ကိုးမန်းကိုထုတ်ပယ်ပြီး ဇာဗီကို ဆက်သွယ်လိုက်တဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ဗယ်လီကာနိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ နည်းပြရော်နယ်ကိုးမန်းကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ကိုးမန်းကိုထုတ်ပယ်ပြီးနောက် လစ်လပ်သွားတဲ့နည်းပြနေရာအတွက် ဘာစီလိုနာဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ အသင်းဂန္ထဝင်ဇာဗီကို ကမ်းလှမ်းမှုလုပ်ခဲ့ကြောင်း နာမည်ကြီးဘောလုံးသတင်းဌာတစ်ခုဖြစ်တဲ့ Goal က ဖော်ပြလိုက်ပါတယ်။

ဗယ်လီကာနိုကို ရှုံးနိမ့်မှုကြောင့် ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၉ နေရာဆင်းခဲ့ရပြီး သူတို့ရဲ့အမှတ်ပေးအဖွင့် ၁၀ ပွဲမှာ ၄ ပွဲသာ အနိုင်ရခဲ့တာပါ။

ဒါ့အပြင် ဘာစီလိုနာဟာ အခုရာသီချန်ပီယံလိဂ်မှာလည်း ရုန်းကန်နေရတာကြောင့် ကိုးမန်းအနေနဲ့ နူးကမ့်မှာ တစ်ရာသီကျော်သာ ကိုင်တွယ်ခွင့်ရခဲ့တာပါ။

ဘာစီလိုနာက ဆက်သွယ်ကမ်းလှမ်းထားတဲ့ သူတို့ရဲ့ကစားသမားဟောင်းဇာဗီဟာ လက်ရှိကိုင်တွယ်နေတဲ့ ကာတာကလပ်အယ်လ်ဆတ်မှာ အောင်မြင်နေသူ ဖြစ်ပါတယ်။

ဇာဗီဟာ အယ်လ်ဆတ်အသင်းကို ၂ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၇ ခု ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇာဗီအနေနဲ့ အဲဒီကာတာကလပ်နဲ့စာချုပ်ထဲမှာ ထွက်ခွာလု့ိရမယ့်အချက်ကို ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်က ဘာစီလိုနာကို ပြောင်းချင်နေတယ်လို့ နားလည်ရပြီး အဲဒီကာတာလန်ကလပ်ကလည်း ၄၁ နှစ်အရွယ် ဇာဗီကို ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ငွေကြေးပမာဏကို ပြင်ဆင်ထားပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်များစွာထဲက ရာသီတာထွက်နှေးခဲ့တဲ့ကိုးမန်းအပေါ်မှာ ယုံကြည်မှု ပျောက်ဆုံးနေတာပါ။

အယ်ကလက်စီကိုရှုံးပွဲအပြီး ဗယ်လီကာနိုကို ထပ်ရှုံးခဲ့ပြီးနောက်မှာတော့ လာပေါ်တာဟာ အချိန်ဆွဲမနေတော့ဘဲ နည်းပြအပြောင်းအလဲလုပ်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုးမန္းကိုထုတ္ပယ္ၿပီး ဇာဗီကို ဆက္သြယ္လိုက္တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးညက ဗယ္လီကာႏိုအသင္းကို ရႈံးနိမ့္ခဲ့ၿပီး နာရီပိုင္းအၾကာမွာပဲ နည္းျပေရာ္နယ္ကိုးမန္းကို ရာထူးက ထုတ္ပယ္လိုက္ပါတယ္။

ကိုးမန္းကိုထုတ္ပယ္ၿပီးေနာက္ လစ္လပ္သြားတဲ့နည္းျပေနရာအတြက္ ဘာစီလိုနာဟာ သူတို႔ရဲ႕ကစားသမားေဟာင္းျဖစ္တဲ့ အသင္းဂႏၴဝင္ဇာဗီကို ကမ္းလွမ္းမႈလုပ္ခဲ့ေၾကာင္း နာမည္ႀကီးေဘာလုံးသတင္းဌာတစ္ခုျဖစ္တဲ့ Goal က ေဖာ္ျပလိုက္ပါတယ္။

ဗယ္လီကာႏိုကို ရႈံးနိမ့္မႈေၾကာင့္ ဘာစီလိုနာဟာ လာလီဂါအမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာဆင္းခဲ့ရၿပီး သူတို႔ရဲ႕အမွတ္ေပးအဖြင့္ ၁၀ ပြဲမွာ ၄ ပြဲသာ အႏိုင္ရခဲ့တာပါ။

ဒါ့အျပင္ ဘာစီလိုနာဟာ အခုရာသီခ်န္ပီယံလိဂ္မွာလည္း ႐ုန္းကန္ေနရတာေၾကာင့္ ကိုးမန္းအေနနဲ႔ ႏူးကမ့္မွာ တစ္ရာသီေက်ာ္သာ ကိုင္တြယ္ခြင့္ရခဲ့တာပါ။

ဘာစီလိုနာက ဆက္သြယ္ကမ္းလွမ္းထားတဲ့ သူတို႔ရဲ႕ကစားသမားေဟာင္းဇာဗီဟာ လက္ရွိကိုင္တြယ္ေနတဲ့ ကာတာကလပ္အယ္လ္ဆတ္မွာ ေအာင္ျမင္ေနသူ ျဖစ္ပါတယ္။

ဇာဗီဟာ အယ္လ္ဆတ္အသင္းကို ၂ ႏွစ္အတြင္းမွာ ဆုဖလားေပါင္း ၇ ခု ရယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဇာဗီအေနနဲ႔ အဲဒီကာတာကလပ္နဲ႔စာခ်ဳပ္ထဲမွာ ထြက္ခြာလု႔ိရမယ့္အခ်က္ကို ထည့္သြင္းထားပါတယ္။

ဒါေပမဲ့ သူကိုယ္တိုင္က ဘာစီလိုနာကို ေျပာင္းခ်င္ေနတယ္လို႔ နားလည္ရၿပီး အဲဒီကာတာလန္ကလပ္ကလည္း ၄၁ ႏွစ္အ႐ြယ္ ဇာဗီကို ေခၚယူႏိုင္ဖို႔ လိုအပ္တဲ့ေငြေၾကးပမာဏကို ျပင္ဆင္ထားပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာဟာ လြန္ခဲ့တဲ့ရက္သတၱပတ္မ်ားစြာထဲက ရာသီတာထြက္ေႏွးခဲ့တဲ့ကိုးမန္းအေပၚမွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနတာပါ။

အယ္ကလက္စီကိုရႈံးပြဲအၿပီး ဗယ္လီကာႏိုကို ထပ္ရႈံးခဲ့ၿပီးေနာက္မွာေတာ့ လာေပၚတာဟာ အခ်ိန္ဆြဲမေနေတာ့ဘဲ နည္းျပအေျပာင္းအလဲလုပ္ခဲ့တာပါ။