ကီပါကတော့ ချဲလ်ဆီးကို ထပ်ပြီး ကယ်လိုက်ပြန်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကာရာဘောင်း ဖလား ရှုံးထွက်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက သာမန်ပွဲကစားချိန်အတွင်း အနိုင်မယူနိုင်ခဲ့ပဲ ပင်နယ်တီ အဆုံးအဖြတ်ရောက်မှသာ အနိုင်ရခဲ့ပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အဓိက ကစားသမား အများစုကို အနားပေးထားပေမဲ့ ဗာနာ ၊ မေဆန် မောင့် ၊ ဇီယာ့ချ် တို့ နဲ့ ပွဲထွက်လာတဲ့ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းက ဗီလာအသင်းကို အလုပ်များစေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ကစားပေးထားတဲ့ နောက်ဆုံး ၁၀ ပွဲဆက်မှာ ဂိုးပေါက်ပျောက်နေခဲ့တဲ့ ဗာနာ က ဒီပွဲမှာတော့ ဂိုးပေါက်ပြန်ရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ ရူဒီဂါ ၊ ဆေးလ်ဗား ၊ ခရစ္စတန်ဆန် တို့မပါတဲ့ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းက အရင်လို မာကျောမနေခဲ့ပဲ ဗီလာ အသင်းရဲ့ ခြေပဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရတာကြောင့် အနိုင်အရှုံးကို ပင်နယ်တီ နဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ထုံးစံအတိုင်း စပိန်ဂိုးသမား ကီပါ က ချဲလ်ဆီးအသင်းကို ကယ်တင်ပေးခဲ့ပါတယ်။

ရာသီအစတုန်းက ဗီလာရီးရဲလ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဥရောပစူပါဖလားဗိုလ်လုပွဲမှာ လူစားဝင်လာပြီး ချဲလ်ဆီးအသင်းကို ချန်ပီယံဖြစ်စေခဲ့တဲ့ ကီပါ ရဲ့ လက်စွမ်းတွေက ကာရာဘောင်းဖလားပွဲစဉ်မှာလည်း ထပ်မံအစွမ်းပြခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ တူချဲလ် က “ ပင်နယ်တီ ကာကွယ်ရာမှာ ကီပါ က အရမ်းကိုတော်ပါတယ်။

သူ့ဆီမှာ ပင်နယ်တီ အဆုံးအဖြတ် အတွေ့အကြုံတွေအများကြီးရှိတော့ အဲဒီအချက်ကို ကျွန်တော်တို့ အာရုံစိုက်ခဲ့ကြပြီး အကောင်းဆုံးကြိုးစားခဲ့ကြတယ်။

ကစားသမားတွေက သူတို့ရဲ့တည်ငြိမ်မှုကို ဆက်လက်ထိန်းထားနိုင်တဲ့အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။

ကောင်းမွန်တဲ့ နိုင်ပွဲပါ။ ခက်ခဲတဲ့ ရှုံးထွက်ဖလားပွဲစဉ်တခုဖြစ်တာကြောင့် အနိုင်ရခဲ့တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် “ လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗီလာ နဲ့ ပွဲက ချဲလ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီးတော့လည်း တူချဲလ် က “ ကျွန်တော်တို့ ဒီပွဲမှာ ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အသုံးပြုခဲ့တဲ့ ကစားကွက်မျိုးနဲ့ ကျွန်တော့်အသင်းဟာ တခါမှမကစားခဲ့ဖူးသေးပါဘူး။

ဒါကြောင့် ကွင်းထဲမှာ အသားကျဖို့အတွက် အချိန်အနည်း လိုအပ်ခဲ့တယ်။

ဒီပွဲမှာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ဖို့အတွက် ကျွန်တော်တို့ မမျှော်မှန်းခဲ့ပေမဲ့ အသင်းလိုက်ကစားပုံနဲ့ အားထုတ်မှုတွေကိုတော့ ကျွန်တော်တို့ မျှော်မှန်းခဲ့ကြပါတယ်။

ဒါကြောင့် မိနစ်တိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှုပိုရှိလာပြီး အဲ့ဒီကနေ ဒီနိုင်ပွဲကို ရရှိခဲ့တာပဲဖြစ်ပါတယ် “ လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကာရာဘောင်း ဖလား စတုတ္တအဆင့်ပွဲစဉ်မှာတော့ ဆောက်သမ်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကီပါကေတာ့ ခ်ဲလ္ဆီးကို ထပ္ၿပီး ကယ္လိုက္ျပန္ၿပီ

အက္စတြန္ဗီလာ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ကာရာေဘာင္း ဖလား ရႈံးထြက္ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းက သာမန္ပြဲကစားခ်ိန္အတြင္း အႏိုင္မယူႏိုင္ခဲ့ပဲ ပင္နယ္တီ အဆုံးအျဖတ္ေရာက္မွသာ အႏိုင္ရခဲ့ၿပီး ေနာက္တဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

