ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စမ်းသပ်စစ်ဆေးခံခဲ့ရပေမယ့် အဖြေကောင်းခဲ့တဲ့ အမ်ဘက်ပီ

photo-the sun

photo-goal

ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ ဒေ့ါမန်နဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်စစ်ဆေးခံခဲ့ရပေမယ့် အဖြေကောင်းခဲ့တယ်လို့ သိရပါတယ်။ နာဖျားနေမှုကြောင့် အမ်ဘက်ပီဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်စစ်ဆေးခံရတဲ့ ပထမဆုံးနာမည်ကြီးဘောလုံးသမားလည်း ဖြစ်ပါလိမ့်မယ်။ အဲဒီပီအက်စ်ဂျီကြယ်ပွင့်ဟာ လည်ချောင်းနာပြီး ကိုယ်ပူနေတာကြောင့် အသင်းရဲ့လေ့ကျင့်ရေးခန်းအစီအစဉ်ကို ၂ ရက်တိုင် လွဲချော်ခဲ့ရပါတယ်။

photo-gettyimages

အဲဒီလိုအခြေအနေကြောင့် အမ်ဘက်ပီကို ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စမ်းသပ်စစ်ဆေးခဲ့တာဖြစ်မှာပါ။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ပီအက်စ်ဂျီအသင်းဘက်က ဘာမှပြောဆိုတာ မရှိသေးပါဘူး။  ဒီအတွက်ကြောင့်လည်း အခုရာသီပြိုင်ပွဲအရပ်ရပ် ၃၂ ပွဲမှာ ဂိုး ၃၀ သွင်းယူထားတဲ့အမ်ဘက်ပီဟာ ဒေ့ါမန်နဲ့ဒုတိယအကျော့အတွက် မသေချာဖြစ်နေပြီး ပီအက်စ်ဂျီနည်းပြတူချယ်ကတော့ ကစားနိုင်ခြင်းရှိ၊ရှိ စစ်ဆေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

photo-gettyimages

”အမ်ဘက်ပီဟာ ဖျားနေတာပါ။ မနေ့ကရော ဒီနေ့ရောပေါ့။ အခုတော့ သူနဲ့အတူ အပေါ့စားလေ့ကျင့်ခန်းလေးလုပ်ဖို့ ကျွန်တေ်ာတို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူ ကျွန်တော်တို့နဲ့ မလေ့ကျင့်နိုင်ခဲ့တာ ၂ ရက်ရှိနေပါပြီ။ သူကစားနိုင်ခြင်း ရှိမရှိကို ကျွန်တော်တို့စောင့်ဆိုင်းပြီး ဆုံးဖြတ်သွားမှာပါ”လို့ ပီအက်စ်ဂျီနည်းပြတူချယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ရွိ၊မရွိ စမ္းသပ္စစ္ေဆးခံခဲ့ရေပမယ့္ အေျဖေကာင္းခဲ့တဲ့ အမ္ဘက္ပီ

ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီဟာ ေဒ့ါမန္နဲ႔ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့မတိုင္ခင္ ကိုရိုနာဗုိင္းရပ္စ္အတြက္ စမ္းသပ္စစ္ေဆးခံခဲ့ရေပမယ့္ အေျဖေကာင္းခဲ့တယ္လုိ႔ သိရပါတယ္။ နာဖ်ားေနမႈေၾကာင့္ အမ္ဘက္ပီဟာ ကိုရိုနာဗုိင္းရပ္စ္အတြက္ စမ္းသပ္စစ္ေဆးခံရတဲ့ ပထမဆုံးနာမည္ႀကီးေဘာလုံးသမားလည္း ျဖစ္ပါလိမ့္မယ္။ အဲဒီပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ လည္ေခ်ာင္းနာၿပီး ကိုယ္ပူေနတာေၾကာင့္ အသင္းရဲ႕ေလ့က်င့္ေရးခန္းအစီအစဥ္ကို ၂ ရက္တိုင္ လြဲေခ်ာ္ခဲ့ရပါတယ္။

အဲဒီလိုအေျခအေနေၾကာင့္ အမ္ဘက္ပီကို ကိုရိုနာဗိုင္းရပ္စ္ရွိ၊မရွိ စမ္းသပ္စစ္ေဆးခဲ့တာျဖစ္မွာပါ။ အဲဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ပီအက္စ္ဂ်ီအသင္းဘက္က ဘာမွေျပာဆိုတာ မရွိေသးပါဘူး။  ဒီအတြက္ေၾကာင့္လည္း အခုရာသီၿပိဳင္ပြဲအရပ္ရပ္ ၃၂ ပြဲမွာ ဂိုး ၃၀ သြငး္ယူထားတဲ့အမ္ဘက္ပီဟာ ေဒ့ါမန္နဲ႔ဒုတိယအေက်ာ့အတြက္ မေသခ်ာျဖစ္ေနၿပီး ပီအက္စ္ဂ်ီနည္းျပတူခ်ယ္ကေတာ့ ကစားႏိုင္ျခင္းရွိ၊ရွိ စစ္ေဆးသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

”အမ္ဘက္ပီဟာ ဖ်ားေနတာပါ။ မေန႔ကေရာ ဒီေန႔ေရာေပါ့။ အခုေတာ့ သူနဲ႔အတူ အေပါ့စားေလ့က်င့္ခန္းေလးလုပ္ဖို႔ ကၽြန္ေတ္ာတို႔ ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ သူ ကၽြန္ေတာ္တို႔နဲ႔ မေလ့က်င့္ႏိုင္ခဲ့တာ ၂ ရက္ရွိေနပါၿပီ။ သူကစားႏိုင္ျခင္း ရွိမရွိကို ကၽြန္ေတာ္တို႔ေစာင့္ဆိုင္းၿပီး ဆုံးျဖတ္သြားမွာပါ”လို႔ ပီအက္စ္ဂ်ီနည္းျပတူခ်ယ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားသြားခဲ့ပါတယ္။