ကိုရီးယားဒါဘီဟာ စစ်ပွဲတစ်ခုလိုပဲလို့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌဖွင့်ဟ

photo-AP

photo-AP

စပါးကြယ်ပွင့်ဆွန်ဟောင်မင်က မြောက်ကိုရီးယားမှာကစားခဲ့တဲ့ တောင်ကိုရီးယားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ အရမ်းကို ကြမ်းကြုတ်ခဲ့ကြောင်း ဖော်ပြခိုင်းနှိုင်းခဲ့ပြီး လျို့ဝှက်ကျင်းပတဲ့အဲဒီဂိုးမရှိသရေပွဲကနေ အနာတရမရှိဘဲပြန်လာနိုင်ခဲ့တာကို ပျော်ရွှင်မိကြောင်း ဖွင့်ဟလိုက်ပါတယ်။ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌကတော့ တစ်ဆင့်ပိုသွားခဲ့ပြီး အဲဒီပွဲကို စစ်ပွဲတစ်ခုအလား ခိုင်းနှိုင်းခဲ့ပါတယ်။ မြောက်ကိုရီးယားက ကင်အီဆန်ကွင်းမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင်အဲဒီပွဲကို တောင်ကိုရီးယားပရိသတ်တွေနဲ့ဂျာနယ်လစ်တွေ တက်ရောက်ခွင့်မရခဲ့ဘဲ ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်မှုလည်း မရှိခဲ့ပါဘူး။

photo-AP

အဲဒီပွဲကို တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူနှစ်ယောက်သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ပွဲရဲ့အခြေအနေကိုလည်း သူတို့ကသာ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပေးခဲ့တာပါ။ ပွဲက ဘယ်လောက်ကြမ်းတမ်းခဲ့သလဲဆိုတာကို တောင်ကိုရီးယားတိုက်စစ်မှုးဆွန်ဟောင်မင်က အခုလိုပြောပါတယ်။ ”ကျွန်တော်တို့အနိုင်မရတာ အရမ်းဆိုးပါတယ်။ ဒါပေမဲ့ ပွဲက အတော်လေးကြမ်းခဲ့တာပါ။ ဒဏ်ရာမရဘဲ ဘေးကင်းစွာနဲ့ ပြန်လာနိုင်ခဲ့တာကိုက ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ”လို့ ဆွန်ဟောင်မင်က သတင်းထောက်တွေကို ပြောခဲ့တာပါ။

photo-EPA

အဲဒီဂိုးမရှိသရေပွဲမှာ မြောက်ကိုရီးယားဘက်က ဘယ်လိုပြုမူခဲ့တယ်ဆိုတာကို  တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌချွိုင်ယန်အီကလည်း အခုလိုဝေဖန်ခဲ့ပါတယ်။ ”အဲဒါဟာ စစ်ပွဲလိုပါပဲ။ ဘောလုံးမှာ အဲဒီလောက်ကြမ်းကြမ်းတမ်းတမ်းရှိတာကို အခုချိန်ထိ ကျွန်တော်မမြင်ဖူးသေးပါဘူး။ သူတို့နဲ့ ကျွန်တော်စကားပြောတဲ့အချိန်မှာ မြောက်ကိုရီးယားတွေက မျက်စိဆုံဖို့ကိုတောင် မလုပ်ခဲ့တာပါ။ ဘာတုံ့ပြန်မှုလည်း မလုပ်ဘူး”လို့ ချွိုင်ယန်အီက ဆိုခဲ့တာပါ။ နိုင်ငံချင်းကပ်နေပေမယ့် တောင်ကိုရီးယားကစားသမားတွေဟာ အဲဒီပွဲအတွက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ တစ်ဆင့်သွားခဲ့ရပြီး မြောက်ကိုရီးယားမှာ ရှိနေစဉ်အတွင်းမှာလည်း သူတု့ိဟာ ဖုံးအသုံးပြုခွင့် မရခဲ့ပါဘူး။

[Zawgyi]

ကုိရီးယားဒါဘီဟာ စစ္ပြဲတစ္ခုလိုပဲလုိ႔ ေတာင္ကိုရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဒုဥကၠဌဖြင့္ဟ

