ကီတာရဲ့ အမိုက်စား ဂိုးသွင်းချက်ကို ပရိသတ်တွေ သဘောကျနေသလို သူ့ရဲ့ အောင်ပွဲခံတဲ့ပုံစံကလည်း ပရိသတ်တွေကြား ရေပန်းစားနေပါတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးကွင်းလယ်ကစားသမား နာဘီ ကီတာဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်ကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလှပတဲ့ဂိုးတစ်ဂိုးသွင်းယူပြီးနောက် ကန်တိုနာစတိုင် သွေးအေးအေးနဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနှစ်ဘောလုံး ရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့အတူ ရှေ့ဆက်နေပြီး ချဲလ်ဆီးနဲ့ ပွဲမှာသာသရေကျခဲ့ပြီး ပွဲတိုင်းအနိုင်ရရှိထားပါတယ်။

ပြီးခဲ့တဲ့အပတ်က စပါးအသင်းကို (၃)ဂိုးပြတ်နိုင်ထားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ မနေ့ညက ရင်ဆိုင်ခဲ့ရာမှာလည်း မာနေး၊ ဆာလက်တို့ရဲ့ ဂိုးတွေနဲ့အတူ ဦးဆောင်နိုင်ခဲ့သလို မိနစ် (၉၀) ပြည့်ခါနီးမှာ ကီတာက ဂိုးသမား ပုတ်ထုတ်ရာကနေ အံထွက်လာတဲ့ ဘောလုံးကို မြေမကျခင် အပြင်းကန်ချက်နဲ့ ဂိုးသွင်းခဲ့ပါတယ်။

ကီတာရဲ့ ကန်ချက်ကို ပရိသတ်တွေကသဘောကျပြီး အားပေးခဲ့ကြသလို သူကလည်း ယူနိုက်တက် ဂန္တဝင်ကစားသမား အဲရစ်ကန်တိုနာလို မလှုပ်မယှက်ဘဲ အောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ကီတာရဲ့ ကန်ချက်နဲ့ အောင်ပွဲခံပုံကို လီဗာပူး ပရိသတ်တွေက သဘောကျနေကြသလို ပရိသတ်တွေက “ကီတာက သူ့ကိုယ်သူ ကန်တိုနာလို့ ထင်နေတာပဲ”

“အရမ်းမိုက်တဲ့ သွင်းဂိုးသွင်းအပြီး ကီတာရဲ့ အောင်ပွဲခံပုံက အရမ်းသွေးအေးတာပဲ။

ဒါပေမယ့် ခင်ဗျားတို့ကို ဖျော်ဖြေမှုအပြည့်အဝ ပေးနိုင်ခဲ့တယ်မဟုတ်လား” လို့ တွစ်တာမှာ ရေးသားထားကြပါတယ်။

လီဗာပူးအသင်းဟာ ပဲလေ့စ်ကို အနိုင်ရရှိချိန်မှာ မန်စီးတီးတို့က ဆောက်သမ်တန်ကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာဂိုးသွင်းခဲ့တဲ့ မာနေးကလည်း သူရဲ့ လီဗာပူးလ်ကစားသမားဘဝ ပြိုင်ပွဲစုံ သွင်းဂိုး (၁၀၀)ပြည့်မြောက်သွားခဲ့သလို ပရီးမီးယားလိဂ် သွင်းဂိုး (၉၈)ဂိုးရှိလာခဲ့ပါတယ်။

အာဖရိက ကနေ ပရီမီးယားလိဂ်မှာလာရောက်ကစားခဲ့သူတွေထဲက ဂိုးသွင်းအများဆုံး စံချိန်တင်ထားတဲ့ ဒရောဘာ (၁၀၄)ဂိုး နောက်မှာ မာနေးဟာ (၉၈)ဂိုးနဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးသူလည်းဖြစ်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကီတာရဲ႕ အမိုက္စား ဂိုးသြင္းခ်က္ကို ပရိသတ္ေတြ သေဘာက်ေနသလို သူ႕ရဲ႕ ေအာင္ပြဲခံတဲ့ပံုစံကလည္း ပရိသတ္ေတြၾကား ေရပန္းစားေနပါတယ္…