အဓိက ကစားသမား အမ်ားစုကို အနားေပးထားေပမဲ့ ဗာနာ ၊ ေမဆန္ ေမာင့္ ၊ ဇီယာ့ခ်္ တို႔ နဲ႔ ပြဲထြက္လာတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္ပိုင္းက ဗီလာအသင္းကို အလုပ္မ်ားေစခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးထားတဲ့ ေနာက္ဆုံး ၁၀ ပြဲဆက္မွာ ဂိုးေပါက္ေပ်ာက္ေနခဲ့တဲ့ ဗာနာ က ဒီပြဲမွာေတာ့ ဂိုးေပါက္ျပန္ရွာေတြ႕ခဲ့ပါတယ္။ ဒါေပမဲ့ ႐ူဒီဂါ ၊ ေဆးလ္ဗား ၊ ခရစၥတန္ဆန္ တို႔မပါတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ပိုင္းက အရင္လို မာေက်ာမေနခဲ့ပဲ ဗီလာ အသင္းရဲ႕ ေျခပဂိုးကို ျပန္လည္ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ အႏိုင္အရႈံးကို ပင္နယ္တီ နဲ႔ ဆုံးျဖတ္ခဲ့ရပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္မွာေတာ့ ထုံးစံအတိုင္း စပိန္ဂိုးသမား ကီပါ က ခ်ဲလ္ဆီးအသင္းကို ကယ္တင္ေပးခဲ့ပါတယ္။ ရာသီအစတုန္းက ဗီလာရီးရဲလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ဥေရာပစူပါဖလားဗိုလ္လုပြဲမွာ လူစားဝင္လာၿပီး ခ်ဲလ္ဆီးအသင္းကို ခ်န္ပီယံျဖစ္ေစခဲ့တဲ့ ကီပါ ရဲ႕ လက္စြမ္းေတြက ကာရာေဘာင္းဖလားပြဲစဥ္မွာလည္း ထပ္မံအစြမ္းျပခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ နည္းျပ တူခ်ဲလ္ က “ ပင္နယ္တီ ကာကြယ္ရာမွာ ကီပါ က အရမ္းကိုေတာ္ပါတယ္။ သူ႔ဆီမွာ ပင္နယ္တီ အဆုံးအျဖတ္ အေတြ႕အႀကဳံေတြအမ်ားႀကီးရွိေတာ့ အဲဒီအခ်က္ကို ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ခဲ့ၾကၿပီး အေကာင္းဆုံးႀကိဳးစားခဲ့ၾကတယ္။ ကစားသမားေတြက သူတို႔ရဲ႕တည္ၿငိမ္မႈကို ဆက္လက္ထိန္းထားႏိုင္တဲ့အတြက္ ကြၽန္ေတာ္ေပ်ာ္႐ႊင္မိပါတယ္။ ေကာင္းမြန္တဲ့ ႏိုင္ပြဲပါ။ ခက္ခဲတဲ့ ရႈံးထြက္ဖလားပြဲစဥ္တခုျဖစ္တာေၾကာင့္ အႏိုင္ရခဲ့တဲ့အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္ “ လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ဗီလာ နဲ႔ ပြဲက ခ်ဲလ္ဆီးအသင္းရဲ႕ ကစားပုံနဲ႔ ပတ္သက္ၿပီးေတာ့လည္း တူခ်ဲလ္ က “ ကြၽန္ေတာ္တို႔ ဒီပြဲမွာ ေျပာင္းလဲမႈေတြ အမ်ားႀကီး လုပ္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ အသုံးျပဳခဲ့တဲ့ ကစားကြက္မ်ိဳးနဲ႔ ကြၽန္ေတာ့္အသင္းဟာ တခါမွမကစားခဲ့ဖူးေသးပါဘူး။ ဒါေၾကာင့္ ကြင္းထဲမွာ အသားက်ဖို႔အတြက္ အခ်ိန္အနည္း လိုအပ္ခဲ့တယ္။ ဒီပြဲမွာ အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ မေမွ်ာ္မွန္းခဲ့ေပမဲ့ အသင္းလိုက္ကစားပုံနဲ႔ အားထုတ္မႈေတြကိုေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းခဲ့ၾကပါတယ္။ ဒါေၾကာင့္ မိနစ္တိုင္းမွာ ကြၽန္ေတာ္တို႔ ယုံၾကည္မႈပိုရွိလာၿပီး အဲ့ဒီကေန ဒီႏိုင္ပြဲကို ရရွိခဲ့တာပဲျဖစ္ပါတယ္ “ လို႔ ေျပာခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ကာရာေဘာင္း ဖလား စတုတၱအဆင့္ပြဲစဥ္မွာေတာ့ ေဆာက္သမ္တန္ အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားရမွာပါ။