ကိုးမန်းကို ထုတ်ပြီး ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်ကို ဘာစီလိုနာ ခေါ်ဖို့ ပြင်ဆင်နေပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စက်တင်ဘာလအတွင်း ရလဒ်တွေ ပြန်ဆိုးစပြုလာတဲ့အပြင် ကစားပုံကလည်း တော်တော်ညံ့သွားတာကြောင့် ဘာစီလိုနာအသင်းဟာ နည်းပြ ရော်နယ်ကိုးမန်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီလို့ သတင်းထွက်လာပါတယ်။

ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ၃ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ဂရန်နာဒါနဲ့ အိမ်ကွင်းပွဲစဉ်မှာပါ သရေတစ်မှတ်ရဖို့ နောက်ကနေ လိုက်ကစားခဲ့ရလို့ ဘာစီလိုနာပရိသတ်တွေဟာ နည်းပြကိုးမန်းကို တာဝန်ကနေ ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တွစ်တာနဲ့တခြားလူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေမှာ #KoemanOut လို့ ပို့စ်တင်ခဲ့ကြပါတယ်။

တကယ်တော့ ကိုးမန်းဟာ အရင်ဥက္ကဌဟောင်း ဘာတိုမြူ လက်ထက်က ခန့်အပ်ခဲ့တဲ့ နည်းပြပါ။

ဥက္ကဌ အပြောင်းအလဲဖြစ်ကတည်းက နည်းပြပြောင်းမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြအဖြစ် ကိုးမန်းကို ဆက်မြင်နေရလို့ အသင်းပရိသတ်တချို့အတွက် အံ့အားသင့် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

သတင်းတွေအရ ဘာစီလိုနာဟာ အောက်တိုဘာလနိုင်ငံတကာပွဲကာလအတွင်း နည်းပြအပြောင်းအလဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီး ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်ကို ခေါ်မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဝင်အများစုရဲ့သဘောထားက ဇာဗီကို ခေါ်ချင်နေကြပေမယ့် ဥက္ကဌ လာပေါ်တာကတော့ မာတီနက်ဇ်ကို ခေါ်ချင်နေပါတယ်။

မာတီနက်ဇ်ဟာ စပိန်နိုင်ငံသားတစ်ဦးဖြစ်ပေမယ့် ကစားသမားဘဝကရော နည်းပြဘဝမှာပါ စပိန် ပြင်ပအသင်းတွေမှာပဲ အများဆုံး ကျင်လည်ခဲ့ပါတယ်။

သေချာတာကတော့ နည်းပြ ကိုးမန်းကို တာဝန်ကနေ ထုတ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပြီး သင့်တော်မယ့်အချိန်တစ်ခုကိုပဲ ဘာစီလိုနာ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

အောက်တိုဘာလ နိုင်ငံတကာပွဲမဝင်ခင် ဘာစီလိုနာအသင်းဟာ ကာဒစ်ဇ်၊ လီဗန်တေး၊ ဘင်ဖီကာ၊ အက်သလက်တီကိုတို့နဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲတွေဟာ ကိုးမန်းရဲ့ဘာစီလိုနာနည်းပြဘ၀ နောက်ဆုံးပွဲတွေဖြစ်လာဖို့ရှိနေပါတယ်။

အေဂျက်စ်နည်းပြ အဲရစ်တန်းဟက်ကို ခေါ်မယ်လို့ သတင်းထွက်နေပေမယ့် ကာယကံရှင်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုးမန္းကို ထုတ္ၿပီး ဘယ္လ္ဂ်ီယံအသင္းနည္းျပ မာတီနက္ဇ္ကို ဘာစီလိုနာ ေခၚဖို႔ ျပင္ဆင္ေနၿပီ

