစားတဲ့အသင္းက တစ္ခါမွ မႏိုင္ဖူးေသးပါဘူး။ ဂုိးေတာင္သြင္းႏိုင္ရဲ႕လားဆုိတာ ကၽြန္ေတာ္လည္း ေသခ်ာမသိတာပါ။ အဲဒီေနာက္ ဂရင္း၀ုဒ္က သူ႔ရဲ႕ပဲြဦးထြက္မွာပဲ ၁၆ ဂိုးသြင္းလိုက္ၿပီး ၁၆-၁ နဲ႔အႏုိင္ရသြားပါတယ္။ ၆ ႏွစ္အရြယ္ ဂရင္း၀ုဒ္အေၾကာင္းဟာ ေဒသတြင္းသတင္းစာမွာ ပါသြားခဲ့ပါတယ္”လို႔ မာ့ခ္စီနီယာက goal ေဘာလုံး၀က္ဘ္ဆိုဒ္က ဖြင့္ဟခဲ့တာပါ။

အဲဒီေနာက္မွာေတာ့ ဂရင္း၀ုဒ္ဟာ မန္ယူရဲ႕ဖြံ႔ၿဖိဳးမႈစင္တာကို ေရာက္လာခဲ့ပါတယ္။ ၆ ႏွစ္အရြယ္ကတည္းက မန္ယူမွာ ရွိေနခဲ့တာျဖစ္ၿပီး မန္ယူလူငယ္အသင္းေတြမွာ ဂိုးသြင္းေျခစြမ္းလည္း ျပႏိုင္ခဲ့ပါတယ္။