ကီပါနဲ့ ရူဒီဂါတို့ရန်ဖြစ်တာကို အကောင်းဘက်တွေးပြီး အားရတဲ့ အလွန်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဘရွန်းအသင်းကို ရှုံးခဲ့တဲ့ပွဲအပြီးနောက်မှာ ချဲလ်ဆီးအသင်းရဲ့လေ့ကျင့်ခန်းပြန်ဆင်းတဲ့အစီအစဉ်မှာတော့ နောင်ဂျိမ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဂိုးသမားကီပါနဲ့ နောက်ခံလူ ရူဒီဂါတို့ အချင်းများခဲ့တာကြောင့် အသင်းဖော်တွေက ဖျန်ဖြေခဲ့ရပါတယ်။
ကြိုးဝိုင်းထဲမရောက်ခဲ့တဲ့ အဲဒီအကြောင်းကို နောက်ခံလူအလွန်ဆိုက အတည်ပြုခဲ့ပြီး အဲဒီလို အချစ်ကြမ်းတဲ့အနေအထားက အသင်းအတွက် ပိုကောင်းစေတယ်ဆိုပြီးတော့လည်း မောင်မင်းကြီးသား အလွန်ဆိုက ပြောပါသေးတယ်။

အသင်းသားတွေ ဝိုင်းဝန်းဖြန်ဖြေပေးခဲ့ရတဲ့ နောင်ဂျိန်ချကြတဲ့ပွဲမှာ ဖိုက်တာမင်းသားအဖြစ် ပိုမိုလုပ်ကွက်ရယူသွားခဲ့တဲ့ ရူဒီဂါကိုလည်း အသင်းနည်းပြတူချယ်လ်က လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲကို 5 ဂိုး 2 ဂိုးနဲ့ရှူံးခဲ့ရတာဟာ ချဲလ်ဆီးအတွက်တော့ နည်းပြတူချယ်လ်လက်ထက်မှာ ပထမဆုံးရှူံးပွဲဖြစ်ပါတယ်။ တူချယ်လ်လည်းတော်တော်တော့ဘူသွားမှာပါ။ ပထမဆုံးရှူံးပွဲကြောင့် ရင်ခံနေရတဲ့အထဲ အသင်းသားတွေက လက်ခမောင်းခတ်ကြတော့ အစာမကြေထပ် ဖြစ်ရပြန်ပါတယ်။

ရန်ပွဲရဲ့အစပထမကတော့ ရူဒီဂါရဲ့ ကစားပုံကြမ်းတမ်းတာကနေစတင်တယ်လို့သိရပါတယ်။ ရန်စရှာပြီး၊ သာသာထိုးထိုးအပြစ်ကျူးလွန်တဲ့ ရူဒီဂါကို နည်းပြတူချယ်လ်က လေ့ကျင့်ရေးကွင်းကနေ 5 မိနစ်လောက်စောပြီး ထွက်ခိုင်းခဲ့တယ်လို့သိရပါတယ်။

ရူဒီဂါက လူဆိုးနေရာအပြင် လူကောင်းနေရာကနေလည်း ပြန်သရုပ်ဆောင်ပါတယ်။ ရန်ဖြစ် ပြီးနောက်မှာ ရူဒီဂါက ကီပါကို ပြန်တောင်းပန်ခဲ့တယ်လို့သိရပြီး၊ အဆုံးသတ်မှာ နှစ်ယောက်သား ပြေလည်ရေး ဇာတ်လမ်းရိုက်ကူးပြီးစီးသွားကြပါတယ်။ နည်းပြတူချယ်လ်ကတော့ အဲဒီလို ပြဿနာကို လျင်လျင်မြန်မြန်ပြေလည်အောင်လုပ်နီုင်တာ ကောင်းတယ်ဆိုပြီး မှတ်ချက်ပေးထားပါတယ်။

အလွန်ဆိုက “တကယ်ကတော့ အဲဒီလိုဖြစ်တာက လေ့ကျင့်ခန်းအစီအစဉ်မှာတောင် အနိုင်ရဖို့အ တွက် အသင်းသားတွေအပြိုင်အဆိုင်လုပ်နေကြတာပါ။ အသင်းသားတွေရဲ့ စိတ်ဓာတ်အဲဒီလိုရှိနေတာက အသင်းအတွက် တကယ်ကောင်းပါတယ်။ ပေါ်တိုနဲ့ ကစား မယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကျွန်တော်တို့ အားလုံးအသင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကီပါနဲ႔ ႐ူဒီဂါတို႔ရန္ျဖစ္တာကို အေကာင္းဘက္ေတြးၿပီး အားရတဲ့ အလြန္ဆို