လီဗာပူးကြင္းလယ္ကစားသမား နာဘီ ကီတာဟာ မေန႔ညတုန္းက ခရစၥတယ္ပဲေလ့စ္ကို (၃-ဝ)ဂိုးနဲ႕ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာလွပတဲ့ဂိုးတစ္ဂိုးသြင္းယူၿပီးေနာက္ ကန္တိုနာစတိုင္ ေသြးေအးေအးနဲ႔ ေအာင္ပြဲခံသြားခဲ့ပါတယ္။ လီဗာပူးအသင္းဟာ ဒီႏွစ္ေဘာလံုး ရာသီမွာ တည္ၿငိမ္တဲ့ ေျခစြမ္းေတြနဲ႔အတူ ေရွ႕ဆက္ေနၿပီး ခ်ဲလ္ဆီးနဲ႕ ပြဲမွာသာသေရက်ခဲ့ၿပီး ပြဲတိုင္းအႏိုင္ရရွိထားပါတယ္။

ၿပီးခဲ့တဲ့အပတ္က စပါးအသင္းကို (၃)ဂိုးျပတ္ႏိုင္ထားတဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ မေန႕ညက ရင္ဆိုင္ခဲ့ရာမွာလည္း မာေနး၊ ဆာလက္တို႔ရဲ႕ ဂိုးေတြနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့သလို မိနစ္ (၉၀) ျပည့္ခါနီးမွာ ကီတာက ဂိုးသမား ပုတ္ထုတ္ရာကေန အံထြက္လာတဲ့ ေဘာလုံးကို ေျမမက်ခင္ အျပင္းကန္ခ်က္နဲ႔ ဂိုးသြင္းခဲ့ပါတယ္။ ကီတာရဲ႕ ကန္ခ်က္ကို ပရိသတ္ေတြကသေဘာက်ၿပီး အားေပးခဲ့ၾကသလို သူကလည္း ယူႏိုက္တက္ ဂႏၱဝင္ကစားသမား အဲရစ္ကန္တိုနာလို မလႈပ္မယွက္ဘဲ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ကီတာရဲ႕ ကန္ခ်က္နဲ႔ ေအာင္ပြဲခံပုံကို လီဗာပူး ပရိသတ္ေတြက သေဘာက်ေနၾကသလို ပရိသတ္ေတြက “ကီတာက သူ႔ကိုယ္သူ ကန္တိုနာလို႔ ထင္ေနတာပဲ” “အရမ္းမိုက္တဲ့ သြင္းဂိုးသြင္းအၿပီး ကီတာရဲ႕ ေအာင္ပြဲခံပုံက အရမ္းေသြးေအးတာပဲ။ ဒါေပမယ့္ ခင္ဗ်ားတို႔ကို ေဖ်ာ္ေျဖမႈအျပည့္အဝ ေပးႏိုင္ခဲ့တယ္မဟုတ္လား” လို႔ တြစ္တာမွာ ေရးသားထားၾကပါတယ္။

လီဗာပူးအသင္းဟာ ပဲေလ့စ္ကို အႏိုင္ရရွိခ်ိန္မွာ မန္စီးတီးတို႔က ေဆာက္သမ္တန္ကို ဂိုးမရွိသေရသာ ကစားႏိုင္ခဲ့တာေၾကာင့္ လီဗာပူးအသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာသို႔တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာဂိုးသြင္းခဲ့တဲ့ မာေနးကလည္း သူရဲ႕ လီဗာပူးလ္ကစားသမားဘဝ ျပိဳင္ပြဲစံု သြင္းဂိုး (၁၀၀)ျပည့္ေျမာက္သြားခဲ့သလို ပရီးမီးယားလိဂ္ သြင္းဂိုး (၉၈)ဂိုးရွိလာခဲ့ပါတယ္။ အာဖရိက ကေန ပရီမီးယားလိဂ္မွာလာေရာက္ကစားခဲ့သူေတြထဲက ဂိုးသြင္းအမ်ားဆံုး စံခ်ိန္တင္ထားတဲ့ ဒေရာဘာ (၁၀၄)ဂိုး ေနာက္မွာ မာေနးဟာ (၉၈)ဂိုးနဲ႕ တတိယေျမာက္ ဂိုးသြင္းအမ်ားဆံုးသူလည္းျဖစ္လာပါတယ္။