
Photo Credit
အိုလံပီယာကို့စ်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မာရီယာကစ်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဖွင့်ဟခဲ့ပြီးနောက် အာဆင်နယ်အသင်းကလည်း အရေးပေါ်ကြေညာချက်တစ်စောင် ထုတ်ပြန်သွားပါတယ်။
Photo Credit
”ကျွန်တော်တို့အသင်းဟာ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ရက် ကြာသပတေးနေ့က အိုလံပီယာကို့စ်အသင်းနဲ့ကစားခဲ့ပြီး ကျွန်တော်တို့အသင်းရဲ့ဝန်ထမ်းတွေအားလုံးလည်း ဘယ်သူမှ မာရီနာကစ်နဲ့ တွေ့ဆုံစကားပြောခဲ့တာမျိုးမရှိသလို အဲဒီနောက်ပိုင်း ဘယ်သူမှ ရောဂါလက္ခဏာပြတာမျိုးလည်းမရှိပါဘူး”
Photo Credit
”ကျွန်တော်တို့အသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့လည်း ပြဌာန်းထားတဲ့လမ်းကြောင်းတွေအတိုင်း ဆက်လက်လှုပ်ရှားသွားမှာပါ။ ကစားသမားနဲ့ဝန်ထမ်းတွေကို ကာကွယ်နိုင်ရေးအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာလမ်းညွန်ချက်တွေကို ဆက်လက်လိုက်နာပြီး ပိုသေချာအောင် တင်းကျပ်တဲ့လုပ်ထုံးလုပ်နည်းတွေလည်း ပြုလုပ်ထားပါတယ်”
Photo Credit
”အဲဒီလိုလုပ်ဆောင်ရာမှာ အမ်းမရိတ်စ်ကွင်းနဲ့ လေ့ကျင့်ရေးကွင်းတွေမှာ ကစားသမားတွေအသုံးပြုပြီးသွားတဲ့အခါ အဲဒီဧရိယာတွေကို သေချာသန့်ရှင်းရေးပြုလုပ်တာမျိုးတွေလည်း ပါဝင်ပါတယ်”လို့ အာဆင်နယ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Photo Credit
မာရီနာကစ်ဟာ လွန်ခဲ့တဲ့ ၂ပတ်က အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ အိုလံပီယာကို့စ်တို့ရဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒု-အကျော့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး အိုလံပီယာကို့စ်လည်း အာဆင်နယ်ကို အနိုင်ယူကာ ၁၆သင်းအဆင့် တက်ရောက်နိုင်ခဲ့သလို အဲဒီအဆင့်မှာ ဝုဗ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Photo Credit
နော်တင်ဟမ်အသင်းကလည်း သူတို့ရဲ့အသင်းပိုင်ရှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လု့ိ အတည်ပြုခဲ့ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ဝုဗ်အသင်းကလည်း အိုလံပီယာကို့စ်အသင်းနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Photo Credit
Zawgyi
ကို႐ိုနာဗုိင္းရပ္စ္ေ၀ဒနာရွင္ အိုလံပီယာကုိ႔စ္အသင္းပိုင္ရွင္နဲ႔ပတ္သက္လုိ႔ အာဆင္နယ္ေျဖရွင္းခ်က္ထုတ္
အိုလံပီယာကို႔စ္နဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းပိုင္ရွင္ မာရီယာကစ္က သူ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရတယ္လုိ႔ ဖြင့္ဟခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းကလည္း အေရးေပၚေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္သြားပါတယ္။
”ကၽြန္ေတာ္တို႔အသင္းဟာ ယူ႐ိုပါလိဂ္အိမ္ကြင္းပြဲစဥ္အျဖစ္ ေဖေဖာ္၀ါရီလ ၂၇ရက္ ၾကာသပေတးေန႔က အိုလံပီယာကို႔စ္အသင္းနဲ႔ကစားခဲ့ၿပီး ကၽြန္ေတာ္တို႔အသင္းရဲ႕၀န္ထမ္းေတြအားလုံးလည္း ဘယ္သူမွ မာရီနာကစ္နဲ႔ ေတြ႕ဆုံစကားေျပာခဲ့တာမ်ိဳးမရွိသလုိ အဲဒီေနာက္ပိုင္း ဘယ္သူမွ ေရာဂါလကၡဏာျပတာမ်ိဳးလည္းမရွိပါဘူး”
”ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးနဲ႔ပတ္သက္လုိ႔လည္း ျပဌာန္းထားတဲ့လမ္းေၾကာင္းေတြအတုိင္း ဆက္လက္လႈပ္ရွားသြားမွာပါ။ ကစားသမားနဲ႔၀န္ထမ္းေတြကို ကာကြယ္ႏိုင္ေရးအတြက္ အစိုးရက ထုတ္ျပန္ထားတဲ့ က်န္းမာေရးဆုိင္ရာလမ္းညြန္ခ်က္ေတြကို ဆက္လက္လုိက္နာၿပီး ပုိေသခ်ာေအာင္ တင္းက်ပ္တဲ့လုပ္ထုံးလုပ္နည္းေတြလည္း ျပဳလုပ္ထားပါတယ္”
”အဲဒီလုိလုပ္ေဆာင္ရာမွာ အမ္းမရိတ္စ္ကြင္းနဲ႔ ေလ့က်င့္ေရးကြင္းေတြမွာ ကစားသမားေတြအသုံးျပဳၿပီးသြားတဲ့အခါ အဲဒီဧရိယာေတြကို ေသခ်ာသန္႔ရွင္းေရးျပဳလုပ္တာမ်ိဳးေတြလည္း ပါ၀င္ပါတယ္”လုိ႔ အာဆင္နယ္အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
မာရီနာကစ္ဟာ လြန္ခဲ့တဲ့ ၂ပတ္က အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ အုိလံပီယာကို႔စ္တုိ႔ရဲ႕ ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္ကို လာေရာက္ၾကည့္႐ႈခဲ့ၿပီး အိုလံပီယာကို႔စ္လည္း အာဆင္နယ္ကို အႏိုင္ယူကာ ၁၆သင္းအဆင့္ တက္ေရာက္ႏုိင္ခဲ့သလုိ အဲဒီအဆင့္မွာ ၀ုဗ္အသင္းနဲ႔ ဆက္လက္ရင္ဆုိင္ရမွာျဖစ္ပါတယ္။
ေနာ္တင္ဟမ္အသင္းကလည္း သူတုိ႔ရဲ႕အသင္းပိုင္ရွင္ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လု႔ိ အတည္ျပဳခဲ့ၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ၀ုဗ္အသင္းကလည္း အုိလံပီယာကို႔စ္အသင္းနဲ႔ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ေရႊ႕ဆုိင္းေပးဖို႔ ေတာင္းဆိုဖြယ္ရိွေနတယ္လုိ႔ သိရပါတယ္။