ကိုရိုနာလူနာတွေအတွက် သူ့ရဲ့ဟိုတယ်တွေကို ဆေးရုံအဖြစ်ပြောင်းတော့မယ့် စီရော်နယ်ဒို

photo-ghanasoccernet

photo-google

ကပ်ရောဂါအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းစိုးရိမ်ထိတ်လန့်နေရပြီး ဥရောပထိပ်တန်းလိဂ်တွေအပါအဝင် အားကစားပွဲများစွာဟာလည်း ရပ်ဆိုင်းသွားခဲ့တာ အားလုံးအသိပါပဲ။ အခုလည်း ကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်တဲ့စီရော်နယ်ဒိုက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တစ်တပ်တစ်အားအဖြစ် ပါဝင်ကူညီတဲ့အနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူလူထုအတွက် အသုံးချခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

photo-google

အဲဒါကတော့ ပေါ်တူဂီမှာရှိတဲ့ သူ့ရဲ့ဟိုတယ်တွေကို ကိုရိုနာလူနာတွေအတွက်  ဆေးရုံအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ပေါ်တူဂီက ကိုရိုနာဗိုင်းရပ်စ်လူနာတွေဟာ အဲဒီမှာ အခမဲ့တက်ရောက်ကုသခံခွင့်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ဆေးရုံလုပ်သားတွေနဲ့ ဆရာဝန်တွေအတွက်လည်း လစာကို သူ့အိတ်ထဲကနေ စိုက်ပေးမှာပါ။ ဒီလိုမျိုး ဟိုတယ်တွေကို ဆေးရုံအဖြစ် ပြောင်းမှာက လာမယ့်အပတ်မှာ စတင်မယ်လို့ သိရပါတယ်။

photo-goal

လက်ရှိမှာတာ့ စီရော်နယ်ဒိုဟာ ပေါ်တူဂီက သူ့ဇာတိဖြစ်တဲ့ မာဒိုင်ရာကျွန်းကို ရောက်ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဂျုဗင်တပ်အသင်းဖော်ရူဂါနီကြောင့် စီရော်နယ်ဒိုဟာ အဲဒီမှာ သီးသန့်အနေနဲ့ ၁၄ ရက်စောင့်ကြည့်ခြင်းခံနေရတာပါ။ ဒါပေမဲ့ စီရော်နယ်ဒိုဆီမှာ ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက မာဒိုင်ရာကျွန်အုပ်ချုပ်ရေးဥက္ကဌက အတည်ပြုပေးခဲ့ပါတယ်။

[Zawgyi]

ကိုရိုနာလူနာေတြအတြက္ သူ႔ရဲ႕ဟုိတယ္ေတြကို ေဆးရုံအျဖစ္ေျပာင္းေတာ့မယ့္ စီေရာ္နယ္ဒို

ကပ္ေရာဂါအျဖစ္ ေျပာင္းလဲသတ္မွတ္လိုက္တဲ့ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ကမာၻတစ္၀န္းစိုးရိမ္ထိတ္လန္႔ေနရၿပီး ဥေရာပထိပ္တန္းလိဂ္ေတြအပါအ၀င္ အားကစားပြဲမ်ားစြာဟာလည္း ရပ္ဆိုင္းသြားခဲ့တာ အားလုံးအသိပါပဲ။ အခုလည္း ကမာၻေက်ာ္ကစားသမားတစ္ေယာက္ျဖစ္တဲ့စီေရာ္နယ္ဒုိက ကိုရိုနာဗုိင္းရပ္စ္တုိက္ဖ်က္ေရးမွာ တစ္တပ္တစ္အားအျဖစ္ ပါ၀င္ကူညီတဲ့အေနနဲ႔ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကို ျပည္သူလူထုအတြက္ အသုံးခ်ခြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

အဲဒါကေတာ့ ေပၚတူဂီမွာရွိတဲ့ သူ႔ရဲ႕ဟုိတယ္ေတြကို ကိုရိုနာလူနာေတြအတြက္  ေဆးရုံအျဖစ္ ေျပာင္းလဲေပးမွာျဖစ္ပါတယ္။ ေပၚတူဂီက ကိုရိုနာဗုိင္းရပ္စ္လူနာေတြဟာ အဲဒီမွာ အခမဲ့တက္ေရာက္ကုသခံခြင့္ရမွာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ေဆးရုံလုပ္သားေတြနဲ႔ ဆရာ၀န္ေတြအတြက္လည္း လစာကို သူ႔အိတ္ထဲကေန စိုက္ေပးမွာပါ။ ဒီလိုမ်ိဳး ဟုိတယ္ေတြကို ေဆးရုံအျဖစ္ ေျပာင္းမွာက လာမယ့္အပတ္မွာ စတင္မယ္လုိ႔ သိရပါတယ္။

လက္ရွိမွာတာ့ စီေရာ္နယ္ဒိုဟာ ေပၚတူဂီက သူ႔ဇာတိျဖစ္တဲ့ မာဒိုင္ရာကၽြန္းကို ေရာက္ရွိေနပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့ ဂ်ဳဗင္တပ္အသင္းေဖာ္ရူဂါနီေၾကာင့္ စီေရာ္နယ္ဒိုဟာ အဲဒီမွာ သီးသန္႔အေနနဲ႔ ၁၄ ရက္ေစာင့္ၾကည့္ျခင္းခံေနရတာပါ။ ဒါေပမဲ့ စီေရာ္နယ္ဒိုဆီမွာ ကိုရိုနာဗုိင္းရပ္စ္မရွိဘူးလို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက မာဒိုင္ရာကၽြန္အုပ္ခ်ဳပ္ေရးဥကၠဌက အတည္ျပဳေပးခဲ့ပါတယ္။