ကီကေး ဆက်တီယန်နဲ့ ဗယ်ဗာဒီ နှစ်ယောက်ကြားက ဘာစီလိုနာရဲ့ပြောင်းလဲမှုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

photo internet

ကီကေးဆက်တီယန်ရဲ့ ဘာစီလိုနာနည်းပြ ဘဝ ပထမဆုံး ပွဲကိုမြင်တွေ့ခဲ့ရပါပြီ။ ရီးရဲဘက်တစ် နည်းပြ ဟောင်း ကီကေးကို လူသိနည်းကြပါတယ်။ နည်းပြသစ်နဲ့နည်းပြဟောင်းတို့ကြောင့် ဘာစီလိုနာဘာတွေ ကွာခြားလဲဆိုတာဖော်ပြပေးပါမယ်။ ဆက်တီယန်ဟာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ပွဲစဉ်မှာ ဘာကာ အကယ်ဒမီ ထွက် ကစား သမား ၈ ဦး အထိ ထည့်သွင်းခဲ့ ပါတယ်။ ပီကေးနဲ့ အမ်တီတီ တို့ ဦးဆောင် ခဲ့တဲ့ ဘာစီလိုနာ ခံစစ်ဟာ ဗယ်ဗာဒီလက်ထက်မှာ ကစားခဲ့တဲ့ပွဲ အတော်များများထက်တည်ငြိမ်ခဲ့ပြီး ဂရန်နာဒါတိုက်စစ်ကို ဟန့်တားဖျက်ထုတ်နိုင်ခဲ့ပါတယ်။

photo internet

ဂျော်ဒီ အယ်ဘာ နဲ့ ဆာဂျီ ရောဘတ်တို တို့ ဟာ ဗယ်ဗာဒီ လက်ထက် ကထက် ရှေ့ကိုပိုတက်ပြီး တိုက်စစ် နေရာလွတ် တွေ ကို ရယူခဲ့ ပါတယ်။ ဗယ်ဗာဒီက 4-3-3 ကစားကွက်သုံးပေမယ့် ဆက်တီယန်ကတော့ 3-5-2 အခင်းအကျင်းသုံးပါတယ်။ ဘက်စကွက်တစ်ယောက်လည်း ကွင်းလယ်မှာပဲအနည်းငယ်တည်ငြိမ်နေတာကို တွေ့ရပါတယ်။

photo internet

နည်းပြသစ်လက်ထက်မှာ ပြိုင်ဘက်အသင်းကို ဖိအားပေးကစားနိုင်ပြီး ဂိုးသွင်းနိုင်တာတွေ့ရပါတယ်။ ဘာစီလိုနာဟာ ဘောလုံး ပိုင်ဆိုင်မှု ၈၂.၆% ၊ ပစ်မှတ်ဆီရောက်အောင်ဘောလုံးပေးပို့မှု 921 ကြိမ် ရှိခဲ့ပါတယ်။ ဒါဟာနည်းပြဟောင်းလက်ထက်မှာထက်သာလွန်တဲ့စံချိန်တစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။ နည်းပြသစ်ဆက်တီယန် တစ်ယောက် အဖွင့်ပွဲအောင်မှတ်ရခဲ့ပေမယ့် နောက်လာမယ့်ပွဲတွေမှာ ဘယ်လိုအဖြေထွက်အောင်လုပ်နိုင်မလဲ ဆိုတာစောင့်ကြည့်ရပါမယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ကီေကး ဆက္တီယန္နဲ႔ ဗယ္ဗာဒီ ႏွစ္ေယာက္ၾကားက ဘာစီလိုနာရဲ႕ေျပာင္းလဲမႈမ်ား

ကီေကးဆက္တီယန္ရဲ႕ ဘာစီလိုနာနည္းျပ ဘဝ ပထမဆုံး ပြဲကိုျမင္ေတြ႕ခဲ့ရပါၿပီ။ ရီးရဲဘက္တစ္ နည္းျပ ေဟာင္း ကီေကးကို လူသိနည္းၾကပါတယ္။ နည္းျပသစ္နဲ႔နည္းျပေဟာင္းတို႔ေၾကာင့္ ဘာစီလုိနာဘာေတြ ကြာျခားလဲဆိုတာေဖာ္ျပေပးပါမယ္။ ဆက္တီယန္ဟာ သူ႔ရဲ႕ ပထမဆုံး ပြဲဦးထြက္ ပြဲစဥ္မွာ ဘာကာ အကယ္ဒမီ ထြက္ ကစား သမား ၈ ဦး အထိ ထည့္သြင္းခဲ့ ပါတယ္။ ပီေကးနဲ႔ အမ္တီတီ တို႔ ဦးေဆာင္ ခဲ့တဲ့ ဘာစီလိုနာ ခံစစ္ဟာ ဗယ္ဗာဒီလက္ထက္မွာ ကစားခဲ့တဲ့ပြဲ အေတာ္မ်ားမ်ားထက္တည္ၿငိမ္ခဲ့ၿပီး ဂရန္နာဒါတိုက္စစ္ကို ဟန႔္တားဖ်က္ထုတ္ႏိုင္ခဲ့ပါတယ္။

ေဂ်ာ္ဒီ အယ္ဘာ နဲ႔ ဆာဂ်ီ ေရာဘတ္တို တို႔ ဟာ ဗယ္ဗာဒီ လက္ထက္ ကထက္ ေရွ႕ကိုပိုတက္ၿပီး တိုက္စစ္ ေနရာလြတ္ ေတြ ကို ရယူခဲ့ ပါတယ္။ ဗယ္ဗာဒီက 4-3-3 ကစားကြက္သုံးေပမယ့္ ဆက္တီယန္ကေတာ့ 3-5-2 အခင္းအက်င္းသုံးပါတယ္။ ဘက္စကြက္တစ္ေယာက္လည္း ကြင္းလယ္မွာပဲအနည္းငယ္တည္ၿငိမ္ေနတာကို ေတြ႕ရပါတယ္။

နည္းျပသစ္လက္ထက္မွာ ၿပိဳင္ဘက္အသင္းကို ဖိအားေပးကစားႏိုင္ၿပီး ဂိုးသြင္းႏိုင္္တာေတြ႕ရပါတယ္။ ဘာစီလိုနာဟာ ေဘာလုံး ပိုင္ဆိုင္မႈ ၈၂.၆% ၊ ပစ္မွတ္ဆီေရာက္ေအာင္ေဘာလုံးေပးပို႔မႈ 921 ႀကိမ္ ရွိခဲ့ပါတယ္။ ဒါဟာနည္းျပေဟာင္းလက္ထက္မွာထက္သာလြန္တဲ့စံခ်ိန္တစ္ခုျဖစ္ခဲ့တယ္လို႔သိရပါတယ္။ နည္းျပသစ္ဆက္တီယန္ တစ္ေယာက္ အဖြင့္ပြဲေအာင္မွတ္ရခဲ့ေပမယ့္ ေနာက္လာမယ့္ပြဲေတြမွာ ဘယ္လုိအေျဖထြက္ေအာင္လုပ္ႏိုင္မလဲဆိုတာေစာင့္ၾကည့္ရပါမယ္။