
photo-express
photo-mirror
ကိုရိုနာဗိုင်းရပ်စ်အတွက် စိုးရိမ်မှုတွေရှိနေတာကြောင့် မန်ယူဟာ သူတို့ရဲ့တိုက်စစ်မှုးသစ်အစ်ဟာလိုကို အသင်းလေ့ကျင့်ရေးကွင်းကနေ ပိတ်ပင်ထားတယ်လို့ အင်္ဂလန်က Daily Mirror သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ ဒါကြောင့်လည်း တရုတ်ကလပ်ရှင်ဟိုင်းရှင်ဟွာကနေ အငှားလာကစားနေတဲ့အစ်ဟာလိုဟာ မန်ချက်စတာက မတူညီတဲ့နေရာတစ်ခုမှာ personal trainer တစ်ယောက်နဲ့အတူ တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်နေရတာပါ။
photo-mirror
တရုတ်မှာ အဓိကဖြစ်ပွားနေတဲ့ အဲဒီဗိုင်းရပ်စ်ကူးစက်မှုကြောင့် အခုဆိုရင် လူ့အသက်ပေါင်း ၁၁၀၀ ကျော်ဆုံးရှုံးခဲ့ရပြီဖြစ်ပြီး ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကိစ္စတွေအတွက် မန်ယူရဲ့AON လေ့ကျင့်ရေးကွင်းနဲ့ ဝေးဝေးနေဖို့ အဲဒီတိုက်စစ်မှုးသစ်ကို ညွန်ကြားထားတာပါ။ ဒီ့အတွက်ကြောင့်လည်း အစ်ဟာလိုဟာ ပူနွေးတဲ့ရာသီဥတုရှိတဲ့ စပိန်က စခန်းသွင်းလေ့ကျင့်မှုအတွက် မန်ယူအသင်းသားတွေနဲ့အတူ လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။ အဲဒီကအပြန် ဗြိတိန်ကိုပြန်ဝင်ဖို့ ခက်နိုင်တာကြောင့်လို့တော့ သတင်းထွက်ထားပါတယ်။
photo-mirror
ဒါပေမဲ့လည်း မန်ယူဟာ ကစားသမားကို အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးအခြေစိုက်ရာဆီ ပေးမဝင်သေးဘူးလို့ အခုသတင်းထပ်ထွက်လာတာပါ။ အသက် ၃၀ အရွယ်အစ်ဟာလိုဟာ ဗြိတိန်ကနေ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ဝူဟန်ပြည်နယ်ကို သွားရောက်ခြင်းမရှိခဲ့ပေမယ့် ဝေးဝေးကနေပဲ လေ့ကျင့်ဖို့ မန်ယူက အပြင်းထန်ဆုံးညွန်ကြားထားပါတယ်။ ဒီလိုအခြေအနေမှာရှိပေမယ့်လည်း နည်းပြဆိုးလ်ရှားကတော့ လာမယ့်တနင်္လာနေ့ကစားမယ့် ချဲလ်ဆီးနဲ့ပွဲအတွက် လူစာရင်းမှာ အစ်ဟာလိုပါလိမ့်မယ်လို့ ဆိုထားပါတယ်။
[Zawgyi]
ကိုရိုနာဗုိင္းရပ္စ္စိုးရိမ္မႈေၾကာင့္ မန္ယူေလ့က်င့္ေရးကြင္းကေန ပိတ္ပင္ခံထားရတဲ့ အစ္ဟာလို
ကိုရိုနာဗုိင္းရပ္စ္အတြက္ စိုးရိမ္မႈေတြရွိေနတာေၾကာင့္ မန္ယူဟာ သူတုိ႔ရဲ႕တိုက္စစ္မႈးသစ္အစ္ဟာလိုကို အသင္းေလ့က်င့္ေရးကြင္းကေန ပိတ္ပင္ထားတယ္လို႔ အဂၤလန္က Daily Mirror သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။ ဒါေၾကာင့္လည္း တရုတ္ကလပ္ရွင္ဟိုင္းရွင္ဟြာကေန အငွားလာကစားေနတဲ့အစ္ဟာလိုဟာ မန္ခ်က္စတာက မတူညီတဲ့ေနရာတစ္ခုမွာ personal trainer တစ္ေယာက္နဲ႔အတူ တစ္ဦးတည္းေလ့က်င့္မႈျပဳလုပ္ေနရတာပါ။
တရုတ္မွာ အဓိကျဖစ္ပြားေနတဲ့ အဲဒီဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ အခုဆိုရင္ လူ႔အသက္ေပါင္း ၁၁၀၀ ေက်ာ္ဆုံးရႈံးခဲ့ရၿပီျဖစ္ၿပီး က်န္းမာေရးနဲ႔ ေဘးကင္းလုံၿခဳံေရးကိစၥေတြအတြက္ မန္ယူရဲ႕AON ေလ့က်င့္ေရးကြင္းနဲ႔ ေ၀းေ၀းေနဖို႔ အဲဒီတုိက္စစ္မႈးသစ္ကို ညြန္ၾကားထားတာပါ။ ဒီ့အတြက္ေၾကာင့္လည္း အစ္ဟာလိုဟာ ပူေႏြးတဲ့ရာသီဥတုရွိတဲ့ စပိန္က စခန္းသြင္းေလ့က်င့္မႈအတြက္ မန္ယူအသင္းသားေတြနဲ႔အတူ လိုက္ပါသြားျခင္း မရွိခဲ့ပါဘူး။ အဲဒီကအျပန္ ၿဗိတိန္ကိုျပန္၀င္ဖုိ႔ ခက္ႏိုင္တာေၾကာင့္လို႔ေတာ့ သတင္းထြက္ထားပါတယ္။
ဒါေပမဲ့လည္း မန္ယူဟာ ကစားသမားကို အသင္းရဲ႕ကာရင္တန္ေလ့က်င့္ေရးအေျခစိုက္ရာဆီ ေပးမ၀င္ေသးဘူးလို႔ အခုုသတင္းထပ္ထြက္လာတာပါ။ အသက္ ၃၀ အရြယ္အစ္ဟာလိုဟာ ၿဗိတိန္ကေန ကိုရိုနာဗုိင္းရပ္စ္စတင္ျဖစ္ပြားတဲ့၀ူဟန္ျပည္နယ္ကို သြားေရာက္ျခင္းမရိွခဲ့ေပမယ့္ ေ၀းေ၀းကေနပဲ ေလ့က်င့္ဖို႔ မန္ယူက အျပင္းထန္ဆုံးညြန္ၾကားထားပါတယ္။ ဒီလိုအေျခအေနမွာရွိေပမယ့္လည္း နည္းျပဆုိးလ္ရွားကေတာ့ လာမယ့္တနလၤာေန႔ကစားမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ လူစာရင္းမွာ အစ္ဟာလိုပါလိမ့္မယ္လုိ႔ ဆိုထားပါတယ္။