စပါးၾကယ္ပြင့္ဆြန္ေဟာင္မင္က ေျမာက္ကိုရီးယားမွာကစားခဲ့တဲ့ ေတာင္ကုိရီးယားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲဟာ အရမ္းကို ၾကမး္ၾကဳတ္ခဲ့ေၾကာင္း ေဖာ္ျပခိုင္းႏႈိင္းခဲ့ၿပီး လ်ိဳ႕၀ွက္က်င္းပတဲ့အဲဒီဂိုးမရွိသေရပြဲကေန အနာတရမရွိဘဲျပန္လာႏိုင္ခဲ့တာကို ေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ ေတာင္ကိုရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဒုဥကၠဌကေတာ့ တစ္ဆင့္ပိုသြားခဲ့ၿပီး အဲဒီပြဲကို စစ္ပြဲတစ္ခုအလား ခိုင္းႏႈိင္းခဲ့ပါတယ္။ ေျမာက္ကိုရီးယားက ကင္အီဆန္ကြင္းမွာ က်င္းပခဲ့တဲ့ သမိုင္း၀င္အဲဒီပြဲကို ေတာင္ကိုရီးယားပရိသတ္ေတြနဲ႔ဂ်ာနယ္လစ္ေတြ တက္ေရာက္ခြင့္မရခဲ့ဘဲ ပြဲစဥ္ကို တုိက္ရိုက္ထုတ္လႊင့္မႈလည္း မရွိခဲ့ပါဘူး။

အဲဒီပြဲကို ေတာင္ကုိရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္က တာ၀န္ရွိသူႏွစ္ေယာက္သာ တက္ေရာက္ခြင့္ရခဲ့ပါတယ္။ ပြဲရဲ႕အေျခအေနကိုလည္း သူတို႔ကသာ ဆိုရွယ္မီဒီယာေပၚမွာ တင္ေပးခဲ့တာပါ။ ပြဲက ဘယ္ေလာက္ၾကမး္တမ္းခဲ့သလဲဆိုတာကို ေတာင္ကိုရီးယားတုိက္စစ္မႈးဆြန္ေဟာင္မင္က အခုလိုေျပာပါတယ္။ ”ကၽြန္ေတာ္တို႔အႏိုင္မရတာ အရမ္းဆုိးပါတယ္။ ဒါေပမဲ့ ပြဲက အေတာ္ေလးၾကမး္ခဲ့တာပါ။ ဒဏ္ရာမရဘဲ ေဘးကင္းစြာနဲ႔ ျပန္လာႏိုင္ခဲ့တာကိုက ႀကီးမားတဲ့ေအာင္ျမင္မႈတစ္ခုပါပဲ”လုိ႔ ဆြန္ေဟာင္မင္က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

အဲဒီဂိုးမရိွသေရပြဲမွာ ေျမာက္ကိုရီးယားဘက္က ဘယ္လုိျပဳမူခဲ့တယ္ဆုိတာကို  ေတာင္ကိုရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဒုတိယဥကၠဌခၽြိဳင္ယန္အီကလည္း အခုလုိေ၀ဖန္ခဲ့ပါတယ္။ ”အဲဒါဟာ စစ္ပြဲလုိပါပဲ။ ေဘာလုံးမွာ အဲဒီေလာက္ၾကမ္းၾကမ္းတမ္းတမ္းရွိတာကို အခုခ်ိန္ထိ ကၽြန္ေတာ္မျမင္ဖူးေသးပါဘူး။ သူတို႔နဲ႔ ကၽြန္ေတာ္စကားေျပာတဲ့အခ်ိန္မွာ ေျမာက္ကိုရီးယားေတြက မ်က္စိဆုံဖို႔ကိုေတာင္ မလုပ္ခဲ့တာပါ။ ဘာတု႔ံျပန္မႈလည္း မလုပ္ဘူး”လို႔ ခၽြိဳင္ယန္အီက ဆိုခဲ့တာပါ။ ႏုိင္ငံခ်င္းကပ္ေနေပမယ့္ ေတာင္ကုိရီးယားကစားသမားေတြဟာ အဲဒီပြဲအတြက္ တရုတ္ႏိုင္ငံ ေဘဂ်င္းၿမဳိ႕ကေန တစ္ဆင့္သြားခဲ့ရၿပီး ေျမာက္ကိုရီးယားမွာ ရွိေနစဥ္အတြင္းမွာလည္း သူတု႔ိဟာ ဖုံးအသုံးျပဳခြင့္ မရခဲ့ပါဘူး။