ကိုရိုနာဗိုင်းရပ်စ်မေးခွန်းကြောင့် သတင်းထောက်ကို ဒေါသထွက်သွားတဲ့ ကလော့ပ်

photo-AS

photo-usatoday

အက်သလက်တီကိုနဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မေးခွန်းမေးခံခဲ့ရတာကြောင့် သတင်းထောက်တစ်ယောက်ကို ဒေါသပေါက်ကွဲခဲ့ပါတယ်။ အန်ဖီးလ်က ချန်ပီယံလိဂ်ဒုတိယအကျော့အတွက် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေနဲ့ စကားပြောတော့ စပိန်က ဂျာနယ်လစ်တစ်ယောက်က ဘောလုံးကစားရင်းနဲ့ ကစားသမားတွေ ကူးစက်ခံရမှာကို မစိုးရိမ်ဘူးလားလို့ ကလော့ပ်ကို မေးမြန်းခဲ့တာပါ။

photo-gettyimages

အဲဒီမှာ ကလော့ပ်က”ခင်ဗျားက မက်ဒရစ်ကလား၊ မက်ဒရစ်မှာနေတယ်ဆိုရင် ခင်ဗျားရော မစိုးရိမ်ဘူးလား”လို့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီဂျာနယ်လစ်က သူဘောလုံးမကစားဘူးလို့ပြောတော့ ကလော့ပ်က”ဒါက အထူးစပါယ်ရှယ်မဟုတ်ဘူး။ ဘောလုံးကစားတယ်ဆိုတာ ပွဲတစ်ခုသာသာပဲ။ ကျွန်တော်တို့က လူ့အဖွဲ့အစည်းမဟုတ်ဘူး။ လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းပဲ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့အားလုံး စိုးရိမ်သင့်ပါတယ်။ ကျွန်တော်မကြိုက်တာက ဒီမေးခွန်းမေးဖို့အတွက် ခင်ဗျား မက်ဒရစ်ကနေ လာခဲ့တာလား။ ကျွန်တော်တို့ ဘောလုံးကစားတယ်။ အဲဒါက ကျွန်တော်တို့လုပ်ရမယ့်ဟာပါ။ ခင်ဗျားအလုပ်က သတင်းတွေပို့ဆောင်ပေးဖို့။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုမေးခွန်းတွေမေးဖို့ထက် ခင်ဗျားပိုကောင်းအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တကယ်ဒေါသထွက်ရတဲ့ အချိန်ဖြစ်နေတယ်။ ခင်ဗျားမှာမရှိတဲ့ ပြသနာကို ကျွန်တော့်မှာရှိနေတယ်လို့ ခံစားရအောင် လုပ်နေတယ်။ ကျွန်တော်တို့အားလုံးမှာ တူညီတဲ့ပြသနာရှိပါတယ်”လို့ ပြန်ပြောခဲ့တာပါ။

https://twitter.com/i/status/1237447837706674176

လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပဘောလုံးလောကကို ပြင်းပြင်းထန်ထန်ရိုက်ခတ်နေပါတယ်။ မနေ့က ဗလင်စီယာနဲ့ အတ္တလန္တာတို့ရဲ့ပွဲဟာ ပရိသတ်မပါဘဲကစားခဲ့ရသလို ဒီနေ့ည ပီအက်စ်ဂျီနဲ့ဒေါ့မန်တို့ရဲ့ပွဲဟာလည်း တံခါးပိတ်ကစားရမှာပါ။

[Zawgyi]

ကုိရိုနာဗိုင္းရပ္စ္ေမးခြန္းေၾကာင့္ သတင္းေထာက္ကို ေဒါသထြက္သြားတဲ့ ကေလာ့ပ္

အက္သလက္တီကုိနဲ႔ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ ကိုရိုနာဗုိင္းရပ္စ္နဲ႔ပတ္သက္ၿပီး ေမးခြန္းေမးခံခဲ့ရတာေၾကာင့္ သတင္းေထာက္တစ္ေယာက္ကို ေဒါသေပါက္ကြဲခဲ့ပါတယ္။ အန္ဖီးလ္က ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့အတြက္ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြနဲ႔ စကားေျပာေတာ့ စပိန္က ဂ်ာနယ္လစ္တစ္ေယာက္က ေဘာလုံးကစားရင္းနဲ႔ ကစားသမားေတြ ကူးစက္ခံရမွာကို မစိုးရိမ္ဘူးလားလို႔ ကေလာ့ပ္ကို ေမးျမန္းခဲ့တာပါ။

အဲဒီမွာ ကေလာ့ပ္က”ခင္ဗ်ားက မက္ဒရစ္ကလား၊ မက္ဒရစ္မွာေနတယ္ဆိုရင္ ခင္ဗ်ားေရာ မစိုးရိမ္ဘူးလား”လုိ႔ ျပန္လည္ေမးခြန္းထုတ္ခဲ့ပါတယ္။ အဲဒီဂ်ာနယ္လစ္က သူေဘာလုံးမကစားဘူးလို႔ေျပာေတာ့ ကေလာ့ပ္က”ဒါက အထူးစပါယ္ရွယ္မဟုတ္ဘူး။ ေဘာလုံးကစားတယ္ဆုိတာ ပြဲတစ္ခုသာသာပဲ။ ကၽြန္ေတာ္တုိ႔က လူ႔အဖြဲ႕အစည္းမဟုတ္ဘူး။ လူ႔အဖြဲ႕အစည္းရဲ႕အစိတ္အပိုင္းပဲ။ တစ္ခ်ိန္တည္းမွာ ကၽြန္ေတာ္တို႔အားလုံး စိုးရိမ္သင့္ပါတယ္။ ကၽြန္ေတာ္မႀကိဳက္တာက ဒီေမးခြန္းေမးဖို႔အတြက္ ခင္ဗ်ား မက္ဒရစ္ကေန လာခဲ့တာလား။ ကၽြန္ေတာ္တုိ႔ ေဘာလုံးကစားတယ္။ အဲဒါက ကၽြန္ေတာ္တို႔လုပ္ရမယ့္ဟာပါ။ ခင္ဗ်ားအလုပ္က သတင္းေတြပို႔ေဆာင္ေပးဖို႔။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီလိုေမးခြန္းေတြေမးဖို႔ထက္ ခင္ဗ်ားပိုေကာင္းေအာင္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္ေတာ္တကယ္ေဒါသထြက္ရတဲ့ အခ်ိန္ျဖစ္ေနတယ္။ ခင္ဗ်ားမွာမရွိတဲ့ ျပသနာကို ကၽြန္ေတာ့္မွာရွိေနတယ္လုိ႔ ခံစားရေအာင္ လုပ္ေနတယ္။ ကၽြန္ေတာ္တုိ႔အားလုံးမွာ တူညီတဲ့ျပသနာရွိပါတယ္”လုိ႔ ျပန္ေျပာခဲ့တာပါ။

ေလာေလာဆယ္မွာ ကိုရိုနာဗုိင္းရပ္စ္ဟာ ဥေရာပေဘာလုံးေလာကကို ျပင္းျပင္းထန္ထန္ရိုက္ခတ္ေနပါတယ္။ မေန႔က ဗလင္စီယာနဲ႔ အတၱလႏၱာတို႔ရဲ႕ပြဲဟာ ပရိသတ္မပါဘဲကစားခဲ့ရသလို ဒီေန႔ည ပီအက္စ္ဂ်ီနဲ႔ေဒါ့မန္တို႔ရဲ႕ပြဲဟာလည္း တံခါးပိတ္ကစားရမွာပါ။