
Photo Credit
ဘိုင်ယန်မြူးနစ်အသင်းသားတွေဖြစ်တဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာနဲ့ နောက်ခံလူ ကင်မစ်ရှ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကို စုပေါင်းတိုက်ဖျက်နိုင်ရေးအတွက် #WeKickCorona ဆိုတဲ့ Campaign တစ်ခု စတင်ဖန်တီးလိုက်ပြီး သူတို့ ယူရို ၁သန်းလှူဒါန်းခဲ့သလို နောက်ထပ်အလှူငွေတွေ ရရှိအောင်လည်း လုပ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီCampaign ကနေ လက်တလော ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကို လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Photo Credit
www.wekickcorona.com ကနေ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီရရဖို့ လာရောက်မေးမြန်းနိုင်ပြီး ဂျာမနီလက်ရွေးစင်အသင်းအဖွဲ့ဝင်တွေကလည်း ယူရို ၂.၅ သန်းလှူဒါန်းထားပြီးဖြစ်ပါတယ်။ ”ကျွန်တော်တို့အနေနဲ့ Team တစ်ခုအနေနဲ့ပဲ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ပါတယ်။ #WeKickCorona နဲ့အတူ ကျွန်တော်တို့လည်း အကူအညီတွေ ပေးသွားမှာပါ”လို့ ဂေါ်ရက်ဇ်ကာက ပြောပါတယ်။
Photo Credit
”အားလုံးအနေနဲ့ နည်းနည်းလေးကနေ လှူဒါန်းနိုင်သလို အဲဒီနည်းနည်းလေးကနေ အားလုံးပေါင်းလိုက်ရင် အများကြီးဖြစ်လာမှာပါ။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းအနေနဲ့ အတူတူရပ်တည်ပြီး တာဝန်ယူမှုအပြည့်နဲ့ တစ်ယောက်နဲ့တစ်ယောက် လက်တွဲတိုက်ဖျက်မှပဲ ဒီကပ်ဘေးကို ရင်ဆိုင်အနိုင်ယူနိုင်မှာပါ”လို့ ကင်မစ်ရှ်က ပြောပါတယ်။
Photo Credit
Zawgyi
ကို႐ိုနာဗိုင္းရပ္စ္တုိက္ဖ်က္ေရးအတြက္ Campaign ကို ယူ႐ို ၁သန္းမတည္လွဴဒါန္းၿပီး စတင္လုိက္တဲ့ ေဂၚရက္ဇ္ကာနဲ႔ ကင္မစ္ရွ္
ဘုိင္ယန္ျမဴးနစ္အသင္းသားေတြျဖစ္တဲ့ ကြင္းလယ္လူ ေဂၚရက္ဇ္ကာနဲ႔ ေနာက္ခံလူ ကင္မစ္ရွ္တုိ႔ဟာ ကို႐ိုနာဗုိင္းရပ္စ္ကို စုေပါင္းတုိက္ဖ်က္ႏိုင္ေရးအတြက္ #WeKickCorona ဆုိတဲ့ Campaign တစ္ခု စတင္ဖန္တီးလုိက္ၿပီး သူတုိ႔ ယူ႐ို ၁သန္းလွဴဒါန္းခဲ့သလုိ ေနာက္ထပ္အလွဴေငြေတြ ရရွိေအာင္လည္း လုပ္ေဆာင္မွာျဖစ္ပါတယ္။ အဲဒီCampaign ကေန လက္တေလာ ကို႐ိုနာဗုိင္းရပ္စ္ကို တုိက္ဖ်က္ေနတဲ့ လူမႈအဖြဲ႕အစည္းေတြနဲ႔ က်န္းမာေရးအဖြဲ႕အစည္းေတြကို လွဴဒါန္းႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္။
www.wekickcorona.com ကေန အဖြဲ႕အစည္းေတြအေနနဲ႔ အကူအညီရရဖုိ႔ လာေရာက္ေမးျမန္းႏိုင္ၿပီး ဂ်ာမနီလက္ေရြးစင္အသင္းအဖြဲ႕၀င္ေတြကလည္း ယူ႐ို ၂.၅ သန္းလွဴဒါန္းထားၿပီးျဖစ္ပါတယ္။ ”ကၽြန္ေတာ္တုိ႔အေနနဲ႔ Team တစ္ခုအေနနဲ႔ပဲ ကို႐ိုနာဗိုင္းရပ္စ္ကို တုိက္ဖ်က္ႏိုင္ပါတယ္။ #WeKickCorona နဲ႔အတူ ကၽြန္ေတာ္တုိ႔လည္း အကူအညီေတြ ေပးသြားမွာပါ”လုိ႔ ေဂၚရက္ဇ္ကာက ေျပာပါတယ္။
”အားလုံးအေနနဲ႔ နည္းနည္းေလးကေန လွဴဒါန္းႏိုင္သလုိ အဲဒီနည္းနည္းေလးကေန အားလုံးေပါင္းလုိက္ရင္ အမ်ားႀကီးျဖစ္လာမွာပါ။ ကၽြန္ေတာ္တုိ႔ လူမႈအဖြဲ႕အစည္းအေနနဲ႔ အတူတူရပ္တည္ၿပီး တာ၀န္ယူမႈအျပည့္နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ လက္တြဲတုိက္ဖ်က္မွပဲ ဒီကပ္ေဘးကို ရင္ဆုိင္အႏိုင္ယူႏိုင္မွာပါ”လုိ႔ ကင္မစ္ရွ္က ေျပာပါတယ္။