ဝက္စ္ဘ႐ြန္းအသင္းကို ရႈံးခဲ့တဲ့ပြဲအၿပီးေနာက္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ေလ့က်င့္ခန္းျပန္ဆင္းတဲ့အစီအစဥ္မွာေတာ့ ေနာင္ဂ်ိမ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ ဂိုးသမားကီပါနဲ႔ ေနာက္ခံလူ ႐ူဒီဂါတို႔ အခ်င္းမ်ားခဲ့တာေၾကာင့္ အသင္းေဖာ္ေတြက ဖ်န္ေျဖခဲ့ရပါတယ္။

ႀကိဳးဝိုင္းထဲမေရာက္ခဲ့တဲ့ အဲဒီအေၾကာင္းကို ေနာက္ခံလူအလြန္ဆိုက အတည္ျပဳခဲ့ၿပီး အဲဒီလို အခ်စ္ၾကမ္းတဲ့အေနအထားက အသင္းအတြက္ ပိုေကာင္းေစတယ္ဆိုၿပီးေတာ့လည္း ေမာင္မင္းႀကီးသား အလြန္ဆိုက ေျပာပါေသးတယ္။

အသင္းသားေတြ ဝိုင္းဝန္းျဖန္ေျဖေပးခဲ့ရတဲ့ ေနာင္ဂ်ိန္ခ်ၾကတဲ့ပြဲမွာ ဖိုက္တာမင္းသားအျဖစ္ ပိုမိုလုပ္ကြက္ရယူသြားခဲ့တဲ့ ႐ူဒီဂါကိုလည္း အသင္းနည္းျပတူခ်ယ္လ္က ေလ့က်င့္ေရးကြင္းကေန ထြက္ခြာခိုင္းခဲ့တယ္လို႔လည္းသိရပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲကို 5 ဂိုး 2 ဂိုးနဲ႔ရႉံးခဲ့ရတာဟာ ခ်ဲလ္ဆီးအတြက္ေတာ့ နည္းျပတူခ်ယ္လ္လက္ထက္မွာ ပထမဆုံးရႉံးပြဲျဖစ္ပါတယ္။ တူခ်ယ္လ္လည္းေတာ္ေတာ္ေတာ့ဘူသြားမွာပါ။ ပထမဆုံးရႉံးပြဲေၾကာင့္ ရင္ခံေနရတဲ့အထဲ အသင္းသားေတြက လက္ခေမာင္းခတ္ၾကေတာ့ အစာမေၾကထပ္ ျဖစ္ရျပန္ပါတယ္။

ရန္ပြဲရဲ႕အစပထမကေတာ့ ႐ူဒီဂါရဲ႕ ကစားပုံၾကမ္းတမ္းတာကေနစတင္တယ္လို႔သိရပါတယ္။ ရန္စရွာၿပီး၊ သာသာထိုးထိုးအျပစ္က်ဴးလြန္တဲ့ ႐ူဒီဂါကို နည္းျပတူခ်ယ္လ္က ေလ့က်င့္ေရးကြင္းကေန 5 မိနစ္ေလာက္ေစာၿပီး ထြက္ခိုင္းခဲ့တယ္လို႔သိရပါတယ္။

႐ူဒီဂါက လူဆိုးေနရာအျပင္ လူေကာင္းေနရာကေနလည္း ျပန္သ႐ုပ္ေဆာင္ပါတယ္။ ရန္ျဖစ္ ၿပီးေနာက္မွာ ႐ူဒီဂါက ကီပါကို ျပန္ေတာင္းပန္ခဲ့တယ္လို႔သိရၿပီး၊ အဆုံးသတ္မွာ ႏွစ္ေယာက္သား ေျပလည္ေရး ဇာတ္လမ္း႐ိုက္ကူးၿပီးစီးသြားၾကပါတယ္။ နည္းျပတူခ်ယ္လ္ကေတာ့ အဲဒီလို ျပႆနာကို လ်င္လ်င္ျမန္ျမန္ေျပလည္ေအာင္လုပ္ႏီုင္တာ ေကာင္းတယ္ဆိုၿပီး မွတ္ခ်က္ေပးထားပါတယ္။

အလြန္ဆိုက “တကယ္ကေတာ့ အဲဒီလိုျဖစ္တာက ေလ့က်င့္ခန္းအစီအစဥ္မွာေတာင္ အႏိုင္ရဖို႔အ တြက္ အသင္းသားေတြအၿပိဳင္အဆိုင္လုပ္ေနၾကတာပါ။ အသင္းသားေတြရဲ႕ စိတ္ဓာတ္အဲဒီလိုရွိေနတာက အသင္းအတြက္ တကယ္ေကာင္းပါတယ္။ ေပၚတိုနဲ႔ ကစား မယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ကြၽန္ေတာ္တို႔ အားလုံးအသင့္ျဖစ္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။