ကိုရိုနာဗိုင်းရပ်စ်အမှားအတွက် ဂျပန်ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ လစ်ဇစ်

photo-EPA

photo-EPA

ဘွန်ဒက်စ်လီဂါချန်ပီယံပြေးလမ်းထဲက အသင်းတစ်သင်းဖြစ်တဲ့လစ်ဇစ်ဟာ ကိုရိုနာဗိုင်းရပ်စ်သယ်ဆောင်လာတယ်လို့ စိုးရိမ်မှုကြောင့် ကွင်းထဲက နှင်ထုတ်လိုက်တဲ့ ဂျပန်ပရိသတ်အယောက် ၂၀ ကို အခုအခါ ပြန်လည်တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။ လေဗာကူဆင်နဲ့ ၁-၁ သရေကျခဲ့တဲ့ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဉ်မှာ ပွဲအစ ၁၀ မိနစ်မှာပဲ ကွင်းလုံခြုံရေးက ဂျပန်ပရိသတ်တွေကို ကွင်းထဲက ထွက်သွားဖို့ ပြောကြားခဲ့တာပါ။

photo-gettyimages

အဲဒီအတွက် သူတို့အမှားလုပ်မိတယ်ဆိုတာကို လစ်ဇစ်အသင်းက ကြေညာချက်ထုတ်ပြန်ပြီး ပြန်လည်တောင်းပန်လိုက်တာ ဖြစ်ပါတယ်။ အဲဒီပွဲလာကြည့်တဲ့ဂျပန်ပရိသတ်တွေဟာ ဘာပြသနာမှမရှိဘဲနဲ့ ကွင်းထဲဝင်ရောက်နိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်တယ်ဆိုပြီး ပွဲအစမှာ ကွင်းထဲက ထွက်သွားခိုင်းခြင်း ခံခဲ့ရတာပါ။ အခုတော့ လစ်ဇစ်ဟာ အဲဒီဂျပန်ပရိသတ်တွေနဲ့တွေ့ဆုံတောင်းပန်ခဲ့ကာ နောက်ပွဲအတွက် ဖိတ်ကြားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

photo-gettyimages

တရုတ်နိုင်ငံက စတင်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပဘောလုံးလောကို စတင်ရိုက်ခတ်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ စီးရီးအေပွဲစဉ် ၆ ပွဲကို ရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရပြီး ဗိုင်းရပ်ကူးစက်ခံရတဲ့ဒေသတွေမှာ မတ်လ ၈ ရက်နေ့တိုင်အောင် ဘာပွဲမှ ကစားစေဖို့ မရှိပါဘူး။

[Zawgyi]

ကိုရိုနာဗုိင္းရပ္စ္အမွားအတြက္ ဂ်ပန္ပရိသတ္ေတြကို ေတာင္းပန္လိုက္တဲ့ လစ္ဇစ္

ဘြန္ဒက္စ္လီဂါခ်န္ပီယံေျပးလမ္းထဲက အသင္းတစ္သင္းျဖစ္တဲ့လစ္ဇစ္ဟာ ကိုရိုနာဗုိင္းရပ္စ္သယ္ေဆာင္လာတယ္လုိ႔ စိုးရိမ္မႈေၾကာင့္ ကြင္းထဲက ႏွင္ထုတ္လုိက္တဲ့ ဂ်ပန္ပရိသတ္အေယာက္ ၂၀ ကို အခုအခါ ျပန္လည္ေတာင္းပန္လုိက္ၿပီ ျဖစ္ပါတယ္။ ေလဗာကူဆင္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ဘြန္ဒက္စ္လီဂါအိမ္ကြင္းပြဲစဥ္မွာ ပြဲအစ ၁၀ မိနစ္မွာပဲ ကြင္းလုံၿခဳံေရးက ဂ်ပန္ပရိသတ္ေတြကို ကြင္းထဲက ထြက္သြားဖို႔ ေျပာၾကားခဲ့တာပါ။

အဲဒီအတြက္ သူတို႔အမွားလုပ္မိတယ္ဆိုတာကို လစ္ဇစ္အသင္းက ေၾကညာခ်က္ထုတ္ျပန္ၿပီး ျပန္လည္ေတာင္းပန္လိုက္တာ ျဖစ္ပါတယ္။ အဲဒီပြဲလာၾကည့္တဲ့ဂ်ပန္ပရိသတ္ေတြဟာ ဘာျပသနာမွမရွိဘဲနဲ႔ ကြင္းထဲ၀င္ေရာက္ႏိုင္ခဲ့ၿပီး ကိုရိုနာဗုိင္းရပ္စ္ရွိႏုိင္တယ္ဆုိၿပီး ပြဲအစမွာ ကြင္းထဲက ထြက္သြားခုိင္းျခင္း ခံခဲ့ရတာပါ။ အခုေတာ့ လစ္ဇစ္ဟာ အဲဒီဂ်ပန္ပရိသတ္ေတြနဲ႔ေတြ႕ဆုံေတာင္းပန္ခဲ့ကာ ေနာက္ပြဲအတြက္ ဖိတ္ၾကားမႈျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

တရုတ္ႏိုင္ငံက စတင္ျပန္႔ပြားလာတဲ့ ကိုရိုနာဗိုင္းရပ္စ္ဟာ ဥေရာပေဘာလုံးေလာကို စတင္ရိုက္ခတ္ေနၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ စီးရီးေအပြဲစဥ္ ၆ ပြဲကို ေရႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ရၿပီး ဗိုင္းရပ္ကူးစက္ခံရတဲ့ေဒသေတြမွာ မတ္လ ၈ ရက္ေန႔တိုင္ေအာင္ ဘာပြဲမွ ကစားေစဖုိ႔ မရွိပါဘူး။