စက္တင္ဘာလအတြင္း ရလဒ္ေတြ ျပန္ဆိုးစျပဳလာတဲ့အျပင္ ကစားပုံကလည္း ေတာ္ေတာ္ညံ့သြားတာေၾကာင့္ ဘာစီလိုနာအသင္းဟာ နည္းျပ ေရာ္နယ္ကိုးမန္းနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ေနၿပီလို႔ သတင္းထြက္လာပါတယ္။

ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ကို ၃ဂိုးျပတ္ရႈံးခဲ့ၿပီးေနာက္ ဂရန္နာဒါနဲ႔ အိမ္ကြင္းပြဲစဥ္မွာပါ သေရတစ္မွတ္ရဖို႔ ေနာက္ကေန လိုက္ကစားခဲ့ရလို႔ ဘာစီလိုနာပရိသတ္ေတြဟာ နည္းျပကိုးမန္းကို တာဝန္ကေန ထြက္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက တြစ္တာနဲ႔တျခားလူမႈကြန္ယက္ဝက္ဘ္ဆိုက္ေတြမွာ #KoemanOutလို႔ ပို႔စ္တင္ခဲ့ၾကပါတယ္။ တကယ္ေတာ့ ကိုးမန္းဟာ အရင္ဥကၠဌေဟာင္း ဘာတိုျမဴ လက္ထက္က ခန႔္အပ္ခဲ့တဲ့ နည္းျပပါ။ ဥကၠဌ အေျပာင္းအလဲျဖစ္ကတည္းက နည္းျပေျပာင္းမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ဘာစီလိုနာနည္းျပအျဖစ္ ကိုးမန္းကို ဆက္ျမင္ေနရလို႔ အသင္းပရိသတ္တခ်ိဳ႕အတြက္ အံ့အားသင့္ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

သတင္းေတြအရ ဘာစီလိုနာဟာ ေအာက္တိုဘာလႏိုင္ငံတကာပြဲကာလအတြင္း နည္းျပအေျပာင္းအလဲလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီး ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းနည္းျပ မာတီနက္ဇ္ကို ေခၚမယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဘုတ္အဖြဲ႕ဝင္အမ်ားစုရဲ႕သေဘာထားက ဇာဗီကို ေခၚခ်င္ေနၾကေပမယ့္ ဥကၠဌ လာေပၚတာကေတာ့ မာတီနက္ဇ္ကို ေခၚခ်င္ေနပါတယ္။

မာတီနက္ဇ္ဟာ စပိန္ႏိုင္ငံသားတစ္ဦးျဖစ္ေပမယ့္ ကစားသမားဘဝကေရာ နည္းျပဘဝမွာပါ စပိန္ ျပင္ပအသင္းေတြမွာပဲ အမ်ားဆုံး က်င္လည္ခဲ့ပါတယ္။ ေသခ်ာတာကေတာ့ နည္းျပ ကိုးမန္းကို တာဝန္ကေန ထုတ္ဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္ၿပီး သင့္ေတာ္မယ့္အခ်ိန္တစ္ခုကိုပဲ ဘာစီလိုနာ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

ေအာက္တိုဘာလ ႏိုင္ငံတကာပြဲမဝင္ခင္ ဘာစီလိုနာအသင္းဟာ ကာဒစ္ဇ္၊ လီဗန္ေတး၊ ဘင္ဖီကာ၊ အက္သလက္တီကိုတို႔နဲ႔ ကစားရမွာျဖစ္ၿပီး ဒီပြဲေတြဟာ ကိုးမန္းရဲ႕ဘာစီလိုနာနည္းျပဘ၀ ေနာက္ဆုံးပြဲေတြျဖစ္လာဖို႔ရွိေနပါတယ္။ေအဂ်က္စ္နည္းျပ အဲရစ္တန္းဟက္ကို ေခၚမယ္လို႔ သတင္းထြက္ေနေပမယ့္ ကာယကံရွင္ကေတာ့ ဒီသတင္းေတြကို ျငင္းဆိုထားပါတယ္။