ကိုရိုနာဗိုင်းရပ်စ်ပယောဂကြောင့် ကွင်းထဲကနေ အထုတ်ခံခဲ့ရတဲ့ ဂျပန်ပရိသတ်များ

Photo Credit

Photo Credit

ဂျပန်ဘောလုံးပရိသတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ခံစားနေရတယ်လို့ စွပ်စွဲခံခဲ့ရတာကြောင့် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ လေဗာကူဆင်ပွဲကနေ အထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ပရိသတ်တစ်ဦးက ရက်ဘူးလ်အရီနာထဲ ဘာပြဿနာမှမရှိဘဲဝင်ရောက်သွားနိုင်ခဲ့ပေမယ့် ပွဲကြည့်စင်အရောက်မှာ ပြဿနာဖြစ်ခဲ့ရတယ်လို့ လူမှုမီဒီယာမှာ ရှင်းပြသွားပါတယ်။

Photo Credit

အဲဒီမှာ လုံခြုံရေးအစောင့်တစ်ဦးက ဂျပန်ပရိသတ်တစ်ဦးဆီ ရောက်လာပြီး သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေနိုင်တယ်လို့ စွပ်စွဲကာ ကွင်းထဲကနေ ထွက်သွားဖို့ အသိပေးခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း အဲဒီဖြစ်ရပ်ကြောင်း လူမှုမီဒီယာကနေ ရေးသားခဲ့ပါတယ်။

Photo Credit

”ကိုရိုနာရဲ့ဒုက္ခပေးမှုကြောင့် ဂျပန်ဘောလုံးပရိသတ်အုပ်စုတစ်စုဟာ ပွဲစပြီး ၁၅ မိနစ်အကြာမှာ ကွင်းထဲကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ ကွင်းထဲကနေ ပြန်အထွက်မှာ ဂျာမန်သားလုံခြုံရေးတစ်ဦးက စိတ်မကောင်းပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါကလည်း တစ်ယောက်ယောက်ရဲ့အမှားကြောင့် ဖြစ်ခဲ့တာလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ အော်ဟစ်အားပေးသံတွေကြားထဲကနေ ပြန်ထွက်လာတာက ဝမ်းနည်းစရာပါ”လို့ အဲဒီပရိသတ်က ရေးသားခဲ့ပါတယ်။

Photo Credit

ဂျာမန်မီဒီယာတွေရဲ့ဖော်ပြချက်အရ ကွင်းထဲကနေ အထုတ်ခံခဲ့ရတဲ့ ဂျပန်ဘောလုံးပရိသတ်အရေအတွက်က ၂၀ ကျော်ရှိကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့လာတာဖြစ်ပြီး အာရှနိုင်ငံအများစုမှာ အဆိုးရွားဆုံးထိခိုက်ခံစားနေရပါတယ်။

Photo Credit

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားလောကမှာလည်း ထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာရပြီး နောက်ဆုံး ၂ပတ်ဆက် စီးရီးအေပွဲစဉ်အများအပြားကို ရွှေ့ဆိုင်းလိုက်ရသလို တချို့ကိုလည်း တံခါးပိတ်ကျင်းပခဲ့ရပါတယ်။

Photo Credit

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ပေယာဂေၾကာင့္ ကြင္းထဲကေန အထုတ္ခံခဲ့ရတဲ့ ဂ်ပန္ပရိသတ္မ်ား

ဂ်ပန္ေဘာလုံးပရိသတ္ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ခံစားေနရတယ္လုိ႔ စြပ္စြဲခံခဲ့ရတာေၾကာင့္ တနဂၤေႏြေန႔က ကစားခဲ့တ့ဲ လုိက္ပ္ဇစ္နဲ႔ ေလဗာကူဆင္ပြဲကေန အထုတ္ခံခ့ဲရတယ္လုိ႔ သိရပါတယ္။ ပရိသတ္တစ္ဦးက ရက္ဘူးလ္အရီနာထဲ ဘာျပႆနာမွမရွိဘဲ၀င္ေရာက္သြားႏုိင္ခဲ့ေပမယ့္ ပြဲၾကည့္စင္အေရာက္မွာ ျပႆနာျဖစ္ခ့ဲရတယ္လုိ႔ လူမႈမီဒီယာမွာ ရွင္းျပသြားပါတယ္။
အဲဒီမွာ လုံၿခံဳေရးအေစာင့္တစ္ဦးက ဂ်ပန္ပရိသတ္တစ္ဦးဆီ ေရာက္လာၿပီး သူ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေနႏိုင္တယ္လုိ႔ စြပ္စြဲကာ ကြင္းထဲကေန ထြက္သြားဖို႔ အသိေပးခဲ့ပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း အဲဒီျဖစ္ရပ္ေၾကာင္း လူမႈမီဒီယာကေန ေရးသားခဲ့ပါတယ္။
”ကို႐ိုနာရဲ႕ဒုကၡေပးမႈေၾကာင့္ ဂ်ပန္ေဘာလုံးပရိသတ္အုပ္စုတစ္စုဟာ ပြဲစၿပီး ၁၅ မိနစ္အၾကာမွာ ကြင္းထဲကေန ေမာင္းထုတ္ခံခဲ့ရပါတယ္။ ကြင္းထဲကေန ျပန္အထြက္မွာ ဂ်ာမန္သားလုံၿခံဳေရးတစ္ဦးက စိတ္မေကာင္းပါဘူးလုိ႔ ေျပာခဲ့ပါတယ္။ ဒါကလည္း တစ္ေယာက္ေယာက္ရဲ႕အမွားေၾကာင့္ ျဖစ္ခ့ဲတာလည္းမဟုတ္ပါဘူး။ ဒါေပမဲ့ ေအာ္ဟစ္အားေပးသံေတြၾကားထဲကေန ျပန္ထြက္လာတာက ၀မ္းနည္းစရာပါ”လုိ႔ အဲဒီပရိသတ္က ေရးသားခဲ့ပါတယ္။
ဂ်ာမန္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ကြင္းထဲကေန အထုတ္ခံခဲ့ရတဲ့ ဂ်ပန္ေဘာလုံးပရိသတ္အေရအတြက္က ၂၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။ ကုိ႐ိုနာဗုိင္းရပ္စ္ဟာ တ႐ုတ္ႏုိင္ငံကေန စတင္ကူးစက္ပ်ံ႕ႏွံ႔လာတာျဖစ္ၿပီး အာရွႏုိင္ငံအမ်ားစုမွာ အဆုိးရြားဆုံးထိခိုက္ခံစားေနရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အားကစားေလာကမွာလည္း ထိခိုက္ဆုံး႐ံႈးမႈေတြျဖစ္လာရၿပီး ေနာက္ဆုံး ၂ပတ္ဆက္ စီးရီးေအပဲြစဥ္အမ်ားအျပားကို ေရႊ႕ဆုိင္းလုိက္ရသလုိ တခ်ိဳ႕ကိုလည္း တံခါးပိတ္က်င္းပခဲ့ရပါတယ္။